Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ မေလ (၉) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ မေလ (၉) ရက်

 

ကျမ်းချက်။ ။ဆာလံ ၃၃း၁-၃

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
၄ အကြောင်းမူကား၊ ထာဝရဘုရား၏ နှုတ် ကပတ်တော်သည် ဖြောင့်မတ်ပေ၏။ စီရင်တော်မူသမျှ သော အမှုတို့သည်လည်း သစ္စာတရား နှင့်ညီကြ၏။
၅ ဖြောင့်မတ်စွာကျင့်ခြင်းနှင့် တရားသဖြင့် စီရင် ခြင်းကို နှစ်သက်တော်မူ၏။ ပထဝီမြေကြီးသည် ထာဝရ ဘုရား၏ ကျေးဇူးတော်နှင့် ပြည့်ဝလျက်ရှိ၏။

(ဆာလံ ၃၃း၄-၅)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ထာဝရဘုရားသခင်၏နှုတ်ကပတ်တော်

က။ အစဉ် ဖြောင့်မတ်သည်။
ခ။ ဆာလံ ၁၉း၇-၉နှင့် ယှဉ်၍ ဖတ်ကြည့်ပါ။

(၁) စုံလင်သည်။
(၂) ဟုတ်မှန်သည်။
(၃) မှန်ကန်သည်။
(၄) စင်ကြယ်သည်။
(၅) သစ္စာတရားနှင့်ညီသည်
(၆) ဖြောင့်မတ်သည်။

၂။ ထာဝရဘုရားသခင်ပြုတော်မူသောအမှု

က။ သစ္စာတရားနှင့်အညီ ဖြစ်ကြသည်။
ခ။ ဘုရားသခင်စီရင်သမျှတို့သည် သစ္စာတရားအတိုင်း ဖြစ်သည်။

၃။ ထာဝရဘုရားသခင်၏ ပုဂ္ဂိုလ်တော်

က။ ဖြောင့်မတ်ခြင်းကို နှစ်သက်သည်။
ခ။ တရားမျှတခြင်းကို ကြိုက်နှစ်သက်သည်။
ဂ။ ထို့ကြောင့်၊ သူသည် တရားသဖြင့် အစဉ် စီရင်လိမ့်မည်။
ဃ။ ထာဝရဘုရားသခင်၏ကောင်းမြတ်ခြင်း (ကျေးဇူးတော်)သည် မြေကြီးတပြင်လုံးကို လွှမ်းမိုးတော်မူသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ လေ့လာရာ၌ တွေ့ရော အကျွန်ုပ်တို့အတွက် စိန်ခေါ်ချက်များမှာ အဘယ်နည်း။
၂။ အောက်ပါအချက်တို့သည် အချင်းချင်းစပ်ဆက်လျှက်ရှိနေကြသည်။

က။ ထာဝရဘုရားသခင်၏နှုတ်ကပတ်တော်၊
ခ။ ထာဝရဘုရားသခင်စီရင်တော်မူသောအမှုတော်များ၊
ဂ။ ထာဝရဘုရားသခင်၏ပုဂ္ဂိုလ်တော်၊

(၁) နှုတ်ကပတ်တော်သည် ထာဝရဘုရားသခင်ကို ဖွင့်ဟဖော်ပြသည်။
(၂) ထာဝရဘုရား စီရင်ေသောအမှုတို့သည်လည်း ထာဝရဘုရားသခင်ကို ထင်ရှားစေသည်။
(၃) ထာဝရဘုရားသခင်၏ကြီးမြတ်ခြင်းသည် နက်ရှိုင်းစွာ မြတ်နိူးရပေမည်။

၃။ သင့်တယ်သော တုံ့ပြန်မှု

က။ ဆာလံ ၃၃း၁-၃ ကို ပြန်ဖိတ်ပါ။

(၁) ပြန်လေ့လာပါ။
(၂) ဆင်ခြင်နှလုံးသွင်းပါ။

ခ။ ဖတ်ပြီးသောအရာတို့ကို လက်တွေ့အသုံးပြုပါ။

(၁) ထာဝရဘုရားသခင်၌ ဝမ်းမြောက်ပါ။
(၂) ထာဝရဘုရားသခင်ကို ချီးမွမ်းပါ။
(၃) ထာဝရဘုရားသခင်အား သီးချင်းဆို၍ ချီးမွမ်းပါ။
(၄) ထာဝရဘုရားသခင်အား ကျွမ်းကျင်စွာ တီးမှုတ်လျှက် ချီးမွမ်းပါ။

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

 

To Contact : [email protected]