Salai Lal San Thar
ကျွန်တော့နာမည်က Lal San Thar ဖြစ်ပါတယ်။
ဆာလံ ၁၂း၈ မှာ “ငါ့ကို တောင်းလော့။ လူအမျိုးမျိုးတို့ကို သင်၏အမွေဥစ္စာဖို့ ငါပေးမည်” ဆိုတဲ့အတိုင်း ကျွန်တော်သည် ဆယ်တန်းတုန်းက ဘုရားသခင်ထံ ပိုမိုဆုတောင်းခဲ့ပါတယ်။
ကျွန်တော်ဆုတောင်းလို့ အဖြေလည်းရခဲ့တယ်။ ကျွန်တော်ဆုတောင်းလို့ရတဲ့အရာတွေထဲက အကောင်းဆုံးတစ်ခုကတော့ ဘုရားသခင်က ကျွန်တော့်ကို ဆယ်တန်းအောင်ခွင့်ပေးခဲ့တယ်။
၂၀၂၀ ခုနှစ်မှာ ကျွန်တော့်အတွက် အကောင်းလည်းရှိသလို အဆိုးလည်းရှိပါသည်။
အကောင်းဘက်ကကြည့်လျှင် ဘုရားသခင်က ကျွန်တော့် ငယ်ဘဝကနေ ယခု ၁၈ နှစ်အရွယ်ထိ ကောင်းကောင်းမွန်မွန် အသက်ရှင်ခွင့်ပေးတယ်။
ဒီနှစ်ဟာ Covid 19 ရောဂါအခြေအနေကြောင့် အပြင်ထွက်ခွင့်မရှိပေမဲ့ မိသားစု စုံစုံလင်လင်နဲ့ အိမ်မှာ ပျော်ပျော်ပါးပါး နေခွင့်ရတယ်၊ ကျမ်းစာ အတူတူဖတ်ခြင်းအားဖြင့် ဘုရားသခင်ကို ပိုသိလာတယ်ပြီး ပိုလည်း ချစ်လာတယ်။ ယုံကြည်ခြင်း၌လည်း ပို တိုးတက်လာတယ်။
အဆိုးဘက်ကတော့ ဒီရောဂါကြောင့် လူတွေအများကြီးသေတာနှင့် ဘုရားကျောင်းမဖွင့်နိုင်တာ စိတ်မကောင်းဘူး။
ဘုရားကျောင်းမှာ Power Point ထိန်းခြင်းအားဖြင့် ပါဝင်ချင်ပါတယ်။