Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၄) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၄) ရက်

 

ကျမ်းချက်။ ။ဆာလံ ၃၂း၁၀-၁၁

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
၁၀ မတရားသောသူသည် များစွာသောဒုက္ခကို ခံရ၏။ ထာဝရဘုရား၌ ကိုးစားသောသူကိုကား၊ ကရုဏာ တော်သည် ဝန်းရံတတ်၏။
၁၁ ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရား၌ ဝမ်း မြောက်ရွှင်လန်းကြလော့။ သဘောဖြောင့်သောသူတို့၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။
(ဆာလံ ၃၂း ၁၀-၁၁)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ မတရားသောသူတို့သည်

က။ မတရားသောလမ်းစဉ်ကို ရွေးချယ်ကြသည်။
ခ။ ဆာလံကျမ်း၌ ကြိမ်ဖန်များစွာ ဖော်ပြထားသောသူများ ဖြစ်ကြသည်။
ဂ။ ဆာလံ ၁၄ ကိုပြန်ဖတ်ကြည့်ပါ။

၂။ မည်သည့်အရာတို့သည် နောင်တမရသောသူတို့၌ ရောက်ရှိမည်နည်း။

က။ ဆင်းရဲဒုက္ခကို ခံရကြမည်။
ခ။ ထာဝရဘုရားသခင်သည် သူတို့ကို တရားစီရင်မည်။
ဂ။ သူတို့၏အပြစ်များကြောင့်၊ ထာဝရဘုရား၏ဒဏ်ခပ်ခြင်းခံရမည်။

၃။ ထာဝရဘုရားကို ကိုးစားသောသူတို့သည်

က။ ဖြောင့်မတ်သောသူများဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရသည်။
ခ။ သဘောဖြောင့်သောသူများဟုလည်း ခေါ်ခြင်းခံရသည်။

၄။ ဘုရားသခင်သည် ဖြောင့်မတ်သောသူတု့ိ၌ မည်သည့်အရာကို ပြုမည်နည်း။

က။ ဘုရားသခင်၏ကရုဏာတော်သည် ဝန်းရံတော်မူမည်။
ခ။ (ထို့ကြောင့်)၊ မတရားသောသူတို့ကဲ့သို့ ဘဝနိဂိုန်းချုပ်မည် မဟုတ်ပေ။

၅။ ထာဝရဘုရားကို ကိုးစားသောသူတု့ိအတွက် စိန်ခေါ်ချက်မှာ-

က။ ထာဝရဘုရား၌ ရွင်လန်းဝမ်းမြောက်ရန်၊
ခ။ ထာဝရဘုရား၌ ချီးမွမ်းသီဆိုရန်၊
ဂ။ ဝမ်းမြောက်ရွင်လန်းသောကြောင့် အသံလွင့်၍ အော်ဟစ်ရန်၊

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ မတရားသောအမှုအရာ

က။ အပြစ်မှ ဆင်းသက်လာသည်။
ခ။ စာတန်သည် မကောင်းမှုမှန်သမျှတို့၏အရင်းအမြစ်ဖြစ်သည်။

၂။ မတရားသောအမှုအရာကို အပြည့်အ၀ နားလည်ကြရမည်။

က။ မတရားသောအမှု၌ လုံး၀ ပါဝင်ပတ်သက်ခြင်း မပြုရ။
ခ။ မတရားသောအမှု၌ အလွန်ဆိုးဝါးသော အကျိုးဆက်များ ရှိသည်။

(၁) အတွေးအမြင်ကို ပျက်ဆီးစေသည်။
(၂) စိတ်နှလုံးကို မာကျောစေသည်။
(၃) ဘုရားသခင်ကို သိနိုင်သောအာရုံတို့ကိုလည်း သေကြေပျက်ဆီးစေသည်။
(၄) အကျွန်ုပ်တို့ကို ဟန်ဆောင်၍ အသက်ရှင်စေသည်။

၃။ အကျွန်ုပ်တို့၏ လိုအပ်ချက်

က။ ဖြောင့်မတ်ခြင်းကို ကျင့်သုံးဖော်ဆောင်ကြစို့။
ခ။ ဖြောင့်မတ်ခြင်းသည် ခံယူချက်ထက်များစွာ လေးနက်သည်။
ဂ။ ဖြောင့်မတ်ခြင်းသည် အသက်တာလမ်းစဉ် တစ်ခုဖြစ်သည်။
ဃ။ ဖြောင့်မတ်ခြင်းကို အသိတရားအပြည့်နှင့် လက်တွေ့ဖော်ဆောင်ရမည်။
င။ အကျွန်ုပ်တို့သည် ပြောင်းလဲခြင်းမရှိဘဲ ဖြောင့်မတ်နေရမည်။

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]