Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၆၊ဇူလိုင်၊၂၀၂၀

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၆၊ဇူလိုင်၊၂၀၂၀

 

ကျမ်းချက်။ ။ဆာလံ ၁၆

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၁၆း၁      အကျွန်ုပ်ကို စောင့်မတော်မူပါဘုရား။ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏။
၁၆း၂      ကိုယ်တော်သည် အကျွန်ုပ်၏ သခင်ဖြစ်တာ်မူသည်ဟု ထာဝရဘုရားကို အကျွန်ုပ်လျှောက်ဆိုပါပြီ။ ကျေးဇူတော်မှတပါး အခြားသောမင်္ဂလာသည် အကျွန်ုပ်၌ မရှိပါ။-
၁၆း၃      ပြည်တော၌နေသော သန့်ရှင်းသူနှင့် ထူးဆန်းသောသူတို့ကိုသာ နှစ်သက်ပါ၏။-
၁၆း၄      အခြားသောလမ်းသို့လိုက်ပြေးသော သူတို့သည် များစွာသော ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ ငါသည် သူတို့သွန်းလောင်းရာ ပူဇော်သက္ကာအသွေးကို မလှုမဆက်လို။ သူတို့ဘုရား၏ နာမကို မမြွက်လို။။-

ဆာလံ ၁၆း၁-၄

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဘုရားသခင်နှင့် ပေါင်းသင်းဆက်နွယ်ခြင်း
က။ ထာဝရဘုရားသခင်ကို ကိုးစားသည်။
ခ။ဘုရားသခင်နှင့် ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံသည်။

၂။ စိတ်ထားချင်းတူသောသူများနှင့် ပေါင်းသင်းဆက်ဆံခြင်း
က။ ကောင်း၍ မြတ်နိူးဖွယ်သော ခင်မင်မှု ဖြစ်သည်။
ခ။ `သူတော်စင်များ´ ဟုခေါ်ဝေါသမုတ်ထားသောသူများ ဖြစ်ကြသည်။
ဂ။ ယုံကြည်ခြင်းစိတ်ဓါတ်တူသောသူများနှင့် မိတ်သဟာရဖွဲ့ခြင်းသည် အလွန်နှစ်သက်ဖွယ်ကောင်း၍ ကျေနပ်အားရမှု ရှိသည်။

၃။ ရုပ်တုဆင်းတုကို ကိုးကွယ်သောသူများနှင့် ပတ်သက်ဆက်ဆံခြင်း
က။ စစ်မှန်သော မိတ်သဟာရဖွဲ့ခြင်း မရှိနိုင်။
ခ။ အတူမျှဝေခံစားနိုင်သော အရာဟူ၍ တစုံတခုမျှ မရှိ။
ဂ။ ဘုရားသခင်ကို ကျောခန်း၍ ရုပ်တုဆင်းတုကို ကိုးကွယ်သောသူတို့၌ ဝမ်းနည်းပူဆွေးခြင်းသာ ရှိသည်။
ဃ။ ဘယ်တော့မှ ရုပ်တုဆင်းတု ကိုးကွယ်မည် မဟုတ် (ဟုဒါဝဒ်မင်းကြီး ဆုံးဖြတ်ချက်ချခဲ့သည်) ။

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဘုရားသခင်ကို ယုံကြည်ခြင်း
က။စစ်မှန်သော ယုံကြည်ခြင်း ဖြစ်ရမည်။
ခ။ မိမိကိုယ်တိုင်၏ ဆုံးဖြတ်ချက် ဖြစ်ရမည်။
ဂ။ (ဘုရားသခင်နှင့် မိမိအကြား ) ရှင်သန်ကြီးထွားနေသော ပေါင်းသင်းဆက်နွယ်မှု ရှိရမည်။

၂။ (ဘုရားသခင်နှင့် မိမိအကြား) စစ်မှန်သော ပေါင်းသင်းဆက်နွယ်မှုကို ထင်ရှားဖော်ပြခြင်း
က။ ဆုတောင်းခြင်းသည် ထိုပေါင်းသင်းဆက်နွယ်မှုကို အထူးသဖြင့် ထင်ရှားစေသော အချက် ဖြစ်သည်။
ခ။ ဘုရားသခင်၏ မစတော်မူခြင်းကို တောင်းလျောက်ခြင်း
(၁) သဘာဝကျသည်။
(၂) လုံးဝလိုအပ်သည်။
ဂ။ ကျေးဇူးတရားကို လေးနက်စွာ သိရှိခြင်း
(၁) ယုံကြည်သောကြောင့် ဖြောင့်မတ်သောသူအဖြစ် မှတ်တော်မူသည်။
(၂) ဘုရားသခင်း ပေးသနားတော်မူသောကျေးဇူးတော်မပါဘဲ၊ အကျွန်ုပ်တို့၏ ကောင်းမြတ်ခြင်းသည် ဗလာ (အချည်းနှီးသာ) ဖြစ်သည်။

၃။ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သော ပေါင်းသင်းဆက်ဆံမှုကို ပြုစုပျိုးထောင်ခြင်း
က။ စစ်မှန်သော ယုံကြည်ခြင်းကို အခြေခံရမည်။
ခ။ ကျွန်ုပ်တို့သည် သခင်ဘုရား၏ `သူတော်စင်စာရင်းဝင်များ´ ဖြစ်ကြသည်။
ဂ။ သန့်ရှင်းစင်ကြယ်ခြင်းကို ဦးစားပေး၍ လက်တွေ့ဖော်ဆောင်ကြရမည်။
(၁) မိမိကိုယ်တိုင် ကိုယ်ထိလက်ရောက် သန့်ရှင်းခြင်း၊
(၂) ကိုယ်ထိလက်ရောက်သန့်ရှင်းခြင်းကို အစဉ်ကျင့်ကြံအားထုတ်နိုင်ရန် တိုက်တွန်းခြင်း၊
ဃ။ ဤအရာများသည် တန်ဖိုးကြီးသော ဘဝပန်းတိုင်များ ဖြစ်ကြသည်။
င။ ခိုင်ခံ့သော ခရစ်ယာန်မိတ်ဆွေများနှင့် ယုံကြည်ခြင်းကို အခြေခံသော မိတ်သဟာရဖွဲ့ခြင်းတို့သည် အကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို
ပို၍ခိုင်ခံ့စေတတ်သည်။

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]