Bethany Independent Presbyterian Church

Myanmar

2020 Youth Reflection

2020 Youth Reflection

 

Cung Lian Mang

 

ကျွန်တော့်နာမည်သည် ဆလိုင်း ကျုံးလျံမန်း လို့ခေါ်ပါသည်။ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် စက်မှုဘာသာရပ်ဖြင့် နောက်ဆုံးနှစ်အတန်းကို နည်းပညာတက္ကသိုလ်(မှော်ဘီ)တွင် သင်ယူနေဆဲဖြစ်ပါသည်။ အသင်းတော်တွင်လည်း ကျရာကဏ္ဍ၌ အစွမ်းကုန်ပါဝင်နေပါသည်။

ကျွန်တော်သည် ဘယ်အချိန်မှာ အသက်တာပြောင်းလဲခဲ့တယ်ဆိုတာ မမှတ်မိပေမယ့် ရှင်မဿဲ ၁၁:၂၈ က ကျွန်ုပ်စိတ်နှလုံးကို တို့ထိတဲ့ ပထမဆုံး ကျမ်းပိုဒ်ဖြစ်ပါသည်။ အခုချိန်မှာတော့ ဘုရားရဲ့ကောင်းမြတ်ခြင်းကို တစ်နေ့ပြီးတစ်နေ့ ပိုသိရသည့်အတွက် အရင်က ဘုရားသခင်ကို သိရုံပဲသိပြီး မကိုးစားတဲ့ဘဝကို ဘယ်တော့မှ ပြန်မသွားချင်တော့ပါဘူး။

ကျွန်တော့်အသက်တာမှာ ဒီနှစ်အတွင်း ပြောင်းလဲတိုးတက်လာတဲ့အရာကတော့ တစ်ကြိမ်မှားမိသောအရာကို နောက်ထပ်မမှားဖို့ ကြိုးစားဆင်ခြင်တတ်လာပါတယ်။ ကိုယ့်ကိုယ်ကို အားမရသေးသည့်အချက်ကတော့ ဒီနှစ် နှစ်စက ဘုရားသခင်ဆီ ဆုတောင်းခြင်း၊ကျမ်းစာဖတ်ခြင်းတွင် အချိန်ပေးမယ်ဆိုထားသည့်အရာမှာ တိုးတက်မှု နဲနေတယ်လို့ ခံစားရပါတယ်။

ကျွန်တော်က အသင်းတော်မှာ music ပိုင်းတွင် မကျွမ်းကျင်တဲ့အတွက်ကြောင့် မပါဝင်နိုင်ပေမယ့် ပစ္စည်းများသိမ်းခြင်း၊ ဘုရားကျောင်းသန့်ရှင်းရေးလုပ်ခြင်းနှင့် ဧည့်ကြိုခြင်း စသည့်ကဏ္ဍတွေမှာ ပါဝင်ချင်ပါတယ်။