Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၁၊ ဇန်နဝါရီလ (၁၁) ရက်

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၁၊ ဇန်နဝါရီလ (၁၁) ရက်

 

ကျမ်းချက်။ ။ ဆာလံ ၂၁
ချစ်သော ညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
ကယ်တင်တော်မူခြင်းအားဖြင့် သူသည် ဘုန်း ကြီး၍၊ လက်တော်မှ ဂုဏ်အသရေနှင့် တန်ခိုးအာနုဘော် ကို ခံရပါ၏။ကိုယ်တော်သည် သူ့ကိုထာဝရမင်္ဂလာအရာ၌ ခန့်ထား၍၊ မျက်နှာတော်အားဖြင့် အလွန်ဝမ်းမြောက်စေ တော်မူ၏။အကြောင်းမူကား၊ မင်းကြီးသည် ထာဝရဘုရား ကို ကိုးစား၍၊ အမြင့်ဆုံးသောဘုရား၏ ကရုဏာတော် ကြောင့် တည်ကြည်တတ်ပါ၏။

ဆာလံ ၂၁း၅-၇

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဘုရင့်အပေါ် ဘုရားသခင်၏ကောင်းချီးမင်္ဂလာများ

က။ သူသည် ဘုန်း ကြီးရသည်။
ခ။ သူသည် ဂုဏ်အသရေနှင့် တန်ခိုးအာနုဘော် ပေးခြင်းခံရသည်။
ဂ။ သူသည် ထာဝရမင်္ဂလာအရာ၌ ခန့်ထားခြင်းခံရသည်။
ဃ။ သူ၏မျက်နှာတော်သည် အလွန်ဝမ်းမြှောက်ခြင်း ရှိ၏

၂။ ဘုရင်မင်း၏ လုပ်ဆောင်ချက်

က။ ထာဝရဘုရားသခင်ကို ကိုးစားသည်။
ခ။ ဘုရားသခင်၏ကရုဏာတော်ကို မှီခိုသည်။
ဂ။ သူသည် တည်ကြည်လျက် ရှိသည်။

(၁) သူသည် အဆုံးထိခိုင်ခံ့သည်။
(၂) သူသည် သစ္စာစောင့်သည်။
(၃) သူသည် ဒုက္ခရောက်သောအခါ စိုးရိမ်ပူပန်ခြင်း မရှိ။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အကျွန်ုပ်တို့သည် ကောင်းချီးမင်္ဂလာများကို လိုချင်ကြသည်။

က။ သဘာဝကျသည်။
ခ။ ကောင်းချီးခံစားသောသူများကိုပင် မနာလိုဖြစ်မိကြသည်။

၂။ အကျွန်ုပ်တို့အတွက် စိန်ခေါ်ချက်

က။ အကျွန်ုပ်တို့သည်လည်း များစွာ ကောင်းချီးခံစားနိုင်ကြပေသည်။
ခ။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများသည် လူနည်းစုအတွက်သာ မဟုတ်။
ဂ။ ဒါဝဒ်မင်းကြီး၏ ယုံကြည်ခြင်းပုံသက်သေကို အတုယူသောသူတိုင်းအား ထိုကောင်းချီးမင်္ဂလာများကို ဘုရားသခင်က သွန်းလောင်း၍ ပေးသနားနိုင်သည်။

၃။ ဒါဝဒ်မင်းကြီးအသက်တာမှ အတုယူအပ်သော အချက်များ-

က။ ဝိညာဉ်တော်နှင့်ပြည့်ဝသည် ( ၁ရာ ၁၆း၁၃)
ခ။ ဘုရားသခင်သည် သူနှင့်အတူပါရှိသည် ( ၁ရာ ၁၆း၁၈)
ဂ။ သူသည် အလွန်နှိမ့်ချသောသူ ဖြစ်သည် ( ၁ရာ ၁ရး၃၄)
ဃ။ ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းသည် ( ၁ ရာ ၁ရး၃၇)
င။ ဘုရားသခင်ကို ကြီးစွာ ကိုးစားသည် ( ၁ ရာ ၁ရး၄၆)
စ။ လိမ္မာပါးနပ်စွာ ကျင့်ကြံပြုမူသည် ( ၁ ရာ ၁၈း၅၊ ၁၄)

၄။ ဤအရည်အချင်းများကို ပျိုးထောင်ရန် ဆုံးဖြတ်ခြင်း

က။ နှိမ့်ချစွာ ဆုတောင်းကြစို့။
ခ။ အထက်ပါအရည်အချင်းများကို ပိုင်ဆိုင်လာနိုင်မည်အကြောင်း အလွန်ကြီုးစား၍ ပျိုးထောင်ကြစို့။
ဂ။ အချိန်ပေး၍ ဇွဲလုံးလဝိရိယနှင့် ကြိုးစားကြပါစို့။

ကရုဏာတော်နှင့် ကျေးဇူးတော်ကို ဆက်လက်မှီခိုကြသည်နှင့်အမျှ ဘုရားသခင်သည် အကျွန်ုပ်တို့အား ကောင်းချီးပေးတော်မူပါစေ။

 

ဆုတောင်းလျက်
ပါစတာချားလ်(စ်)တန်

To Contact : [email protected]