Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀၊ သြဂုတ်လ (၂၄)

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀၊ သြဂုတ်လ (၂၄)

 

ကျမ်းချက်၊ ဆာလံ ၁၈

ညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၄ သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်းမိ၍၊ ဖျက်ဆီးတတ်သော ရေစီးခြင်းကြောင့် ငါကြောက်လန့်
ရ၏။ ၅ မရဏာနိုင်ငံ၏ ကြိုးတို့သည်ဝိုင်း၍၊ သေမင်း၏ကျော့ကွင်းသည်ငါ့ကိုကျော့မိလျက်ရှိ၏။
၆ ထိုသို့ငါသည် ဆင်းရဲဲငြိုငြင်သောအခါ ထာဝရဘုရားကိုခေါ်၍၊ ငါ၏ဘုရားသခင်ကိုအော်ဟစ်
လေ၏။ ခေါ်သောအသံကို ဗိမာန်တော်ထဲမှာကြားတော်မူ၍၊ အော်ဟစ်သောအသံသည်နား
တော်ထဲသို့ ဝင်လေ၏။

ဆာလံ ၁၈း ၄-၅

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ မတရားသောသူများ၏ လျှံတက်ခြင်း
က။ ရန်သူများကို ဆိုလိုခြင်းဖြစ်သည်။
ခ။ ထိုသူတို့သည် အစုလိုက်၊ အဖွဲ့လိုက်ဖြစ်ကြသည်။
ဂ။ ထိုသူတို့၏ ဆန့်ကျင်၊ တိုက်ခိုက်ခြင်းသည် လျှံတက်သောရေနှင့် နှိုင်းယှဉ်ထားသည်။

၂။ သေခြင်းတရားကို ရင်ဆိုင်တော့မည်ဟု ခံစားခြင်း
က။ နာကျင်မှုဝေဒနာများ ခံစားရသည်။
(၁) စိတ်ခံစားချက်ဆိုင်ရာ ဝေဒနာ
(၂) ဤခံစားချက်သည် အလွန်နာကျင်သောဝေဒနာဖြစ်သည်။
(၃) ဤနာကျင်သော စိတ်ခံစားချက်များနှင့်ပြည့်နေသည်။
ခ။ သေခြင်းတရားကို နှိုင်းယှဉ်ခြင်း
(၁) ကျော့ကွင်းနှင့် နှိုင်းယှဉ်သည်။
(၂) ဤခံစားချက်သည် အလွန်ဝမ်းနည်းပူဆွေးစေသည်။
(၃) ဤခံစားချက်သည် စိုးရိမ်ပူပန်မှုများသက်ရောက်စေသည်။
ဂ။ ကြောက်ရွံ့ခြင်း
(၁) ဤခံစားချက်သည် အားကြီးစွာ လက်တွေ့ခံစားရတတ်သည်။
(၂) စိတ်နှလုံးသည် ကြောက်ရွံ့တုန်လှုပ်ခြောက်ခြားလာသည်။
(၃) ကြောက်လန့်သောစိတ်သည် စိတ်နှလုံးနှင့် အတွေးများကို ရှုပ်ထွေးစေသည်။

၃။ စိတ်ဖိစီးမှုများကို ခံစားရခြင်း
က။ စိတ်ဖိစီးမှုများသည် ဆာလံဆရာကိုဆုတောင်းစေသည်။
ခ။ စိတ်ဖိစီးမှုကြောင့် ဆုတောင်းခြင်းသည် မျော်လင့်ခြင်းအလွန်မဲ့တတ်သည်။
ဂ။ စိတ်ဖိစီးမှုကြောင့် ဆုတောင်းခြင်းသည် အလျင်စလိုဆုတောင်းခြင်းဖြစ်တတ်သည်။

၄။ ဘုရားသခင်လက်ခံသော ဆုတောင်းခြင်းများ
က။ ဆာလံဆရာ၏ ဆုတောင်းချက်များကို ဘုရားသခင်နားညောင်းပေးသည်။
ခ။ ဗိမာန်တော်ထဲမှ သူ၏ငိုကြွေးခြင်းများကို ဘုရားသခင်သည် နားညောင်းပေးသည်။
ဂ။ နားတော်သို့ အကယ်စင်စစ် ဖြောင့်ဖြောင့်တန်းတန်းဝင်လာသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ လူ့ဘဝ၌ အခက်အခဲ၊ ပြသနာသည် အစဉ်ရှိနေမည်။
က။ ကြောက်ရွံ့တုန်လှုပ်ခြင်းသက်ရောက်စေနိုင်သည်။
ခ။ ပြသနာများသည် ဖြေရှင်းရမည့် ပုစ္ဆာများဖြစ်သည်။

၂။ ဆုတောင်းခြင်း
က။ အာရုံစိုက် တောင်းလျှောက်ရမည်ဖြစ်သည်။
ခ။ အတွင်းနှလုံးသားထဲမှ ထွက်လာသော ဆုတောင်းခြင်းသည် အကောင်းဆုံးဖြစ်သည်။

ဤကဲ့သို့သော ဆုတောင်းခြင်းကို ဘုရားသခင်နှစ်သက်၍ နားညောင်းပေးသည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]