Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀၊ နိုဝင်ဘာလ (၉) ရက်

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀၊ နိုဝင်ဘာလ (၉) ရက်

 

ကျမ်းချက်။ ။ ဆာလံ ၁၈

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
၄၆ ထာဝရဘုရားသည် အသက်ရှင်တော်မူသည် ဖြစ်၍၊ ငါ၏ကျောက်၌ မင်္ဂလာရှိပါစေသတည်း။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်၌ ချီးမြှောက်ခြင်း ရှိပါစေသတည်း။
၄၇ ငါ့ဘက်၌ တရားသဖြင့်စီရင်၍၊ လူစုတို့ကို ငါ့အောက်မှာ နှိမ့်ချသောသူကား ဘုရားသခင်ပေတည်း။
၄၈ ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တဘက်၌ ထသောသူတို့အပေါ်သို့ ကိုယ်တော် သည် အကျွန်ုပ်ကိုမြှောက်တင်၍၊ လုယူဖျက်ဆီးတတ် သောသူ၏လက်မှ ကယ်လွှတ်တော်မူ၏။
၄၉ ထိုကြောင့် အိုထာဝရဘုရား၊ အကျွန်ုပ်သည် တပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို ချီးမွမ်း၍၊ နာမတော်ကို ထောမနာသီချင်း ဆိုပါမည်။
၅၀ ဘုရားသခင်သည် မိမိခန့်ထားသော မင်းကြီးကို အထူးသဖြင့် ကယ်လွှတ်တော်မူ၏။ ဘိသိက်တော်ကို ခံရသော ဒါဝိဒ်မှမစ၍ အမျိုးအနွယ်အား ကာလအစဉ် အဆက် ကရုဏာကျေးဇူးကို ပြုတော်မူ၏။ ထာဝရဘုရား၏ ကျွန်ဒါဝိဒ်သည် ရှောလုမင်းမှစ၍ ရန်သူအပေါင်း တို့လက်မှ ကယ်လွှတ်တော်မူခြင်း ကျေးဇူးကို ခံရသောအခါ၊ ထာဝရဘုရား ရှေ့တော်၌မြွက်ဆိုသောသီချင်းစကားဟူမူကား။

(ဆာလံ ၁၈း၄၆-၅၀)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ထာဝရဘုရားသခင်၌ ဝမ်းမြောက်ခြင်း

က။ ထာဝရဘုရားသခင်ကို ငါ၏ကျောက်ဖြစ်သည် ဟုချီးမွမ်းခြင်း။
ခ။ ထာဝရဘုရားသခင်ကို ချီးမြောက်ခြင်း။
ဂ။ ထာဝရဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းခြင်း။
ဃ။ ဘုရားသခင်၏နာမတော်ကို ထောမနာသီချင်း ဆိုခြင်း။

၂။ ဤသို့ ဝမ်းမြောက်ရခြင်း၏ အကြောင်းရင်းများမှာ

က။ အကျွန်ုပ်တို့ကို ကယ်တင်သော ဘုရားသခင် ဖြစ်သည်။

ခ။ မတရားသောသူတို့အပေါ်၌ ကိုယ်တော်တိုင် ပြုသောအရာများကို အောက်မေ့ခြင်း။

(၁) ကလေ့စားချေပေးခြင်း၊
(၂) ကယ်နှုတ်ခြင်း၊
(၃) ကယ်လွတ်ခြင်း၊
(၄) မစခြင်း၊ ချီးမြောက်ခြင်း၊
(၅) သနားကရုဏာသက်ခြင်း၊ စသည်တို့ဖြစ်သည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဆာလံ ၁၈ ကို အချိန်ပေး၍ ပြန်လေ့လာပါ။

က။ သင်ယူမိသော သင်ခန်းစာများ၊
ခ။ အသက်တာကို ပြောင်းလဲစေသော သင်ခန်းစာများ

၂။ ကျေးဇူးတော်ကို ချီးမွမ်းပါ။

က။ ဆုတောင်းခြင်းဖြင့်၊
ခ။ ချီးမွမ်းခြင်းဖြင့်၊

၃။ စိန်ခေါ်ချက်များ

က။ အသိညာဏ် တိုးပွားခြင်း၊
ခ။ အသက်တာကို ဆေးကြောသန့်ရှင်းခြင်း၊
ဂ။ ယုံကြည်ခြင်း ပို၍ ခိုင်ခံ့လာခြင်း၊
ဃ။ အသက်တာ ပို၍ နက်ရှိုင်းလာခြင်း၊
င။ အကျင့်စာရိတ် ရင့်ကျက်လာခြင်း၊
စ။ ယုံကြည်ခြင်း၊ အသက်တာနှင့် စပ်လျဉ်းသော သင်ခန်းစားများ မျှဝေခြင်း

၁)မိသားစုဝင်များ
၂) မိတ်ဆွေသူငယ်ချင်းများ
၃) အသစ်မိတ်ဆွေများ (ဧဝံဂေလိ ဝေငှခြင်း)

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

 

To Contact : [email protected]