Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀၊ ဇန်နဝါရီလ (၁၈)

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀၊ ဇန်နဝါရီလ (၁၈)

 

ကျမ်းချက်။ ။ဆာလံ ၂၁

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
ကိုယ်တော်၏လက်သည် ရန်သူအပေါင်းတို့ကို တွေ့၍၊ ကိုယ်တော်ကိုမုန်းသော သူတို့ကို လက်ျာ လက်တော်သည် တွေ့တော်မူမည်။ အမျက်တော်ထွက်သောကာလ၌ သူတို့ကို မီးဖိုကဲ့သို့ ဖြစ်စေတော်မူမည်။ ထာဝရဘုရားသည် အမျက်တော် အားဖြင့် သူတို့ကို မျိုတော်မူ၍၊ မီးသည်လည်း လောင် စားပါလိမ့်မည်။

(ဆာလံ ၂၁း၈-၉)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဘုရားသခင်၏ ရန်သူများအဖြစ် သတ်မှတ်ခြင်းခံရသောသူများ

က။ ထာဝရဘုရားသခင်ကို မုန်းကြသည်။
ခ။ “မုန်းတီးခြင်း” သည်

(၁) ကြိမ်ဖန်များစွာ မထင်မရှား ဖြစ်သည်။
(၂) မကြာခဏ ဖုံးကွယ်တတ်ကြသည်။
(၃) ပေါ်ထင် ထုတ်ဖော်ခြင်း ပြုခြင်း မရှိ။

ဂ။ သို့သော်၊ ထိုလူတို့၏ လုပ်ရပ်သည် သူတို့၏စိတ်ရင်း၊စိတ်ထားကို ထင်ရှားဖော်ပြမည် ဖြစ်သည်။

၂။ ဘုရားသခင်သည် မည်သို့ တုံ့ပြန်မည်နည်း။

က။ သူ၏ရန်သူများကို ရှာ၍တွေ့လိမ့်မည်။
ခ။ “ကိုယ်တော်၏လက်တော်” ဆိုသည်မှာ

(၁) ဘုရားသခင်၏လက်တော်၊
(၂) ရန်သူကို မရမက ရှာနေသော ဘုရားသခင်၏ အားစိုက်ထုတ်ခြင်း၊ စသည်တို့ကို ဖော်ပြသည်။

၃။ မတရားသောသူတို့နှင့်စပ်လျဉ်း၍ ဘုရားသခင်၏ ခံစားချက်မှာ

က။ ဒေါသထွက်သည်။
ခ။ အမျက်တော်ရှိသည်။
ဂ။ “အမျက်တော်” သည် ကြီးစွာသောဒေါသ ကို ဆိုလိုသည်။

၄။ မတရားသောသူများကို အပြစ်ဒဏ်ခပ်ခြင်း

က။ လောင်ကျွမ်းသော မီးဖိုကဲ့သို့ ဖြစ်သည်။
ခ။ ဘုရားသခင်၏ အမျက်တော်သည် မတရားသောသူတို့ကို ဖျက်စီးလိမ့်မည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ စစ်ဆေးကြစို့။

က။ အကျွန်ုပ်တို့၏စိတ်နှလုံး၊
ခ။ အကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များ၊
ဂ။ အကျွန်ုပ်တို့၏ အသက်တာ၊

၂။ ကျိန်းသေကြစို့။

က။ မတရားစွာ မကျင့်ကြဖို့၊
ခ။ ဘုရားသခင်ကို ဆန့်ကျင်သောသူများ မဖြစ်ကြဖို့၊

၃။ ထာဝရဘုရားသခင်ကို ကြောက်ရွံ့ကြစို့။

က။ မတရားသောသူတို့အပေါ် အမျက်ထွက်နိုင်သောသူ ဖြစ်သည်။
ခ။ မတရားသောသူတိုင်းကိုလည်း ဒဏ်ခပ်၍ အပြစ်စီရင်ပိုင်သောသူ ဖြစ်သည်။
ဂ။ မတရားသောသူတို့၏ ဘဝအဆုံးသည် ကြောက်မက်ဖွယ်ရာ ဖြစ်သည်။

၄။ ဖြောင့်မတ်သောလမ်းတော်၌ ကျင်လည်လျောက်လှမ်းကြစို့။

က။ ဘုရားသခင် လိုက်လျောက်စေလိုသောလမ်း ဖြစ်သည်။
ခ။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများစွာကို ရရှိခံစားစေမည့် လမ်းဖြစ်သည်။
ဂ။ ကျန်ရှိနေသေးသော နေ့ရက်များ၌ ထာဝရဘုရားသခင်နှင့်အတူ ခိုင်မာစွာ လျောက်လှမ်းကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]