Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၁၊ နိုဝင်ဘာလ (၁၄) ရက်

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၁၊ နိုဝင်ဘာလ (၁၄) ရက်

 

ကျမ်းချက်။ ။ဆာလံ ၂၈

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း

၁ အကျွန်ုပ်၏ ကျောက်ဖြစ်တော်မူသော ထာဝရ ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ မထူးဘဲ နေတော်မမူပါနှင့်။ မထူးဘဲနေတော်မူလျှင်၊ အကျွန်ုပ် သည် သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူ ကဲ့သို့ဖြစ်ရပါမည်။

၂ အကျွန်ုပ်သည် သန့်ရှင်းသောဗျာဒိတ်ဌာနတော်သို့ လက်ကိုချီ၍၊ ကိုယ်တော်ကို အော်ဟစ်သောအခါ၊ အကျွန်ုပ်တောင်းလျှောက်သော အသံကို နားထောင် တော်မူပါ။
(ဆာလံ ၂၈း၁-၂)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ထာဝရ ဘုရား

က။ သူသည် “ကျောက်” အဖြစ် မကြာခဏ သမုတ်ခြင်းခံရသည်။
ခ။ “ကျောက်” ဟုဆိုရာ၌

(၁) သဲ နှင့်မတူဘဲသော အရာဖြစ်သည်။
(၂) ခိုင်ခံ့ခြင်းကို ဖော်ညွန်းသည်။
(၃) တန်ခိုးကိုလည်း ဖော်ညွန်းသည်။

၂။ ဘဝအသက်တာ၏ပြဿနာများကို အခန်းငယ်(၂) ၌ ဖော်ပြထားခြင်း မရှိ

က။ သို့သော်၊ ဒါဝဒ်မင်းသည် စောလုဘုရင်လက်ထဲ၌ ဆင်းဲရဲဒုက္ခများစွာ ရင်ဆိုင်ရသည်ကို ကျွန်တော်တု့ိ သိကြသည်။
ခ။ စောလုဘုရင်မင်းသည် ဒါဝဒ်မင်းကြီးကို အဆုံးသတ်စီရင်ခြင်းငှါ လိုက်လံရှာဖွေခဲ့သည်။

(၁) ဒါဝဒ်မင်းကို ဒုက္ခပေးမည့်သူအဖြစ် ရှုမြင်ခဲ့သည်။
(၂) ဒါဝဒ်မင်းကို အလွန်ကြောက်ခဲ့သည်။
(၃) ဒါဝဒ်မင်းကို သတ်ရန် တပ်သား ၃၀၀၀ ခန့်ကို အသုံးပြုခဲ့သည် (၁ ရာ ကို ဖတ်ပါ) ။

၃။ ထာဝရဘုရားထံတော်သို့ ဆုတောင်းခြင်း

က။ “အော်ဟစ်” ခြင်းသည် မျက်ရည်ကျ၍ ငိုကြွေးနေခြင်းကို မဆိုလို။
ခ။ “အော်ဟစ်” ခြင်းသည်

(၁) ဘုရားသခင်အား ပြင်းထန်စွာ ခေါ်ခြင်း၊
(၂) အလျင်စလို တောင်းလျောက်ခြင်း၊ စသည်တို့ ဖြစ်သည်။

၄။ ဒါဝဒ်မင်းကြီး၏ အကြီးမားဆုံးသော စိုးရိမ်မှု

က။ ဘုရားသခင်က မထူးဘဲနေမည်ကို အလွန်စိုးရိမ်သည်။
ခ။ ဘုရားသခင်က မထူးဘဲနေသောအခါ

(၁) ဆုတောင်းချက်များကို နားညှောင်းတော်မူခြင်း မရှိ။
(၂) နားညှောင်းခြင်းမရှိလျှင်၊ ဆုတောင်းချက်များအတွက် အဖြေမရှိ။
(၃) ဆုတောင်းချက်များအဖြမရလျှင်၊ ဒါဝဒ်မင်းကြီး သေမည်သာ ဖြစ်သည်။

ဂ။ သင်္ချိုင်းတွင်းထဲသို့ ဆင်းခြင်း

(၁) တရိစ္ဆာာကဲ့သို့ ထောင်ချေက်မိခြင်း၊
(၂) မုတ်ဆိုးများက သတ်ဖြတ်ခြင်း၊

၅။ ဘုရားသခင်ထံသို့ ဆုတောင်ချက်များ

က။ အသနားခံတောင်းလျှောက်ခြင်းများ
ခ။ လက်ကိုချီ၍တောင်းလျှောက်ခြင်းသည် အသနားခံခြင်းသင်္ကေတ ဖြစ်သည်။
ဂ။ “သန့်ရှင်းသောဗျာဒိတ်ဌာနတော်” သည် ဘုရားသခင်ကျိန်းဝပ်ရာငှါနကို ရည်ညွန်းသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ အကျွန်ုပ်တို့၏ ဆုတောင်ခြင်းအသက်တာကို ထင်ရှားသိသာစွာ ခိုင်ခံ့စေကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]