Bethany Independent Presbyterian Church

Myanmar

အပတ်စဉ် သင်းအုပ်ပေးစာ စက်တင်ဘာ (၂၈)၊ ၂၀၂၀

အပတ်စဉ် သင်းအုပ်ပေးစာ စက်တင်ဘာ (၂၈)၊ ၂၀၂၀

 

ကျမ်းချက်၊ ဆာလံ ၁၈
ညီအစ်ကိုတို့၊

ဆင်ခြင်နှုလုံးသွင်းခြင်း၊
၂၅ သနားတတ်သောသူအား ကိုယ်တော်သည် သနားခြင်းသဘောကို၎င်း၊ ဖြောင့်မတ်သောသူ
အားဖြောင့်မတ်ခြင်းသဘောကို၎င်း၊ ၂၆ သန့်ရှင်းသောသူအား သန့်ရှင်းသောသဘောကို၎င်း၊
ဆန့်ကျင်သောသူအား ဆန့်ကျင်သောသဘောကို၎င်း ပြတော်မူ၏။ ၂၇ နှိမ့်ချလျက်ရှိသောသူ
တို့ကို ကိုယ်သေည်ကယ်တင်၍ ထောင်လွှားသော မျက်နှာကိုမူကား ရှုတ်ချတော်မူ၏။
ဆာလံ ၁၈း ၂၅-၂၇

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ အရေးပါသော သမ္မာတရား၏ စစ်မှန်သောနည်းစနစ်များ
က) သနားခြင်းဂရုဏာရှိသောသူများ
ထိုသူတို့သည် ဘုရားသခင်၏ဂရုဏာထားခြင်းကိုခံရမည်။
ခ) အပြစ်တင်စရာမရှိသောသူများ
ဘုရားသခင်သည် အပြစ်တင်စရာမရှိသောဘုရားဖြစ်သည်ကို ထိုသူတို့အားပြတော်မူမည်။
ဂ) သန့်ရှင်းစင်ကြယ်သောသူများ (နှိုင်းယှဉ်သောသဘော)
ဘုရားသခင်သည် သန့်ရှင်းသောဘုရားဖြစ်သည်ကို ထိုသူတို့အားပြတော်မူမည်။
(အလုံးစုံသန့်ရှင်းခြင်း)
ယ) ကောက်ကျစ်စင်းလဲသောသူများ
ဘုရားသခင်သည် လိမ္မာ၍ တရားသောဘုရားဖြစ်သည်ကို ထိုသူတို့အားပြတော်မူမည်။

၂။ မဂ်လာတရားတော်များ၏ အရင်းအမြစ်
က) ဤသွန်သင်ခြင်းများသည် ခရစ်တော်သွန်သင်ပေးသော မဂ်လာတရားတော်များ၏
အရင်းအမြစ်ဖြစ်သည်။ (မသဲ ၅း ၃-၁၂)
ခ) ဤတရားများသည် ထာဝရမှန်သောတရားဖြစ်သည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အမှန်တရား၏ အခြေခံဥပဒေသများ
က) ဤအမှန်တရားများကို သေသေချာချာနားလည်ထားရမည်။
ခ) ဤတရားများကို အသက်တာတွင် လက်တွေ့ဆင်ခြင်ရမည်။
ဂ) ဤတရားများကို အသက်တာနှင့်အမှုတော်မြတ်တွင် လက်တွေ့ကျင့်သုံးရမည်။

၂။ ဘုရားသခင်၏ ကောင်းကြီးမဂ်လာ
က) ရုပ်ပိုင်းဆိုင်ရာ ကောင်းကြီးမဂ်လာများရှိသည်။
ခ) ဝိညာည်ရေးဆိုင်ရာ ကောင်းကြီးမဂ်လာများလည်းရှိသည်။
ဂ) ကောင်းကြီးမဂ်လာနှစ်ခုစလုံးဟာ အသက်တာ၌အရေးကြီးသလို တန်ဖိုးထားတတ်ရလည်း လိုအပ်သည်။

 

ဘုရားသခင်၏ အစေခံများရဲ့အသက်တာ
၁။ စစ်မှန်သော နည်းဥပဒေသများသည် အလွန်အရေးကြီးသည်။
၂။ ထိုနည်းဥပဒေသများသည် ဘာအကျိုးကျေးဇူးပြုမည်နည်း။
က) အကျင့်စာရိတ္တကိုတည်ဆောက်ပေးသည်။
ခ) လူတစ်ဦး၏ အရည်အသွေးကိုတည်ဆောက်ပေးသည်။
ဂ) မိုက်မဲစွာ အပြစ်ကျိုးလွန်ခြင်းမှ ကာကွယ်ပေးမည်။

 

အမှုတော်မြတ်၌ ဘေးအန္ဒရာယ်များ
၁။ အချို့သောသူများသည် အမှုတော်မြတ်တွင် ကောင်းမွန်စွာအစပြုကြသည်။
၂။ သို့သော်လည်း အချို့သောသူများသည် ကောင်းမွန်စွာအဆုံးမသတ်နိုင်ကြပါ။
၃။ အောက်တွင် ဖော်ပြသော ပြသနာများကို ခံစားခဲ့ကြသည်။
က) ကိုယ်ကျင့်တရား၌ ကျရှုံးကြသည်။
ခ) ဤအရာသည် အမှုတော်မြတ်၌ ကျရှုံးခြင်းသို့ ဦးတည်စေသည်။
ဂ) နောက်ဆုံး လူသားတစ်ဦးအား ကျရှုံးခြင်းဖြင့် ဘဝနိရုံးချုပ်စေသည်။

အထူးသတိပြုကြရအောင်။
နှုတ်ကပတ်တော်အားဖြင့် အသိတရားရှိသောသူများဖြစ်ကြရအောင်။
ဘဝရဲ့ မှန်ကန်သော နည်းဥပဒေသများကို ရှာ၍ ကျင့်သုံးသောသူများဖြစ်ကြရအောင်။

 

ဆုတောင်းလျှက်
ပါစတာ ချာလ်စ်တန်

To Contact : [email protected]