Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၁၊ သြဂုတ်လ (၂၃) ရက်

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၁၊ သြဂုတ်လ (၂၃) ရက်

 

ကျမ်းချက်။ ။ဆာလံ ၂၅

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
အကျွန်ုပ်သည် တယောက်တည်းကျန်ကြွင်း၍ နှိမ့်ချခြင်းကို ခံရသောကြောင့်၊ အကျွန်ုပ်ကို မျက်နှာပြု၍ ကယ်မသနားတော်မူပါ။ အကျွန်ုပ် စိတ်နှလုံးဆင်းရဲသည်ကို ချမ်းသာ ပေး၍၊ အမှုများထဲက ကယ်နှုတ်တော်မူပါ။ အကျွန်ုပ်နှိမ့်ချခြင်းနှင့် ပူပန်ခြင်းကို ကြည့်ရှု၍၊ အကျွန်ုပ်အပြစ်ရှိသမျှတို့ကို လွှတ်တော်မူပါ။ အကျွန်ုပ်၏ ရန်သူတို့သည် များပြားကြောင်းနှင့် အကျွန်ုပ်ကို ပြင်းစွာမုန်းထားကြောင်းကို ဆင်ခြင်တော် မူပါ။

(ဆာလံ ၂၅း၁၆-၁၉)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ရန်သူတို့သည်

က။ များပြားကြသည်။
ခ။ ပြင်းစွာသော မုန်းတီးခြင်းနှင့် ပြည့်ကြသည်။

၂။ ရန်သူတို့ကြောင့် ဖြစ်သော ပြဿနာများ

က။ နှိမ့်ချခြင်း၊
ခ။ တယောက်တည်းကျန်ကြွင်းခြင်း၊
ဂ။ အမှု(ပြဿနာ)များပြားခြင်း၊
ဃ။ ပူပန်ခြင်း၊
င။ နာကျင်ခြင်း၊ စသည်တို့ဖြစ်သည်။

၃။ ဘုရားသခင်အား အသနားခံတောင်းပန်ခြင်း

က။ ကရုဏာတော်ကို အောက်မေ့တော်မူရန်၊
ခ။ အပြစ်ရှိသမျှတို့ကို လွှတ်တော်မူရန်၊
ဂ။ ကြည့်ရှု၍ ချမ်းသာပေးတော်မူရန်၊

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဘဝအသက်တာ၏ ဖြစ်ရပ်မှန်

က။ ဒုက္ခပေးလိုသော ရန်သူများ အမြဲရှိနေမည် ဖြစ်သည်။

(၁) ရက်စက်ကြမ်းကြိုတ်ခြင်း၊
(၂) ပြင်းစွာမုန်းတီးခြင်း၊

ခ။ ပြဿနားများ လုံး၀ ပျောက်ကွယ်သွားမည် မဟုတ်။
ဂ။ ပြဿနားတိုင်း၌ နောက်ဆက်တွဲ အကျိုးဆက်များ ရှိနေမည်။

(၁) နာကျင်ခြင်း၊
(၂) မတတ်စွမ်းနိုင်ခြင်း၊
(၃) ဆင်းရဲနှံခြာသော ဘဝ၊

၂။ အကျွန်ုပ်တို့ လုပ်ဆောင်နိုင်သောအရာနှင့် လုပ်ရမည့်အရာများ

က။ အကျွန်ုပ်တို့အတွက် မရှိမဖြစ်သော အရာများမှာ-

(၁) ဘုရားသခင်
(၂) ဘုရားသခင်၏ကရုဏာတော်၊
(၃) ခွင့်လွှတ်တော်မူခြင်းကျေးဇူးတော်၊
(၄) ထာဝရဘုရားသခင်မှ အကျွနု်ပ်တို့အား မျက်နှာသာပေး၍ ကြည့်ရှုခြင်း၊

၃။ ဘုရားသခင်အား ရှာဖွေခြင်း

က။ ဆုတောင်းလျက် ရှာပါ။
ခ။ ယုံကြည်ခြင်း နှင့် မျှော်လင့်ခြင်းတို့နှင့် ရှာပါ။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]