Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ မေလ (၂) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ မေလ (၂) ရက်

 

ကျမ်းချက်။ ။ဆာလံ ၃၂း၁၀-၁၁

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း

၁ ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရားကို အမှီပြု ၍ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ ထောမနာပြုခြင်း အကျင့်သည် သဘောဖြောင့်သောသူတို့နှင့် ထိုက်တန် လျောက်ပတ်ပေ၏။
၂ စောင်းတီး၍ထာဝရဘုရားကို ချီးမွမ်းကြလော့။ ကြိုးဆယ်ပင်ရှိသော တူရိယာနှင့် ထောမနာသီချင်း ဆိုကြ လော့။
၃ ရှေ့တော်၌အသစ်သောသီချင်းကို ဆိုကြလော့။ တံပိုးမှုတ်ခြင်းနှင့်တကွ သာယာစွာ တီးကြလော့။
(ဆာလံ ၃၃း၁-၃)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ထာဝရဘုရား၌ ဝမ်းမြောက်ကြရန် ခေါ်ဖိတ်ခြင်း

က။ ဤအချက်သည် ဆာလံကျမ်းများ၌ မကြခဏတွေ့ရသောအချက် ဖြစ်သည်။
ခ။ ပေါလုကိုယ်တိုင်လည်း သူ၏စာဖတ်ပရိသတ်များကို သခင်ဘုရား၌ ဝမ်းမြောက်ကြရန် တိုက်တွန်းလျှက် ရှိသည်။

၂။ ဘာကြောင့် ဘုရားသခင်၌ ဝမ်းမြောက်ခြင်းကို အလေးထားသင့် သနည်း။

က။ ယုံကြည်သူများအနေဖြင့် ဝမ်းမြောက်စရာအကြောင်း များစွာ ရှိမည်ဖြစ်သည်။
ခ။ အကျွန်ုပ်တို့ ဝမ်းမြောက်ရမည့်အကြောင်းရင်း တစ်ချို့မှာ-

(၁) ဘုရားသခင်ကို သိကျွမ်းခြင်း၊
(၂) ထာဝရဘုရားသခင်က ပေးသနားတော်မူသော ကယ်တင်ခြင်း၊
(၃) ဘုရားသခင်၏ကတိတော်များ၊
(၄) အကျွန်ုပ်တို့ အသက်တာ၌ ထင်ရှားသော သခင်ဘုရား၏တန်ခိုးတော်များ၊
(၅) ဘုရားသခင်ပေးသော ကောင်းချီးမင်္ဂလာများ၊
(၆) ဘုရားသခင်ပေးသော အောင်မြင်မှုများ၊

၃။ ထာဝရဘုရားသခင်၌ အဘယ်သို့ ဝမ်းမြောက်ကြောင်း ဖော်ပြရမည်နည်း။

က။ဝမ်းမြောက်ကြောင်း ပြသနိုင်သည့် နည်းတစ်ခုကို ဤဆာလံ၌ တွေ့ရသည်။
ခ။ ထိုနည်းလမ်းသည် ဘုရားသခင်အား ချီးမွမ်းခြင်းပင် ဖြစ်သည်။
ဂ။ ဘုရားသခင်၌ ဝမ်းမြောက်ကြောင်း ဖော်ပြနိုင်သည့်နည်းမျိုးစုံ ရှိသည်။

၄။ ဘုရားသခင်အား ချီးမွမ်းခြင်းကို ပို၍ရှင်းလင်းစွာ ဖော်ပြထားသည်။

က။ ထာဝရဘုရားအား ချီးမွမ်းရန် အသစ်သောသီးချင်းများကို စပ်ဆိုခြင်း၊
ခ။ ဘုရားသခင်ကို တူရိယာမျိုးစုံဖြင့် သီဆိုချီးမွမ်းခြင်း၊

(၁) လူတို့၏အသံကို လွင့်၍လည်းကောင်း၊
(၂) သံစုံသီဆို၍ လည်းကောင်း၊
(၃) တူရိယာမျိုးစုံကို တီးခပ်၍လည်းကောင်း၊ ချီးမွမ်းခြင်း၊

၅။ ကြီးမားသော စိန်ခေါ်ချက်

က။ ကျွမ်းကျင်စွာ သီဆိုချင်း၊
ခ။ ခန့်ညှားသော သံစဉ်များကို ဖန်တီးခြင်း၊
ဂ။ ထိုသို့ အကောင်းဆုံးဆောင်ရွက်သောအမှုတို့သည် အလွန်လှပကြသည်။

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဘယ်နေရာက အစပြုမှာလဲ။

က။ ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းမှ အစပြုရမည်။
ခ။ ထာဝရဘုရားသခင်ကို အမှန်ကြည်ညှိခြင်း၊ ထာဝရဘုရားသခင်၏ကောင်းချီးမင်္ဂလာများကို တန်ဖိုးထားမြတ်နိူးခြင်းမှ အစပြုရမည်။

၂။ အဘယ်သို့ အဆုံးထိ ဆောင်ရွက်နိုင်မည်နည်း။

က။ ဝမ်းမြောက်တတ်သော စိတ်သဘောကို ပြုစုပျိုးထောင်ပါ။
ခ။ ချီးမွမ်းသီးချင်းများကို ပို၍ကောင်းမွန်စွာ သီဆိုတတ်မည်အကြောင်း လေ့ကျင့်ပါ။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

 

 

To Contact : [email protected]