Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ အောက်တိုဘာ ၁၉၊ ၂၀၂၀

ဘီထီအက်(စ်) သင်းအုပ်ပေးစာ အောက်တိုဘာ ၁၉၊ ၂၀၂၀

 

ကျမ်းပိုက်။ ဆာလံ ၁၈

ချစ်သောညီအစ်ကိုများ

 

ဆင်ခြင်နှလုံးသွင်းရန်

၃၅ ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်းလွှားကိုအပ်၍ လက်ျာလက်တော်အားဖြင့် မစတော်မူ၏။ သည်းခံတော်မူခြင်းအားဖြင့် အကျွန်ပ်ကို ချီးမြှောက်ခြင်းသို့ရောက်ပါ၏။
၃၆ အကျွန်ပ်သွားသောလမ်းကိုရှင်းလင်း၍ ခြေမချော်စေခြင်းဌာ ပြုတောမူသောအားဖြင့်၊                                                           ၃၇ အကျွန်ပ်သည် ရန်သူတို့ကို လိုက်၍မှီသဖြင့်၊ သူတို့ကို မပယ်ရှင်း မှီတိုင်အောင် မပြန်ပါ။
၃၈ သူတို့သည် အကျွန်ပ်ခြေအောက်မှာလဲလျက်ရှိ၍ မထနိုင်အောင်အကျွန်ပ်သည် နိုပ်နင်းပါ၏။
၃၉ အကြောင်းမူကားစစ်တိုက်စေခြင်းဌါ ကိုယ်တော်သည် အကျွန်ပ်ကို ခွန်အားခါးပန်းနှင့်စည်း၍
အကျွန်ပ်တဘက်၌ ထသောသူတို့ကို အကျွန်ပ်အောက်၌လဲတော်မူ၏။

ဆာလံ ၁၈း၃၅-၃၉

 

လေ့လာခြင်းနှင့် အဓိပ္ပါယ်ဖွင့်ဆိုခြင်း

၁။ ဒါဝိတ်မင်းကြီးအတွက်ဘုရားရှင်၏အထူးကူညီမစခြင်း
(က) ဘုရားရှင်၏ကယ်တင်ခြင်း
(၁) ဤအရာကိုဒါဝိတ်က ဒိုင်းဟုခေါ်သည်။
(၂) ဘုရားရှင်၏ကယ်တင်ခြင်း၌ ကာကွယ်ခြင်းလလည်းပါသည်။

(ခ) ဘုရားရှင်၏လမ်းပြခြင်း
(၁) ဒါဝိတ်က ဘုရားရှင်နှင့်နီးကပ်မှုကို ခံစားသည်။
(၂) ဘုရားရှင်သည် သူ၏လကျ်ာဘက်၌ (နီးကပ်စွာ) ရှိသလိုခံစားသည်။

(ဂ) ဘုရားရှင်၏ဖြေးညှင်းမှု/သိမ်မွေ့မှု
(၁) ဒါဝိတ်ကိုဘုရားရှင်ကဖြေးညှင်းစွာလမ်းပြသည်။
(၂) ဒါဝိတ်က အမှားများစွာပြုမိခဲ့သည်။
(၃) သို့သော်လည်း ဘုရားရှင်က သိမ်မွေ့စွာပြုပြင်ပေးသည်။

(ဃ) ဘုရားရှင်၏ကူညီမစခြင်း
(၁) ဒါဝိတ်၏လမ်းကို ကျယ်ပြန်စေသည်။
(၂) လုံခြုံ စိတ်ချစွာလျှောက်လှမ်းနိုင်ခဲ့သည်။
(၃) ချော်လဲမသွားခဲ့ပေ။

(င) ဘုရားရှင်၏ခွန်အား
(၁) တိုက်ပွဲအတွက် ဒါဝိတ်သည်ခွန်အားလိုအပ်သည်။
(၂) ဤခွန်အားကိုဘုရားရှင်ကဖြည့်စည်းပေးသည်။

(၂) ရလာတ်များ
(က) ရန်သူများကို နိုမ်နင်းခဲ့သည်။
(ခ) ရန်သူမျာကို ဖျက်ဆီးခဲ့သည်။

အသက်တာနှင့်အမှုတော်၌ကျင့်သုံးခြင်း

၁။ ဘုရားရှင်၏ ကူညီခြင်းသည် လွန်စွာအရေးကြီးသည်။
(က) ဤအရာကို သိမှတ်ဖို့လိုသည်။
(ခ) ဘုရားရှင်၏ကူညီမစခြင်းကို နှိမ့်ချစွာနှင့် ဝိရိယရှိစွာရှာဖွေရမည်။
(ဂ) ကျွန်ပ်တို့၏ ယုံကြည်ခြင်းနှင့်ဆုတောင်းခြင်း အသက်တာကို ပြုစုပျိုးထောင်ရမည်။

၂။ ဘုရားရှင်၏ကျေးဇူးနှင့် ဂရုဏာကြောင့်သာ
(က) အောင်နိုင်သောသူများဖြစ်လိမ့်မည်။
(ခ) ရန်သူများကြောက်ရွံ့ဖို့မလိုတော့ပါ။
(ဂ) ကျွန်ပ်တို အသက်တာ၌ ယုံကြည်မှုရှိရမည်။

 

ဆုတောင်းလျက်
ပါစ်တာ ချာလ်း(စ်) တန်

To Contact : [email protected]