Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၇၊၉၊၂၀၂၀

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၇၊၉၊၂၀၂၀

 

ကျမ်းချက်။ ။ ဆာလံ ၁၈း ၁၆-၁၉

ဆင်ခြင်နှလုံးသွင်းခြင်း
၁၆ထာဝရဘုရားသည် အထက်အရပ်က လက် တော်ကို ဆန့်၍၊ တခဲနက်သောရေထဲက ငါ့ကို ဆယ်ယူ တော်မူ၏။ ၁၇ငါ့ကိုမုန်းသောသူတည်းဟူသော ငါပြိုင်၍မနိုင် နိုင်အောင် ခွန်အားကြီးသော ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။ ၁၈ဘေးဥပဒ်ရောက်သောကာလ၌ သူတို့သည် ဆီးတားသော်လည်း၊ ထာဝရဘုရားသည်ငါမှီခိုရာဖြစ်၍၊ ၁၉ငါ့ကိုကျယ်ဝန်းရာအရပ်သို့ ပို့ဆောင်တော်မူ၏။ ငါ့ကိုနှစ်သက်သောကြောင့် ကယ်လွှတ်တော်မူ၏။ (ဆာလံ ၁၈း၁၆-၁၉)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဒါဝဒ်မင်း၏ ရန်သူများ
က။ အလွန်ခွန်အားကြီးကြသည်။
ခ။ ဒါဝဒ်မင်းအတွက် အလွန်အားကြီးလွန်းကြသည်။
ဂ။ အမုန်းတရားနှင့်ပြည့်နေကြသည်။
ဃ။ ဒါဝဒ် အားနည်းနေချိန်များ၌ တိုက်ခိုက်ကြသည်။
(၁) ဘေးဥပဒ်ရောက်နေချိန်
(၂) တိုင်းပြည်တစ်ခုလုံးကို ခြုံငုံသော ဘေးဥပဒ်
(၃) ဘုရင်မင်းကြီး အလွန်ဒဏ်ရာ ရလွယ်ချိန်၊ ဒုက္ခရောက်လုချိန် ဖြစ်သည်။
(၄) ရန်သူများသည် ထိုအခွင့်ကောင်းကို ခြောင်း၍ တိုက်ခိုက်ကြသည်။
င။ “ တခဲနက်သော ရေထဲက” သည်
(၁) နက်နဲသော မြစ်ရေ၊ ချောင်းရေ၊ ပင်လယ်ရေ စသည်တို့ကို ဆိုလိုသည်။
(၂) အလွန်ခက်ခဲသောကာလကို ရည်ညွန်းသည်။

၂။ ဘုရားသခင်၏ တန်ခိုးကြီးသော မစခြင်း
က။ ကောင်းကင်အထက်မှ မစခြင်းကို စေလွတ်သည်။
ခ။ ဒါဝဒ်မင်းကို ကယ်တင်သည်။
ဂ။ ထာဝရဘုရားသခင်သည် လုံး၀ ကူညီထောက်ပံ့သည်။
ဃ။ ဘုရားသခင်သည် သူ့ကို ခက်ခဲများမှ ကယ်နှုတ်သည်။
င။ ဒါဝဒ်မင်းသည်လည်း ရေနက်ရာ၌ ဆက်လက် မနေရတော့ချေ။
စ။ ဒါဝဒ်မင်းသည် ကျယ်သောကုန်းပေါ်၌ ရပ်နေရသည်။
(၁) လှုံခြုံမှု ခံစားရသည်။
(၂) ကာကွယ်စောင့်ရှောက်မှုလည်း ရရှိခံစားသည်။
(၃) ရန်သူတို့သည်လည်း သူတို့၏ အကြံအစည်အတိုင်း ခရီးကို ဆက်၍ မနှင်နိုင်ကြချေ။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ ရန်သူများသဖွယ်ဖြစ်သော ပြဿနာများ
က။ ဖြေရှင်းရန် အလွန်ခက်ခဲနေမည်။
ခ။ အကျွန်ုပ်တို့အဖို့ အလွန် သန်စွမ်းသယောင် ဖြစ်နေကြသည်။
၂။ ဆုတောင်းခြင်း
က။ အကျွန်ုပ်တို့ လုပ်ဆောင်ရမည့် အချက်ပင် ဖြစ်သည်။
ခ။ သစ္စာရှိစွာ ဆုတောင်းခြင်းဖြင့် ဘုရားသခင်၏မျက်နှာသာကို ရှာကြရမည်။
၃။ ဘုရားသခင်၏ မစခြင်း
က။ သူသည် ကူညီ မစလိမ့်မည်။
ခ။ အကျွန်ုပ်တို့အား ပေးသနားတော်မူသော မစခြင်းကို တန်ဖိုးထားကြစို့။

ဂိုဗစ်-၁၉ နှင့် ရင်ဆိုင်နေရချိန်၌ ဘုရားသခင်၏ မစခြင်းကျေးဇူးတော်ကို အကျွန်ုပ်တို့ အမှန်လိုအပ်နေသည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]