Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၁၊ မတ်လ (၇)

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၁၊ မတ်လ (၇)

 

ကျမ်းချက်။ ။ဆာလံ ၂၂

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
နွားလားဥသဘတို့သည် အကျွန်ုပ်ကိုဝိုင်း၍၊ အားကြီးသော ဗာရှန်ဥသဘတို့သည် ဝန်းရံလျက် နေကြ ပါ၏။ ကိုက်ဖြတ်၍ ဟောက်တတ်သော ခြင်္သေ့ကဲ့သို့ အကျွန်ုပ်ကို ပစပ်ဟကြပါ၏။ အကျွန်ုပ်သည် ရေကဲ့သို့သွန်ခြင်းကို ခံရ၍၊ အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကြပါ၏။ အကျွန်ုပ်နှလုံး သည် ဘယောင်းကဲ့သို့ဖြစ်၍၊ ရင်ထဲမှာ အရည်ကျိုလျက် ရှိပါ၏။ အကျွန်ုပ်ခွန်အားသည် အိုးခြမ်းကဲ့သို့ ခန်း ခြောက်၍၊ လျှာလည်း ပါးရိုး၌ ကပ်လျက်ရှိပါ၏။အကျွန်ုပ် ကို သေမြေတိုင်အောင် ချတော်မူပါပြီ။

(ဆာလံ ၂၂း၁၂-၁၅)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဆာလံဆရာ ရင်ဆိုင်နေရသော ရန်သူများ

က။ နွားလားဥဘသကဲ့သို့ ဖြစ်ကြသည်။

(၁) များစွာသော နွားလားဥဘသ
(၂) အားကြီးသော နွားလားဥဘသ

ခ။ ခြင်္သေ့ကဲ့သို့ ဖြစ်ကြသည်။

(၁) ဒေါသထွက်နေကြသည်။
(၂) ဟောက်နေကြသည်။

ဂ။ (ဆာလံဆရာကို) ဝန်းရံလျက် ရှိနေကြသည်။ ထို့ကြောင့်၊

(၁) သူ၌ လွတ်မြောက်ရာလမ်း မရှိ။
(၂) သူသည် အလွန်ကြောက်လန့်လျက် ရှိနေသည် ။

၂။ ထို့ကြောင့်၊ ဆာလံဆရာသည် အလွန်ပြင်းထန်သော စိတ်သောက ခံစားရသည်။

က။ အရည်ကျိုခြင်း
စိတ်နှလုံးသည် ပျားဖယောင်းကဲ့သို့ အပူဒဏ်ကြောင့် အရည်ကျိုလျက် ရှိသည်။
ခ။ ရေကဲ့သို့သွန်ခြင်း
မိမိဘဝသည် ရေကဲ့သို့သွန်ခြင်း ခံနေရသည်။
ဂ။ ပြင်းထန်သော နာကျင်မှု
လွဲ၍ပြုတ်ကျနေသော အရိုးအဆစ်ရှိကဲ့သို့ အလွန်နာကျင်သည်။
ဃ။ ခန်းခြောက်သော ခွန်အား
ကွဲအပ်သော အိုးခြမ်းကဲ့သို့ ခွန်အားသည်လည်း ခန်းခြောက်နေသည်။
င။ ကြောက်လန့်မှုခံစား
သေလုနီးပါးတိုင်အောင် ကြောက်လန့်လျက်နေသည်။

 

အသက်တာနှင့်အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဘဝအသက်တာ၌ ပြဿနာများ

က။ အချို့သောပြဿနာများသည် အလွန်ဆိုးဝါးကြသည်။
ခ။ ပြဿနာတိုင်းအတွက် ဖြေရှင်းချက်များ လွယ်လင့်တကူ မရှိ။

၂။ ပြဿနာများသည် အကျွနု်ပ်တို့ကို ဆိုးဝါးစွာ ထိခိုက်နိုင်သည်။

က။ မိမိတို့အခြေအနေကို ရိုးသားစွာ ဝန်ခံကြရမည်။
ခ။ အနှုတ်လက္ခဏာဆန်သော ခံစားချက်များကို ရိုးသားစွာ ဖြေရှင်းကိုင်တွယ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

၃။ ဆုတောင်းခြင်း

က။ ဆာလံဆရာ ဒါဝဒ်မင်းကြီးသည် ဆုတောင်းလျက် ရှိသည်။
ခ။ သူရင်ဆိုင်ခံစားနေရသော ပြဿနာများကို ထာဝရဘုရားသခင်ထံတော်သို့ဆုတောင်းလျက် အပ်နှံသည်။
ဂ။ အမှန်အကန် ကြောက်လန့်နေသော်လည်း၊ ဆာလံဆရာသည် ကြောက်လန့်စရာများကို အလျော့ပေး၊ အရုံးပေးခြင်း မရှိ။

ဘဝပြဿနာများစွာကို ရင်ဆိုင်နေရချိန်၌ ခွန်အားကြီးသော ယုံကြည်ခြင်းနှင့် ပိုမိုပြင်းထန်စွာ ဆုတောင်းကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]