Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀၊ ဒီဇင်ဘာလ (၂၁)

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀၊ ဒီဇင်ဘာလ (၂၁)

ကျမ်းချက်။ ။ဆာလံ ၂၀

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
အချို့သောသူတို့သည် ရထားကို၎င်း၊ အချို့တို့ သည် မြင်းကို၎င်း၊ ချီးမွမ်းတတ်ကြ၏။ ငါတို့မူကား၊ ငါတို့ဘုရားသခင်တည်းဟူသော ထာဝရဘုရား၏ နာမ တော်ကို ချီးမွမ်းကြလိမ့်မည်။သူတို့သည်နှိမ့်ချ၍ လဲလျက်ရှိကြ၏။ ငါတို့မူကား၊ ထ၍ မတ်တတ်နေကြ၏။ အိုထာဝရ ဘုရား၊ မင်းကြီးကို ကယ်တင်တော်မူပါ။အကျွန်ုပ်တို့ခေါ်သောအခါ နားထောင်တော် မူပါ။
(ဆာလံ ၂၀း၇-၉)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ လူကို မှီခိုခြင်း

က။ အချို့သောသူတို့သည် မြည်းရထားကို အားကိုးကြသည်။
ခ။ “ရထား”သည်

(၁) စစ်အင်အား၊
(၂) စစ်အင်အား ကောင်းသောသူတို့သည် ခွန်အားကြီးသယောင် ရှိကြသည်။

၂။ ဘုရားသခင်ကို မှီခိုခြင်း

က။ ဘုရားသခင်၏နာမကို ကိုးကားကြသည်။
ခ။ ဘုရားသခင်၏နာမတော်သည်

(၁) ဘုရားသခင်ပုဂ္ဂိုလ်တော်နှင့် သူ၏တန်ခိုးကိုလည်းကောင်း၊
(၂) က္ကုသရေလမျိုးအား ပေးသနားတော်မူသော ဘုရားသခင်၏ပဠိညာဉ်ကိုလည်းကောင်း (ထွက် ၆၊ ၂၄)၊ ရည်ညွှန်းသည်။

၃။ တန်ခိုးကြီးသော နိုင်ငံများနှင့် က္ကုသရေလ ကို နှိုင်းယဉ်ခြင်း

က။ တန်ခိုးကြီးသောနိုင်ငံများသည် ကျဆုံး၍ တိမ်ကောသွားကြသည်။
ခ။ က္ကုသရေလအမျိုးသည် ကျဆုံးရာမှ ထမြောက်၍ ခိုင်ခံ့စွာ ရပ်တည်နေသည်။

၄။ ဘုရားသခင်ထံတော်သို့ ဆုတောင်းသောအချက်

က။ သူ၏လူမျိုးတော်ကို ကယ်တင်ရန်၊

(၁) သောကရောက်သောကာလ၊
(၂) ဒုက္ခရောက်သောကာလ၊

ခ။ သို့သော်၊ ဘုရားသခင်၏ ကယ်မခြင်းကို ပေါ့တန်စွာ မခံယူရ။

(၁) ဘုရင်ဖြစ်သော ထာဝရဘုရားသခင်သည် မိမိနှစ်သက်သည့်အတိုင်း တုံ့ပြန်နိုင်သည်။
(၂) ဘုရားသခင်သည် အဖြေပေးမည့် အချိန်အခါ၊ တုံ့ပြန်မည့်အချိန်အခါကို သူကိုယ်တိုင် သတ်မှတ်ဆုံးဖြတ်သည်။
(၃) ထို့ကြောင့်၊ ဆုတောင်းသောအခါ “တော်မူပါစေ” ဟုဆိုရသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ မည်သည့်အရာ၊ အဘယ်သူကို မှီခိုနေကြသနည်း။

က။ မိမိကိုယ်ကို အားကိုးနေကြသလား။
ခ။ ပစ္စည်းဥစ္စာကို မှီခိုနေကြသလား။
ဂ။ လူကို မှီခိုနေကြသလား။

အကျွန်ုပ်တို့ကိုယ်တိုင် စစ်ဆေးကြသင့်ပေသည်။

၂။ မှီခိုကိုးစားခြင်းအမှု၌ ပို၍ကြီးထွားကြစို့။

က။ ဘုရားသခင်ကို ကိုးစားခြင်း၊
ခ။ ဘုရားသခင်၏ ကတိတော်များကို မှီခိုခြင်း၊

၃။ ဘုရားသခင်ထံတော်သို့ ဆုတောင်းချက်များ

က။ ပို၍ဆုတောင်းကြစို့။
ခ။ အကျွန်ုပ်တို့၏ ဆုတောင်းခြင်းသည် သာ၍ လေးနက်စေ။
ဂ။ အကျွန်ုပ်တို့၏ ဆုတောင်းချက်သည် ဘုရားသခင်အား သက်ဝင်ယုံကြည်ကိုးစားခြင်းကို ဖော်ထုတ်စေ။
ဃ။ အကျွန်ုပ်တို့၏ ဆုတောင်းချက်များကို နားညှောင်းအဖြေပေးဖို့၊ ဘုရားသခင် ထာဝရဘုရားကို နှိမ့်ချစွာ စောင့်မျှော်ကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်) တန်

To Contact : [email protected]