Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၁၊ ဇွန်လှိုင်လ (၁၁) ရက်

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၁၊ ဇွန်လှိုင်လ (၁၁) ရက်

 

ကျမ်းချက်။ ။ဆာလံ ၂၅

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အား ပညွှန်၍၊ ခရီးတော်တို့ကို သွန်သင်တော် မူပါ။ ကိုယ်တော်၏ သမ္မာတရားကိုပြ၍၊ အကျွန်ုပ်ကို သွန်သင်တော်မူပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်သော ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကို အစဉ်မြော်လင့်လျက် နပါ၏။

(ဆာလံ ၂၅:၄-၅)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဆုတောင်းခြင်း၌ အရေးပါသော အချက်သုံးချက်

က။ ဉာဏ်ပညာ၊
ခ။ အမှန်တရား၊
ဂ။ ဘုရားသခင်ကိုယ်တိုင်၏ သွန်သင်ခြင်း၊
ဃ။ ခါင်းဆောင်တစ်ဦး (ဘုရင်တပါး)သည် အထက်ပါအချက်များနှင့်အညီဆုတောင်းတတ်ရမည်။

၂။ ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အား ပညွှန်၍၊

က။ ဘုရားသခင်း၏လမ်းတို့

(၁) သိနားလည်သည်ဟု ထင်မှတ်ခြင်း မပြုရ။
(၂) အကျွနု်ပ်တို့သည် ဘုရားသခင်၏လမ်းတို့ကို သိပြီးပြီဟုခံယူတတ်ကြသည်။

ခ။ ပညွန်တော်မူပါ

(၁) အမြင်မှန်ရစေမည်အကြောင်း ဆုတောင်းခြင်း၊
(၂) မှာင်နေသောအချိန်ကာလ၌ အလင်းပေးသနားတော်မူရန် တောင်းရှောက်ခြင်း (၁၈:၂၈)၊

ဂ။ ခရီးတော်တို့ကို သွန်သင်တော် မူပါ

(၁) “သွန်သင်” ဟူသောစကားလုံးကို စ်ကြိမ်တိုင်တိုင်တွ့ရသည်။

(၂) ရင်တွင်းခံစားချက်အပြည့်နှင့် အသွန်သင်ခံလိုကြောင်းထင်ရှားသည်။

(၃) အလွန်နှိမ့်ချသော စိတ်နှလုံးနှင့်တာင်းရှောက်ကြောင်း ထင်ရှားသည်။

၄။ ကိုယ်တော်၏ သမ္မာတရားကိုပြ၍၊

က။ ဘုရားသခင်၏လမ်းပြဦးဆောင်မှုကို ရှာသည်။
ခ။ ဘုရားသခင်၏သမ္မတရားလမ်းတို့သည် နားလည်သဘောပေါက်ရန်မလွယ်ကူ။
ဂ။ ဘုရားသခင်၏ မစခြင်းသည် မရှိမဖြစ် လိုအပ်နေသည်။

၅။ ကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်သော ဘုရားသခင်ဖြစ်တော်မူ၏။

က။ ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ကယ်တင်သော ဘုရားသခင် ဖစ်သည်။
ခ။ အကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်သည့်အားလျော်စွာ၊ သူကယ်တင်ပြီးသော (အကျွန်ုပ်တို့ကို) မစတော်မူလိမ့်မည်။

၆။ ကိုယ်တော်ကို အစဉ်မြော်လင့်လျက် နပါ၏။

က။ ဘုရားသခင်အား မျှာ်လင့်စောင့်ဆိုင်းခြင်းအမှုသည် သင်ယူရမည့်အရာဖြစ်သည်။
ခ။ ဘုရားသခင်ကို အမှန်စောင့်မျှော်ရာ၌

(၁) ယုံကြည်ခြင်း၊
(၂) စိတ်ရှည်သီးခံခြင်း၊
(၃) အဆုံးထိတည်ကြည်ခြင်း (ဇွဲလုံးလဝိရိယရှိခြင်း)

စသည်တို့လိုအပ်သည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ပို၍ မှန်ကန်စွာ ဆုတောင်းခြင်း

က။ ပိုမိုကောင်းမွန်စွာ ဆုတောင်းတတ်မည်အကြောင်း သင်ယူကြစို့။
ခ။ သင်ယူပြီးသော သင်ခန်းစာများကို လက်တွေ့ဖော်ဆောင်လိုသောစိတ်ပျိုးထောင်ကြစို့။

၂။ ဘုရားသခင်၏လမ်းတော်တို့ကို

က။ ပို၍ ကာင်းမွန်စွာ နားလည်နိုင်မည်အကြောင်းကြိုးစားရှာဖွေကြစို့။
ခ။ အမှန်စိတ်နှလုံးနှိမ့်ချလျက် ကာင်းမွန်စွာ သင်ယူရန်စိတ်ပိုင်းဖြတ်ကြစို့။
ဂ။ ဘုရားသခင်၏သမ္မတရား အလင်းတော်၌ ကျင်လည်ကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]