Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၂၊ ဇန်နဝါရီလ (၂၃) ရက်

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၂၊ ဇန်နဝါရီလ (၂၃) ရက်

 

ကျမ်းချက်။ ။ဆာလံ ၃၀

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း

၈ အိုထာဝရဘုရား၊ အကျွန်ုပ်သည် အသက်ဆုံး၍၊

၉ သင်္ချိုင်းတွင်းထဲသို့ဆင်းလျှင် အဘယ်အကျိုးရှိပါ အံ့နည်း။

၁၀ မြေမှုန့်သည် ကိုယ်တော်ကို ချီးမွမ်းပါမည် လော။ သစ္စာတော်ကို ဘော်ပြပါမည်လော။ အိုထာဝရ ဘုရား၊ နားထောင်၍ ကယ်မသနားတော်မူပါ။ အိုထာဝရ ဘုရား အကျွန်ုပ်ကိုစောင့်မတော်မူပါဟု ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်၍၊ ထာဝရဘုရားကို တောင်း လျှောက်ပါ၏။

(ဆာလံ ၃၀း၈-၁၀)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ (အသနားခံ) တောင်းလျှောက်ခြင်း

က။ ဆုတောင်းခြင်း ဖြစ်သည်။
ခ။ သို့သော်၊ သာမန်ဆုတောင်းခြင်းမျိုး မဟုတ်။

၂။ တောင်းလျှောက်ခြင်း၏ လက္ခဏများ

က။ ပြင်းထန်စွာ အသနားခံခြင်း၊
ခ။ ထာဝရဘုရားသခင်အား လေးနက်စွာ ခေါ်ဖိတ်ခြင်း၊
ဂ။ နှိမ့်ချစွာ အသနားခံခြင်း၊

၃။ ငိုကြွေး အော်ဟစ် ခြင်း

က။ ငိုကြွေး အော်ဟစ်ခြင်းသည် မျက်ရည်ကျ၍ ငိုနေခြင်းးကို မဆိုလို။
ခ။ ဧကန်အမှန် ပြင်းထန်ရိုးသားစွာ ဘုရားသခင်အား ခေါ်ဖိတ်ခြင်း ဖြစ်သည်။
ဂ။ ဤအရာသည် မှန်၍ ကျင့်သုံံးအပ်သည်။

၄။ ဆုတောင်းချက်များ

က။ ထာဝရဘုရားသခင်ထံသို့ တင်ပြရမည်။
ခ။ “ထာဝရဘုရား” ဟူသောစကားလုံးသည်

(၁) ပဌိညာဉ်နှင့်ယှဉ်သော နာမတော် (ထွက် ၆း၁-၈)၊
(၂) မိမိလူမျိုးတော်တို့၏ ဘုရားသခင် ထာဝရဘုရားအဖြစ် ရပ်တည်နေခြင်း၊
(၃) ထာဝရဘုရား၏ ကရုဏာတော်၊ စသည်တို့ကို ကိုယ်စားပြုသည်။

၅။ ဆာလံဆရာ၏ စိုးရိမ်ပူပန်ခြင်း

က။ သေသွားမည်ကို စိုးရိမ်နေသည်။
ခ။ ရန်သူများက သတ်ဖြတ်မည်ကို စိုးရိမ်နေသည်။

၆။ ဆာလံဆရာက အသနားခံတောင်းလျှောက်သော အရာမှာ

က။ ဘုရားသခင်၏ကရုဏာ၊
ခ။ ဘုရားသခင်၏မစခြင်း၊
ဂ။ ဘုရားသခင်ကိုယ်တော်တိုင်၏ အတူပါရှိခြင်း၊

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဘုရားသခင်ကို သိကျွမ်းခြင်း

က။ ဘုရားသခင်ကို ပို၍သိကျွမ်းရမည်။
ခ။ ထိုမှသာ၊ အကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် တည်ဆောက်ခြင်းသို့ ရောက်မည်။

၂။ ဆုတောင်းသော အသက်တာ

က။ များစွာသောသူတို့သည် သာမန်အားဖြင့်သာ ဆုတောင်းကြသည်။
ခ။ အသနားခံ တောင်းလျှောက်၍ ဆုတောင်းကြစို့။
ဂ။ အကျွန်ုပ်တို့၏ ဆုတောင်းခြင်းအသက်တာကို ပို၍တိုးတတ်စေမည်အကြောင်း ဆက်လက် သင်ယူကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]