Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၁၊၉၊၂၀၂၀

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၁၊၉၊၂၀၂၀

 

ကျမ်းချက်။ ။ ဆာလံ ၁၈

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
၂၂စီရင်တော်မူချက်ရှိသမျှကို ငါသည် မျက်မှောက် ပြု၏။ အထုံးအဖွဲ့တော်တို့ကို မပယ်၊ ၂၃ရှေ့တော်မှာဖြောင့်မတ်၍၊ ကိုယ်ဒုစရိုက်ကို ကြဉ် ရှောင်၏။ ၂၄ထိုကြောင့် ရှေ့တော်မှာထင်ရှားသော ငါ၏ ဖြောင့်မတ်ခြင်း၊ လက်စင်ကြယ်ခြင်းရှိသည်နှင့် အလျောက် ထာဝရဘုရားသည် ငါ၌ အကျိုးကို ပေးတော်မူပြီ (ဆာလံ ၁၈း၂၂ -၂၄)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် စပ်လျဉ်း၍ ဒါဝဒ်မင်းတုံ့ပြန်မှု
က။ ဘုရားသခင်၏စီရင်တော်မူချက်များကို မျက်မှောက်ပြုသည်။
ခ။ ဘုရားသခင်၏အထုံးအဖွဲ့တော်တို့ကို မပယ်။

၂။ ထာဝရဘုရားသခင်ရှေ့မှောတော်၌ ဒါဝဒ်မင်း အသက်တာ
က။ ဖြောင့်မတ်စွာ နေသည်။
ခ။ ဒုစရိုက်ကို ကြဉ်ရှောင်သည်။

၃။ ဘုရားသခင်၏ တုံ့ပြန်ချက်
က။ ဘုရားသခင်သည် ဒါဝဒ်မင်းကို သူ၏ဖြောင့်မတ်ခြင်းနှင့်အညီ အကျိုးပေး တော်မူသည်။
ခ။ ဘုရားသခင်သည် ဒါဝဒ်မင်းကို သူ၏လက်စင်ကြယ်ခြင်းနှင့်အညီ အကျိုးပေးတော်မူသည်။

၄။ ဒါဝဒ်မင်းသည် ကောင်းသောပုံသက်သေဖြစ်သည်။
က။ ကောင်းသောပုံသက်သေများတို့ကို ထောက်၍ ဘုရားသခင်၏နာမတော်ကို ချီးမွမ်းကြစို့။
ခ။ အလွန်ထိရောက်စွာ အကျိုးပြုမည့် အရေးပါသောသင်ခန်းစာများကို ကြိုးစားသင်ယူကြရမည်။
ဂ။ ဤကျမ်းချက်၌ အလွန်လေးနက်၍ အဓိပ္ပာယ်ရှိသော အမြင်သစ်များစွာ ရှိသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ စိတ်ထဲ၌ အစဉ် စွဲမြဲစွာ မှတ်ယူရမည့် အရေးကြီးသော သင်ခန်းစာနှစ်ခု
က။ အကျွန်ုပ်တို့အသက်တာ၌ ဘုရားသခင်၏နှုတ်ကပတ်တော်
(၁) ဇွဲလုံးလအပြည့်နှင့် ဖတ်ရှုလေ့လာနေရမည်။
(၂) စိတ်ထဲ၌ အစဉ်အောက်မေ့စွဲလမ်းနေရမည်။
ခ။ ဖြောင့်မတ်စွာ ရှင်သန်ခြင်း
(၁) ကြီးမားသော စိန်ခေါ်ချက်တစ်ရပ် ဖြစ်သည်။
(၂) အသက်တာသည် (မည်သို့ အသက်ရှင်သည်မှာ) လွန်စွာမှ အရေးပါသည်။

၂။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ
က။ ကျေးဇူးတော်နှင့် ကရုဏာတော်ကြောင့်သာ ကောင်းချီးခံစားကြရသည်။
ခ။ သို့သော်၊ အကျွန်ုပ်တို့ဖက်က လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများလည်း ရှိပေသည်။
ဂ။ ဘုရားသခင်၏အချို့သော ကောင်းချီးမင်္ဂလာများမှာ တာဝန်ကျေပွေစွာ ထမ်းဆောင်သောသူတို့အား ချပေးသော ဆုလဒ်များ ဖြစ်ကြသည်။

၃။ အကျွန်ုပ်တို့အတွက် စိန်ခေါ်ချက်
က။ ထာဝရဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်စွာ လျောက်လှမ်းကြစို့။
ခ။ ဒစရိုက်အပြစ်များကို ကျူးလွန်နေသောသူသည် ဘုရားပေးမည့်ကောင်းချီးမင်္ဂလာများ မရရှိနိုင်။
ဂ။ ဒါဝဒ်မင်းကြီး၏ ကောင်းသောပုံသက်သေကို အတုယူကြဖို့ အချင်းချင်း တိုက်တွန်းကြစို့။
ဃ။ ထာဝရဘုရားသခင်အတွက် ဂုဏ်ယူစွာ လျောက်လှမ်းဖို့ အချင်းချင်း အားပေးတိုက်တွန်းကြစို့။
င။ ဘုရားသခင်သည်
(၁) အကျွန်ုပ်တို့၏လုပ်ဆောင်ချက်များကို အသိအမှတ်ပြုလိမ့်မည်၊
(၂) စိတ်တော်တို့ထိ၍ ဝမ်းမြောက်လိမ့်မည်၊နှင့်
(၃) ကိတော်နှင့်အညီ ကောင်းချီးပေးလိမ့်မည်၊ ဟု ယုံကြည်မျှော်လင့်ကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]