Bethany Independent Presbyterian Church

Myanmar

ဘီထီအစ် သင်းအုပ်ပေးစာ ၂၀၂၀၊ နိုဝင်ဘာလ (၃၀)

ဘီထီအစ် သင်းအုပ်ပေးစာ ၂၀၂၀၊ နိုဝင်ဘာလ (၃၀)

 

ကျမ်းချက်။ ။ဆာလံ ၁၉

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
12 မိမိမှားယွင်းခြင်းကို အဘယ်သူသည် နားလည် နိုင်သနည်း။ မထင်ရှားသော ဒုစရိုက်အပြစ်နှင့် အကျွန်ုပ် ကို ကင်းစင်စေ၍၊13 ရဲရင့်သော ဒုစရိုက်ကိုလည်း ကိုယ်တော်၏ ကျွန် သည် မပြုရမည်အကြောင်း ဆီးတားတော်မူပါ။ ဒုစရိုက် အပြစ်သည် အကျွန်ုပ်ကို အစိုးမရပါစေနှင့်။ ထိုသို့သော အားဖြင့် အကျွန်ုပ်သည်ဖြောင့်မတ်ခြင်းရှိ၍၊ ကြီးစွာ သောပြစ်မှားခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။14 အကျွန်ုပ်ပြောသေားစကားနှင့် စိတ်နှလုံး၏ အကြံအစည်သည် ရှေ့တော်၌ နှစ်သက်ဖွယ်ဖြစ်ပါစေ သော။ အိုထာဝရဘုရားအကျွန်ုပ်၏ ကျောက်၊ အကျွန်ုပ် ကို ရွေးနှုတ်တော်မူသောဘုရား။
(ဆာလံ ၁၉း၁၂-၁၄)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဆာလံဆရာသည် မိမိကိုယ်ကို ပွင့်လင့်စွာ သုံးသပ်သည်။

က။ အမှားအယွင်းများ

၁) လူသားမှန်လျှင် အမှားရှိစမြဲ ဖြစ်သည်။
၂) မည်သို့ပင် သတိထားစေကာမူ အမှားပြုမိမည်မှာ မြေကြီးလက်ခပ် မလွှဲပင် ဖြစ်သည်။

ခ။ မထင်ရှားသော ဒုစရိုက်အပြစ်များ

၁) ပွင့်လင့်မှ ဝန်ခံနိုင်သော အပြစ်များ ဖြစ်သည်။
၂) သတ္တိရှိမှ ဝန်ခံနိုင်သော အပြစ်များ ဖြစ်သည်။

ဂ။ ရဲရင့်သော ဒုစရိုက်

၁) ထင်ရာစိုင်းသောကြောင့် ပြုမိသော အပြစ်များ၊
၂) မှန်သည်ဟု ထင်မြင်လျှက် ပြုမိသောအပြစ်များ၊ ဖြစ်သည်။
၃) ဤအပြစ်များသည်လည်း အလွန်အန္ဒာရာယ်ကြီးလှပေသည်။

၂။ အပြစ်ကျူးလွန်ခြင်းသည် အသက်အန္ဒာရာယ် အမှန်ရှိသည်။

က။ အပြစ်သည် အကျွန်ုပ်တို့ဘဝကို အုပ်စိုးနိုင်သည်။
ခ။ အပြစ်နှင့်အားနည်းချက်များကို ကျော်လွန်၍ အနိုင်ယူ နိုင်မည်အကြောင်း ဆုတောင်းကြရမည်။

၃။ အပြစ်တင်ခွင့်နှင့်ကင်းလွတ်ခြင်း

က။ လိုချင်တောင်းတသင့်သော အချက်ဖြစ်သည်။
ခ။ အမြဲတမ်း အကောင်းဆုံး အသက်ရှင်ကြရမည်။ (အပြစ်မဲ့သော အသက်တာကို ဆိုလိုသည် မဟုတ်) ။
ဂ။ အကျွန်ုပ်တို့သည် ကြီးမားသောဒုစရိုက်များကို မကျူးလွန်မိမည် အကြောင်း သတိဝိရိယနှင့် အသက်ရှင်ရမည်။

၄။ ဆုတောင်းရမည့် အချက်

က။ ဆုတောင်းတိုင်း ဘုရားသခင်ကို အောက်မေ့ကြရမည်။
ခ။ ထာဝရဘုရားသခင်သည် အကျွန်ုပ်တို့၏

၁) ရွေးနှုတ်ကယ်တင်ရှင်၊
၂) အစွမ်းသတ္တိ ဖြစ်တော်မူသည်။

ဂ။ ဆုတောင်းသင့်သည်မှာ

၁) အကျွန်ုပ်တို့၏ စိတ်နှလုံးအကြံအစည်များနှင့်
၂) နှုတ်ထွက်စကားများသည် ဘုရားသခင်၏ရှေ့တော်၌ နှစ်သက်ဖွယ် ဖြစ်စေမည်အကြောင်း ဆုတောင်းရမည်။

 

အသက်တာနှင့်အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဆာလံဆရာ၏ စကားတို့သည် အကျွန်ုပ်တို့၏စိတ်နှလုံးကို တို့ထိစေ။
၂။ အကျွန်ုပ်တို့၏အပြစ်များကို ပို၍ /ရှင်းလင်းစွာ မြင်နိုင်ကြစေ။
၃။ အပြစ်၏အချုပ်အနှောင်မှ အစဉ်လွတ်မြောက်နိုင်မည်အကြောင်း ဘုရားသခင်ထံတော်သို့ နှိမ့်ချစွာ ဆုတောင်းကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]