Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၁၊ အောက်တိုဘာလ (၃) ရက်

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၁၊ အောက်တိုဘာလ (၃) ရက်

 

ကျမ်းချက်။ ။ ဆာလံ ၂၆

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း

အကျွန်ုပ်မူကား၊ ဖြောင့်မတ်ခြင်း လမ်းသို့ လိုက် ပါ၏။ အကျွန်ုပ်ကို ရွေးနှုတ်၍ ကယ်မသနားတော်မူပါ။ အကျွန်ုပ်သည် ညီညွတ်သောအရပ်၌ နေရာ ကျ၍၊ ပရိသတ်အလယ်မှာ ထာဝရဘုရားကို ကောင်းကြီး ပေးပါမည်။

(ဆာလံ ၂၆:၁၁-၁၂)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဆာလံဆရာ၏ တိကျသော ဆုံးဖြတ်ချက်များ

က။ “ဖြောင့်မတ်ခြင်း”

(၁) ဖြောင့်မတ်ခြင်းသည် ရိုးသားခြင်းပင် ဖြစ်သည်။
(၂) ရိုးသားခြင်း၏ စစ်မှန်သောအရည်အသွေး၊

(၃) ကတိသစ္စာဆိုသည့်အတိုင်း ကျင့်ကြံနေထိုင်ခြင်း၊ စသည်တို့ ဖြစ်သည်။

ခ။ “အကျွန်ုပ်မူကား၊ ဖြောင့်မတ်ခြင်း လမ်းသို့ လိုက် ပါ၏”

(၁) “လမ်းသို့ လိုက်ခြင်း” သည် အသက်တာလမ်းစဉ်ကို ဖော်ပြသည်။
(၂) ဖြောင့်မတ်ရိုးသားသော အသက်တာလမ်းစဉ်ကို သတိအပြည့်နှင့် လျှောက်လှမ်းခြင်း၊
(၃) မပြောင်းလဲသော တည်ကြည်ခြင်း ရှိရမည်။

၂။ လိုအပ်သော ဆုတောင်းချက်များ

က။ ရွေးနှုတ်ခြင်း

(၁) ခလုပ်ထိမိသောအခါ၊
(၂) ရှုံးနိမ့်သောအခါ၊
(၃) လှဲကျသောအခါ၊
(၄) ဘုရားသခင်၏ရွေးနှုတ်ခြင်းသည် လိုအပ်နေမည် ဖြစ်သည်။

ခ။ သနားခြင်း (ကရူဏာ)

(၁) ဘုရားသခင်၏ သနားခြင်းကရုဏာ ရည်ညွန်းသည်။
(၂) လူတို့၏သနားခြင်းကို ရည်ညွန်းသည် မဟုတ်။
(၃) အကျွန်ုပ်တို့၏အပြစ်များကြောင့် ဘုရားသခင်၏သနားခြင်းကရုဏာ လိုအပ်သည်။

၃။ သင့်တော်လျောက်ပတ်သော တုံ့ပြန်ချက်

က။ ညီညွတ်သောအရပ်၌ နေရာ နေရာချခွင့် ဘုရားသခင်ပေးလိမ့်မည်။

(၁) တည်ငြိမ်ခြင်း (တည်ငြိမ်သော အသက်တာ) ပေးလိမ့်မည်။
(၂) ခက်ခဲသောအရာတို့ကိုလည်း အောင်နိုင်မည်အကြောင်း မစလိမ့်မည်။

ခ။ ထာဝရ ဘုရားကို ကောင်းကြီးပေးခြင်း

(၁) သူ၏နာမတော်ကို ချီးမွမ်းခြင်း၊
(၂) ပရိသတ်အလယ် (အသင်းတော် (ဝါ) ယုံကြည်သူအသိုင်းအဝိုင်း)၌

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အသက်တာ၏ စိန်ခေါ်ချက်များ

က။ သမ္မာကျမ်းစာနှင့်ညီသော အသက်တာစံချိန်စံနှုန်းများ ထားရှိခြင်း၊
ခ။ အကျွန်ုပ်တို့ပြုသော ကတိသစ္စာများကို ဖြေနိုင်ပါမည်အကြောင်း ဆုတောင်းခြင်း၊
ဂ။ ထိုမှသာ၊ အကျွန်ုပ်တို့သည် ဖြောင့်မတ်ရိုးသားခြင်းကို လက်တွေ့ခံစားမည် ဖြစ်သည်။

၂။ တိုက်တွန်းအားပေးခြင်း

က။ ထာဝရဘုရားသခင်အတွက် အသက်ရှင်ခြင်းငှါ တိုက်တွန်းကြစို့။
ခ။ ဘုရားသခင်သည် အကျွန်ုပ်တို့ကို မစခြင်းငှါ အကျွန်ုပ်တို့၏ဆုတောင်းချက်များကို နားညှောင်းတော်မူလိမ့်မည်။
ဂ။ ဘုရားသခင်ကို အမြဲချီးမွမ်းနိုင်မည်အကြောင်း ကြိုးစားသင်ယူကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]