Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၂)

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၂)

 

ကျမ်းချက်။ ။ဆာလံ ၁၄

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း

၁၄း၁ ဘုရားသခင်မရှိဟု မိုက်သောသူသည် ထင်တတ်၏။ ထိုသို့သောသူတို့သည် ဆွေးမြေ့ယိုယွင်း၍ စက်ဆုပ်ဘွယ်သော အမှုကို ပြုတတ်ကြ၏ ကောင်းသောအမှုကို ပြုသောသူတယေက်မျှမရှိ။-
၁၄း၂ နားလည်သောသူ၊ ဘုရားသခင်ကိုရှာသောသူ တစုံတယောက်ရှိသည်မရှိသည်ကို သိမြင်ခြင်းငှါ ထာဝရဘုရားသည် ကောင်းကင်ပေါ်က လူသားတို့ကို ငုံ့ကြည့်ရှုတော်မူ၏။-
၁၄း၃ လူအပေါင်းတို့သည် လမ်းလွှဲကြပြီ။ တညီတညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏။ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ။ တယောက်မျှမရှိ။
၁၄း၄ မုန့်ကိုစားသကဲ့သို့ ငါ၏လူတို့ကို ကိုက်စား၍၊ ထဝရဘုရားကို ပဌနာမပြုသော အဓမ္မလူအပေါင်းတို့သည် မသိဘဲ နေရကြသလော။-
၁၄း၅ သို့ဖြစ်၍ အလွန်ကြောက်လန့်ကြလိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် ဖြောင့်မတ်သော လူမျိုးဘက်၌ရှိတော်မူ၏။-
၁၄း၆ နှိမ့်ချလျက်ရှိသောသူသည် ထာဝရဘုရားကို ခိုလှုံသောကြောင့်၊ သင်တို့သည် သူ၏အကြံအစည်ကို အရှက်ကွဲစေတတ်ကြ၏။-
၁၄း၇ ဣသရေလအမျိုးကို ကယ်တင်ခြင်းကျေးဇူးတော်သည်၊ ဇိအုန်တောင်ပေါ်မှာ ပေါ်ထွန်းပါစေသော။ သိမ်းသွားခြင်းကို ခံရသောလူမျိူးတော်ကို တဖန် ထဝရဘုရားသည် ဆောင်ခဲ့တော်မူသောအခါ၊ ယာကုပ်သည် ဝမ်းမြောက်ခြင်း၊ ဣသရေလသည်လည်း ရွှင်လန်းခြင်းရှိလိမ့်မည်။

ဆာလံ ၁၄း၁-၇

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း
၁။ မိုက်သောသူ
က။ ဘုရားသခင်ကို ငြင်းပယ်သောကြောင့် မိုက်သောသူ ဟုခေါ်ရခြင်း ဖြစ်သည်။
ခ။ လူတစ်ဦးတစ်ယောက်က`ဘုရားသခင်မရှိ´ ဟုဆိုသောကြောင့် ဘုရားသခင်အမှန် မရှိသည် မဟုတ်။

၂။ မိုက်သောသူ၏ လုပ်ဆောင်ချက်များ
က။ မကောင်းသောအမှုများကို ပြုသောကြောင့် မိုက်သောသူတို့သည်
ယိုယွင်းပျက်ဆီးနေကြသည်။
ခ။ စက်ဆုပ်ဖွယ်သောအမှုတို့ကို ဆောင်ရွက်ကြသည်။
ဂ။ လမ်းလွှဲကြသည်။
ဃ။ ကောင်းသောအကျင့်ကို မကျင့်ကြ။
င။ အဓမ္မအမှုများကို ကျူးလွန်ကြသည်။
စ။ သူတပပါးတို့ကို အထင်သေးအမြင်သေး၍ ဆက်ဆံကြသည် (ကိုက်စား) ကြသည်။
ဆ။ သူတပါးတို့ကို အရှက်ကွဲစေကြသည်။
ဇ။ သူတပါးတို့ကို ချုပ်နှောင်ကြသည်။

၃။ဘုရားသခင်
က။ ကြည့်ရှုလျက် နေသည်။
ခ။ ဖြောင့်မတ်သောအမျိုးဖက်၌ ရပ်တည်နေသည်။
ဂ။ ဖြောင့်မတ်သောသူတို့၏ ခိုလှုံရာ ဖြစ်တော်မူသည်။

၄။ ဖြောင့်မတ်သောသူ
က။ ထာဝရဘုရားသခင်ကို ကိုးစားကြသည်။
ခ။ ထာဝရဘုရားထံတော်၌ အစဉ် ဝမ်းမြောက်ကြသည်။
ဂ။ ဘုရားသခင် ကယ်တင်တော်မူရန် ဆုတောင်းကြရသည်။

 

အသက်တာနှင့် အမှုတော်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ မိုက်မဲသောသူများကို မပေါင်းသင်းရ။ အကြောင်းမှာ-
က။ ကောက်ကျစ်ကြသည်။
ခ။ အကျင့်ပျက်၍ ပျက်ဆီးနေကြသည်။

၂။ ဖြောင့်မတ်သောသူများကို ပေါင်းဖော်ပါ။
က။ ဘုရားသခင်သည်သာ ခိုလှုံရာ ဖြစ်သည်။
ခ။ ထာဝရဘုရားသခင်ကို အစဉ်ကိုးစားလျက် ဝမ်းမြောက်ကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]