Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀၊ နိုဝင်ဘာလ (၂၃)

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀၊ နိုဝင်ဘာလ (၂၃)

 

ကျမ်းချက်။ ။ ဆာလံ ၁၉
ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
7 ထာဝရဘုရား၏ တရားတော်သည် စုံလင်သည် ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ ထာဝရဘုရား၏ သက်သေခံတော်မူချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိမ္မာသော သူတို့ကို လိမ္မာစေတတ်၏။ 8 ထာဝရဘုရား၏ နည်းဥပဒေသတို့သည် ဖြောင့် မတ်သည် ဖြစ်၍ စိတ်နှလုံးကို ရွှင်လန်းစေတတ်၏။ ထာဝရဘုရား၏ ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍၊ မျက်စိကို ရှင်းလင်းစေတတ်၏။ 9 ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည် သန့်ရှင်းသည် ဖြစ်၍၊ ကာလအစဉ်အမြဲတည်၏။ ထာဝရ ဘုရား၏စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့်ညီ၍၊ တညီတညွတ်တည်း ဖြောင့်မတ်ကြ၏။ 10 ရွှေထက်မက၊ များစွာသောရွှေစင်ထက် နှစ်သက်ဘွယ်ဖြစ်၍၊ ပျားရည်ထက်မက၊ ပျားလပို့ထက် ချိုကြ၏။
11 တရားတော်အားဖြင့် ကိုယ်တော်၏ ကျွန်သည် သတိရ၍၊ တရားစောင့်ခြင်းအကျိုးသည် ကြီးလှပါ၏။

(ဆာလံ ၁၉း၇-၁)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ သမ္မကျမ်းစာအတွက် အခြားသောအခေါ်အဝေါများ

က။ ထာဝရဘုရား၏ တရားတော်
ခ။ ထာဝရဘုရား၏ သက်သေခံတော်မူချက်
ဂ။ ထာဝရဘုရား၏ နည်းဥပဒေသ
ဃ။ ထာဝရဘုရား၏ ပညတ်တော်
င။ ထာဝရ ဘုရား၏စီရင်တော်မူချက်

၂။ အသက်တာ၌ သမ္မာကျမ်းစာ၏ ကြီးမားသော အကျိုးသက်ရောက်မှုများ

က။ စိတ်ဝိညာဉ်ကို ပြုပြင်တတ်သည်။
ခ။ မလိမ္မာသော သူတို့ကို လိမ္မာစေတတ်သည်။
ဂ။ စိတ်နှလုံးကို ရွှင်လန်းစေတတ်သည်။
ဃ။ မျက်စိကို ရှင်းလင်းစေတတ်သည်။
င။ ထာဝရဘုရားကို အစဉ်ကြောက်ရွံ့စေတတ်သည်။
စ။ ဒုက္ခဆင်းရဲခြင်းဘေးကို ကြိုတင်သတိပေးတတ်သည်။
ဆ။ သမ္မာကျမ်းစာကို စောင့်ရှောက်သောသူတို့အား အကျိုးရလဒ်ပေးတတ်သည်။

၃။ ထာဝရဘုရားသခင်နှင့် နှုတ်ကပတ်တော်ကို အသင့်တော်ဆုံးတုံ့ပြန်ခြင်း

က။ ရွေငွေထက် မြတ်နိူးရမည်။
ခ။ ပျားရည်ထက် ကြိုတ်နှစ်သက်ရမည်။
ဂ။ ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ပိုမိုသိကျွမ်းခြင်း ရှိရမည်။
ဃ။ စိတ်နှလုံးနှိမ့်ချစွာ နှုတ်ကပတ်တော်ကို ခံယူရမည်။
င။ အသက်တာ၌ လက်တွေ့ကျင့်ကြရမည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ တစ်ဦးချင်းအတွက် စိန်ခေါ်ချက်

က။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဘယ်မျှလောက် မြတ်နိူးသည်ကို စစ်ဆေးခြင်း။
ခ။ ကောင်းမွန်စွာ သင်ယူဖို့ ဆုံးဖြတ်ခြင်း၊
ဂ။ သမ္မာကျမ်းစာမှ သင်ယူသမျှ လက်တွေ့ကျင့်ဆောင်လိုခြင်း၊ စသည်တို့ရှိရမည်။

၂။ အံသြဖွယ်ကောင်းသော ဘုရားသခင်၏ ကတိတော်

က။ အကျွန်ုပ်တို့အသက်တာသည် လေးနက်စွာ ပြုပြင်ခြင်း ခံရလိမ့်မည်။
ခ။ အကျွန်ုပ်တို့အသက်တာသည် သိသာစွာ ပြောင်းလဲသွားလိမ့်မည်။

၃။ ပို၍ စိမ်းလန်းစိုဖြေသော အသက်တာကို ပိုင်ဆိုင်ရယူလိုခြင်း

က။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်တာ၌ အလွန်အရေးပါသည်။
ခ။ ဘုရားသခင်၏ကောင်းချီးမင်္ဂလာများသည် သိသာထင်ရှားစွာ ရယူပိုင်ဆိုင်ရလိမ့်မည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]