Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ

ပတ်စဉ်သင်းအုပ်ပေးစာ

 

ပတ်စဉ်သင်းအုပ်ပေးစာ                                                                                                                        ၂၀၂၀ ခုနှစ် မတ်လ (၁) ရက်

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
၁း၈ ထို့ကြောင့်၊ ငါတို့သခင်ဘုရား၏ သက်သေကို၎င်း၊ ထိုသခင်ကြောင့် အကျဉ်းခံရသောသူဖြစ်သော ငါကို၎င်း ရှက်ကြောက်ခြင်းမရှိနှင့်။ ဘုရားသခင်ပေးတော်မူသော တန်ခိုးကိုရသည်အတိုင်း ဧဝံဂေလိတရားနှင့်ဆက်ဆံ၍ ဆင်းရဲဒုက္ခကိုခံလော့။-
၂တိ ၁း၈

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ကျင့်သုံးခြင်း
၁။ ပေါလုသည် ပေါင်းသင်းဆက်ဆံခြင်း အကြောင်း ရေးဖွဲ့သည်။
က။ သခင်ယေရှုခရစ်တော်နှင့် ပေါင်းသင်းဆက်ဆံခြင်း
(၁) ယုံကြည်ခြင်းအားဖြင့် ခရစ်တော်နှင့်သာ ပတ်သက်ဆက်ဆံရန်၊
(၂) ခရစ်တော်၏ တပည့်များဖြစ်ကြောင်း အများရှေ့သက်သေထူရန်၊
(၃) တစ်ရာစုခေတ်၌ ထိုသို့ အများပြည်သူရှေ့ ခရစ်တော်ကို ဝန်ခံခြင်းသည် ညှင်းပန်းနှိပ်စက်ခြင်းအကြောင်းဖြစ်လေ့ရှိသည်။
(၅) ခရစ်တော်ကို (ယုံကြည်သည်ဟု) အမှန်ဝန်ခံခြင်းကြောင့် များစွာသောဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ခ။ တမန်တော်ပေါလုနှင့် ပေါင်းသင်းဆက်ဆံခြင်း
(၁) ပေါလုသည် သူ့ရန်သူများက အလွန်တရာမှ မုန်းကြသည်။
(၂) ပေါလု၏ ရန်သူများသည် သူ့ုကို လုပ်ကြံရန် ကြံစည်ခဲ့ကြသည်။
(၃) သူတို့သည် ပေါလု၏ နာမည်ကို ဖျက်၍ ဆန့်ကျင်ခဲ့ကြသည်။
(၄) ပေါလုနှင့်ပတ်သက်နေသောသူတို့အပေါ်၌လည်း အလားဒုက္ခများ
ရောက်ရှိလာနိုင်သည်။

၂။ စိန်ခေါ်ချက်မှာ ဤပေါင်းသင်းဆက်ဆံခြင်းကို မရှက်မကြောက်ရန် ဖြစ်သည်။
က။ သူတပါးတို့သည် အကျွနု်ပ်တို့ကို ဆန့်ကျင်ကြလိမ့်မည်။
ခ။ မမှန်ကန်သောအရာတို့ကို မှန်ကန်သကဲ့သို့ လိမ်ညာ၍ ပြောကြလိမ့်မည်။
ဂ။ စိန်ခေါ်ချက်မှာ မရှက်မကြောက်ဘဲ ရပ်တည်ရမည်သာ ဖြစ်သည်။
(၁) ခရစ်တော်နှင်စပ်ဆိုင်ကြောင်းကိုလည်းကောင်း၊
(၂) ပေါလုနှင့် ပေါင်းသင်းဆက်ဆံကြောင်းကို လည်းကောင်း၊ လုံး၀
မရှက်မကြောက်သင့်ပေ။
(၃) အမှန်တရားအတွက်ရပ်တည်သောအခါ မည်သည့်အရာမျှ
လုံးဝမကြောက်သင့်ချေ။

၃။ ဒုက္ခဆင်းရဲခြင်းအတွက် ပြင်ဆင်ခြင်းသည်လည်း စိန်ခေါ်ချက် ဖြစ်သည်။
က။ တခါတရံ ဆင်းရဲခြင်းဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ရလိမ့်မည်။
ခ။ ထိုဒုက္ခဆင်းရဲသည် အထူးသဖြင့် ဘုရားသခင်၏ ဧဝံဂေလိတရားတော်နှင့်
သက်ဆိုင်နေရမည်။
ဂ။ ထိုဆင်းရဲဒုက္ခမျိုးကို ခံနိုင်ရည်ရှိရှိ ရင်ဆိုင်ဖို့ ပြင်ဆင်ကြစို့။
၄။ ဘုရားသခင်၏ဘုန်းတန်ခိုးတော်
က။ ဘုရားသခင်သည် အခွင့်နှင့်တန်ခိုးကို ပေးသနားလိမ့်မည်။
ခ။ ဒုက္ခဆင်းရဲခြင်း ခံနိုင်ရန် ဘုရားသခင်သည် အကျွန်ုပ်တို့ကို မစတော်မူလိမ့်မည်။

၂၀၂၀ ခုနှစ် မတ်လနှင့် ဧပြီလများအတွက် တရားဟောချက်များ
၁။ ရှင်ပြန်ထမြောက်ခြင်းကို အဓိကဦးတည်သော တရားဒေသနာများ ဖြစ်ကြသည်။
၂။ သခင်ခရစ်တော်သည် ဒုက္ခဆင်းရဲခံရာ၌ အကျွနု်ပ်တို့၏ စံနမူနာဖြစ်သည်။
က။ ဆင်းရဲခြင်းဝေဒနာကို မကြောက်ပါ။
ခ။ ရွေးကောက်ခြင်းခံသောသူတို့အဖို့ များစွာသော ဆင်းရဲခြင်းဝေဒနာကို
ရင်ဆိုင်ခဲ့သည်။
ဂ။ ဘုရားသခင်ပေးသနားတော်မူသော တန်ခိုးအားဖြင့်
ဒုက္ခဆင်းရဲခြင်းကိုလည်း အဆုံးထိ ရင်ဆိုင်နိုင်ခဲ့သည်။
၃။ ခရစ်တော်နှင့်အတူ ပို၍ လေးနက်စွာ ပေါင်းသင်းဆက်ဆံနိုင်ရန် သင်ယူကြစို့။
က။ နှုလုံးသားမှ ယုံကြည်ခြင်းအပြည့်နှင့် ဆင်းရဲခြင်းဒုက္ခဝေဒနာကို ရင်ဆိုင်ကြစို့။
ခ။ အမှန်တရားဘက်၌ ရပ်တည်ခြင်းဖြင့် သခင်ဘုရားအဖို့ ကောင်းသော သက်သေ
ခံကြစို့။