Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၁၊ မေလ (၉) ရက်

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၁၊ မေလ (၉) ရက်

 

ကျမ်းချက်။ ။ဆာလံ ၂၃

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့် ထဲသို့ ရောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ လှံတံတော်နှင့် တောင်ဝေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏။

(ဆာလံ ၂၃း၄)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ “ချိုင့်” ဟူသော နိမိတ်ပုံရိပ်

က။ ချိုင့်ဝှမ်းတစ်ခု၏ ပုံရိပ်ကို ထိရောက်စွာ ရွေးချယ်သည်။
ခ။ ချိုင့်ဝှမ်းတစ်ခုသည်

(၁) အလွန်တိမ်နိုင်သည်။
(၂) အလွန်နက်ရှိုင်းနိုင်သည်။
(၃) အလွန်မည်းမှောင်နိုင်သည်။

၂။ သေမင်း၏အရိပ်

က။ အရိပ်များစွာ ရှိသည်။
ခ။ တခါတရံ ရှည်လျှားသော အရိပ်များ ရှိသည်။
ဂ။ နေမင်းသည် မိမိတို့ခေါင်းပေါ်ရောက်နေသောအခါ၊ မည်သည့်အရိမ်မျှ မတွေ့ရပါ။
ဃ။ သို့သော်၊ နေဝင်ချိန်ရောက်သောအခါ၊ အရိပ်တို့သည် ရှည်လျှားလာကြသည်။
င။ ထိုသို့ အရိပ်ရှိရာအရပ်တို့၌ နေရောင်ခြည်သည် အနည်းငယ်မျှသာ ရှိတတ်သည်။

၃။ သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့် ထဲသို့ ရောက်သွားရသော်လည်း…

က။ တခါတရံ ဒါဝဒ်မင်းကြီးသည် သေမင်း၏အရိပ်လွမ်းမိုးသော ချိုုင့်ဝှမ်းတစ်လျှောက် ရောက်သွားသကဲ့သို့ ခံစားမိသည်။
ခ။ ရန်သူများစွာတို့သည် (ဒါဝဒ်မင်းကြီးကို) ဝန်းရံလျက် ရှိသည်။

(၁) ဒုက္ခပေးရန် ကြံစည်ကြသည်။
(၂) ဖြစ်နိုင်ပါက၊ သတ်ဖြတ်လိုကြသည်။

၄။ ဒါဝဒ်မင်းကြီး၏ တုံ့ပြန်ချက်

က။ လုံး၀ ကြောက်လန့်ခြင်း မရှိ။
ခ။ သူနှင့်အတူရှိသော ထာဝရဘုရားသခင်ကို အောက်မေ့သည်။
ဂ။ သိုးထိန်း၏ “လှံတံတော်နှင့် တောင်ဝေးတော်”

(၁) သိုးထိန်းသည် လှံတံတော်နှင့်တောင်ဝေးတော်ကို အမြဲဆောင်ထားသည်။
အကြောင်းမှာ-
(၂) သားရိုင်းတိရိစ္ဆာတို့၏ရန်မှ သိုးစုတို့ကို ကာကွယ်ခြင်းငှါ အသုံးပြုသည်။
(၃) တနည်းအားဖြင့်ဆိုသော်၊ သိုးထိန်းတစ်ဦးနေဖြင့် ဆောင်ရွက်ရမည့်အမှုတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ဖြစ်သည်။

ဃ။ ဘုရားသခင်သည်လည်း သူ့ကို သစွာတရားနှင့်အညီ ကောင်းမွန်စွာ စောင့်ရှောက်လိမ့်မည်ဟု ဒါဝဒ်မင်းကြီး ယုံကြည်ကိုးစားသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဒါဝဒ်မင်းကြီး၏ ယုံကြည်ခြင်း

က။ ရှင်သန်နိူးကြားသည်။
ခ။ ကိုယ်တွေ့လက်တွေ့ ဖြစ်သည်။
ဂ။ ထိုယုံကြည်ခြင်းသည် ခက်ခဲကြမ်းတမ်းသော ကာလ၌လည်း ကြီးမားစွာ အကျိုးပေးသည်။

၂။ အကျွန်ုပ်တို့အတွက် စိန်ခေါ်ချက်

က။ သခင်ဘုရား၌ တည်သော အကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ဆက်လက်ပြုစုခြင်း၊
ခ။ အကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ကြိုးစား၍ လက်တွေ့ကျင့်သုံးခြင်း၊
ဂ။ ကြောက်လန့်ခြင်းအမျိုးမျိုးတို့ကို တိုက်လှန်၍၊ စိုးရိမ်ပူပန်ခြင်းကင်းမဲ့စွာအသက်ရှင်ခြင်း၊
ဃ။ (ခရစ်တော်၌) အစဉ်အောင်သောသူအဖြစ် ရှင်သန်လျောက်လှမ်းခြင်း၊

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]