Bethany Independent Presbyterian Church

Myanmar

ဘီထီအစ် သင်းအုပ်ပေးစာ ၂၀၂၀၊ ဒီဇင်ဘာလ (၁၄)

ဘီထီအစ် သင်းအုပ်ပေးစာ ၂၀၂၀၊ ဒီဇင်ဘာလ (၁၄)

 

ကျမ်းချက်။ ။ဆာလံ ၂၀

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း၊

၄၊ ကိုယ်တော်၏ စိတ်အလိုရှိသည်အတိုင်း ပေး သနား၍၊ အကြံအစည်တော်ရှိသမျှတို့ကို ပြည့်စုံစေခြင်းငှါ ပြုတော်မူပါစေသော။          ၅၊ ကိုယ်တော်၏ ကယ်တင်ခြင်းကြောင့် အကျွန်ုပ် တို့သည် ဝမ်းမြောက်၍၊ အကျွန်ုပ်တို့ ဘုရားသခင်၏ အခွင့်နှင့် အလံကို ထူကြလိမ့်မည်။ ၆၊ ထာဝရဘုရားသည် ကိုယ်တော်ဆုတောင်းသမျှအတိုင်း ကျေးဇူးပြု တော်မူပါ စေသော။ ထာဝရဘုရားပေးတော်မူ၍ ဘိသိက်ခံသောသူ အား၊ ကယ်တင်တော်မူကြောင်းကို၎င်း၊ လက်ျာလက်တော် ကယ်တင်ခြင်း အစွန်းနှင့် ထိုသူ၏ စကားကိုသန့်ရှင်း သော ကောင်းကင်ပေါ်မှာ နားထောင်တော်မူကြောင်းကို၎င်း ယခုငါသိ၏။

(ဆာလံ ၂၀း၄-၆)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဘုရားသခင်ထံတော်သို့ ဆုတောင်းချက်များ

က။ အကျွန်ုပ်တို့၏ စိတ်အလို
ခ။ အကျွန်ုပ်တို့၏ ရည်ရွယ်ချက်
ဂ။ အကျွန်ုပ်တို့၏ အသနားခံချက်များ

ဤအရာများကို ဘုရားသခင်ထံသို့ ယူဆောင်ကြရမည်။

၂။ ဘုရားသခင်၏ တုံ့ပြန်ချက်များ

က။ ဘုရားသခင်၏ အလိုတော် အရသာ ဖြစ်လိမ့်မည်။
ခ။ အကျွန်ုပ်တို့သည် ဘုရားသခင်ကို ကိုးစား၍ ဆုတောင်းနေရမည်။

၃။ ဘုရားသခင်သည် ဆုတောင်းချက်များကို အဖြေပေးသည်။

က။ ဘုရားသခင်သည် ကယ်တင်ခြင်း (မစ၍ လွှတ်မြောက်စေခြင်း) ကို ပေးသနားတော်မူသည်။
ခ။ ဘုရားသခင်သည် သူဘိသိက်သောသူကို ကယ်တင်လိမ့်မည်။
ဂ။ ဘုရားသခင်သည် လက်ျာလက်တော် ကယ်တင်ခြင်း အစွန်းကို ပြလိမ့်မည်။

၄။ ကျိန်းသေခြင်းနှင့် ဝမ်းမြောက်ခြင်း

က။ ဝမ်းမြောက်ရမည်အကြောင်း ရှိသည်။
ခ။ အောင်လံကို ထူရကြလိမ့်မည်။ ထူထားသော အောင်လံသည်

(၁) လူတို့ကို စုစည်းသည်။
(၂) လူတို့ကို မျှော်လင့်ခြင်းပေးသည်။
(၃) လူတို့ကို ဝမ်းမြောက်စေသည်။

 

အသက်တာနှင့်အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဆုတောင်းသောအသက်တာကို တည်ဆောက်ခြင်း

က။ ကြိုးစားရှာဖွေရမည့် အရာဖြစ်သည်။
ခ။ အောက်ပါအတိုင်း ဆုတောင်းတတ်မည်အကြောင်း သင်ယူရမည်။

(၁) ဇွဲလုံးလအပြည့်နှင့်ဆုတောင်းခြင်း၊
(၂) ခွန်အားကြီးသော ယုံကြည်ခြင်းနှင့် ဆုတောင်းခြင်း၊
(၃) လေးနက်စွာ ကိုးစားခြင်းနှင့် ဆုတောင်းခြင်း၊

၂။ အချင်းချင်း ဆုတောင်းပေးခြင်းငှါ တိုက်တွန်းခြင်း

က။ ကျမ်းစာကျောင်းသားများ အချင်းချင်းအဖြစ်
ခ။ ငယ်ရွယ်စဉ်၌ ဆုတောင်းသောအသက်တာကို တည်ဆောက်ပါ။
ဂ။ အမှုတော်မြတ်၌ များစွာ အကျိုးပေးလိမ့်မည်။

၃။ ခွန်အားယူခြင်း

က။ သမ္မာကျမ်းစာကို ဖတ်၍ သွန်သင်ခံကြလော့။
ခ။ ဘုရားသခင်သည် ဆုတောင်းချက်များကို အဖြေပေးသည်ကို ကြည့်ရှုကြလော့။
ဂ။ ဆုတောင်းရန် အချိန်ပေး စုစည်းကြလော့။ အသက်တာ၌ များစွာ အကျိုးပေးလိမ့်မည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]