Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ မေလ (၁၅) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ မေလ (၁၅) ရက်

 

ကျမ်းချက်။ ။ဆာလံ ၃၃း၆-၉

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း

၆ ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို၎င်း၊ နှုတ်တော်အသက်အားဖြင့် မိုဃ်းကောင်းကင်တန်ဆာများကို၎င်း ဖန်ဆင်းတော်မူ၏။
၇ သမုဒ္ဒရာရေကို စုပုံစုဝေးစေတော်မူ၏။ နက်နဲ သောသမုဒ္ဒရာကိုလည်း လုံခြုံရာအရပ်တို့၌ သိုထားတော် မူ၏။
၈ ထာဝရဘုရားကို မြေကြီးတပြင်လုံး ကြောက်ရွံ့ စေ။ လောကီနိုင်ငံသားအပေါင်းတို့သည် ရိုသေလေးမြတ် ကြစေ။
၉ အကြောင်းမူကား၊ ထာဝရဘုရားမြွတ်ဆို၍၊ မြွတ်ဆိုတော်မူသည်အတိုင်း ဖြစ်၏။ အမိန့်တော်ရှိ၍၊ မိန့်တော်မူသည်အတိုင်း တည်လျက်နေ၏။

(ဆာလံ ၃၃း၆-၉)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း
၁။ ထာဝရဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့်၊

က။ ထာဝရဘုရားသခင်၌ တန်ခိုးတော်ရှိသည်။
ခ။ သူသည်သာ စကားကိုမြွတ်ဆိုရ၏။ မိန့်တော်မူသည့်အတိုင်း တည်လျက်ရှိကြသည်။
ဂ။ သူ မြွတ်ဆိုယုံဖြင့်၊

(၁) မိုးကောင်းကင်များသည် ဖြစ်တည်ကြသည်။
(၂) မြေကမ္ဘာကြီးတစ်ခုလုံးလည်း တည်ရှိသည်။
(၃) ပင်လယ်သမုဒ္ဒရာတို့သည်လည်း ဖြစ်တည်ကြသည်။

ဃ။ ခပ်သိမ်းသောအရာတို့သည် ဖြစ်တည်ကြသည်

(၁) ဘုရားသခင် ပုံဖော်သည့်အတိုင်း၊
(၂) ဘုရားသခင် ခန့်ထားတော်မူသည့်အတိုင်း၊

၂။ ထာဝရဘုရားသခင်ကို လျောင်ကန်စွာ တုံ့ပြန်ခြင်း

က။ ကြောက်ရွံ့ခြင်း၊
ခ။ ဘုရားသခင်ကို အံ့သြလျက်ရှိခြင်း၊

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ စိတ်မကောင်းစွာဖြင့် ပြောရမည်ဆိုပါက၊ အောက်ပါတို့သည် ဘဝအသက်တာ၌ တွေ့မြင်ရသော အချက်အလက်များ ဖြစ်ကြသည်။

က။ ကျွန်ုပ်တို့သည် ဖန်ဆင်းခြင်းကို ပေါ့တန်စွာ ခံယူကြသည်။
ခ။ ကျွန်ုပ်တို့သည် ဖန်ဆင်းရှင်ဘုရားသခင်ကိုလည်း အလွန်ပင် အလေးမထားဘဲ နေကြသည်။
ဂ။ ထို့ကြောင့်၊ ထာဝရဘုရားသခင်ကို သိပ်ပြီး မကြောက်တတ်ကြပေ။
ဃ။ ဘုရားသခင်နှင့်စပ်လျဉ်းပြီး အံ့သြခြင်း မရှိကြ။

၂။ ကျွန်ုပ်တို့ လုပ်ဆောင်သင့်သောအရာများမှာ-

က။ ဆာလံ ၈ ကို ဖတ်ခြင်း။
ခ။ ဆာလံ ၁၉ ကိုလည်း ဖတ်ရှုလေ့လာခြင်း၊
ဂ။ ဘုရားသခင်ဖန်ဆင်းသော အံ့သြဖွယ်များကို စာရင်းပြုစုခြင်း၊

၃။ အောက်ပါတို့ကို အချိန်ယူ၍ လုပ်ဆောင်ပါ။

က။ အချိန်ပေးပြီး ဆင်ခြင်နှလုံးသွင်းခြင်း၊
ခ။ မိုးကောင်းကင်ပြာကြီးကို မှော့်ကြည့်ခြင်း၊
ဂ။ ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းရာ၌ ဘုရားသခင်ပြုသော အမှုတို့ကို ကြည့်ရှုခြင်း၊

၄။ အချိန်ယူပြီး၊

က။ နှိမ့်ချစွာ ဆုတောင်းပါ။
ခ။ ဘုရားသခင်ကို အသစ်တဖန် ကျေးဇူးတင်ပါ။
ဂ။ ထာဝရဘုရားကို စိတ်နှလုံးထဲမှာ အမှန်ကြောက်ရွံ့တတ်ပါမည်အကြောင်း ဆုတောင်းပါ။

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

 

 

 

To Contact : [email protected]