Bethany Independent Presbyterian Church

Myanmar

ငါချစ်ရာသခင်သည် ငါ့ကို ဆိုင်တော်မူ၏

ငါချစ်ရာသခင်သည် ငါ့ကို ဆိုင်တော်မူ၏

 

ကိုးလလွယ်…ဆယ်လဖွား
အမိရဲ့စွမ်းအားနဲ့အတူ
ကိုယ်စွမ်း ဉာဏ်စွမ်း
ရှိသမျှ အစွမ်းတွေထုတ်
ကြိုးစားလို့ လုပ်အားပြ
ရှေ့ဆောင်လို့သွားကြတဲ့
ဖခင်များရဲ့အစွမ်း
အံ့မခန်းပါပဲ။

 

အမေ့လို….
မျက်ရည်မထွက်ပေမယ့်
ချွေးစက်စက်ကျခဲ့ရတယ်။
သားချော့တဲ့တေး – မသီကြွေးရပေမယ့်
လူတွေရဲ့ကြား – ခါးသီးမှုတွေ မျိုသိပ်ခဲ့ရတယ်။
ထမင်းဟင်းချက် – ခွံ့မကျွေးခဲ့ရပေမယ့်
ဒီထမင်းဟင်း – အဆင်သင့်ဖြစ်ဖို့
နေပူမိုးရွာ – လှုပ်ရှားခဲ့ရတယ်။

အိမ်တွင်းမှာလျှော်ဖွပ် – အိမ်မှုတွေမပြုရပေမယ့်
ပူပြင်းတဲ့နေရောင်အောက် – ကျောပြင်ကို တောင့်တင်းပြီး
လောကဓံကိုရင်ဆိုင် – မိသားစုတွက်ယှဉ်ပြိုင်ရင်း
ဖိနပ်ပါးအောင်လျှောက်ခဲ့ရတယ်။

 

ဒီတော့ –
အဖေ့အတွက်….
အမေ့ရဲ့တွဲလက်ဆက်နေပါမှ –
အမောလည်းပြေ – အားမာန်တွေပြည့်
ရှေ့ဆက်မယ့်လမ်း – ဘယ်လောက်ကြမ်းစေ

 

အဖေ….
ပျော်မှာသေချာတယ်။