Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၇) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၇) ရက်

 

ကျမ်းချက်။ ။ဆာလံ ၃၂

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံ့းသွင်းခြင်း

၈ သင့်ကိုငါသွန်သင်မည်။ သင်သွားရမည့်လမ်းကို ပြညွှန်မည်။ သင့်ကိုကြည့်ရှုပြုစုမည်။ ဉာဏ်ပညာမဲ့သော မြင်လားကဲ့သို့ မဖြစ်နှင့်။

၉ သူသည်သင့်ထံသို့ မချဉ်းကပ်သောကြောင့်၊ ပါးစပ်ကို ဇက်ခွံ့၍၊ ဇက်ကြိုးနှင့်ဆွဲရမည်။

(ဆာလံ ၃၂း၈-၉)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ထာဝရဘုရားသခင်၏ကတိတော်

က။ “သင့်ကိုငါသွန်သင်မည်။”

(၁) ယေဘုယျ သွန်သင်ခြင်း
(၂) နည်းမျိုးစုံများ သွန်သင်နိုင်သည်။
ဘုရားသခင်သည် ဆရာသမားများကို အသုံးပြု၍ သွန်သင်နိုင်သည်။

ခ။ “သင်သွားရမည့်လမ်းကို ပြညွှန်မည်။”

(၁) တိကျစွာ သွန်သင်မည်။
(၂) တိုက်ရိုက်သွန်သင်မည် ဖြစ်သည်။
(၃) ဘုရားသခင်ကိုယ်တော်တိုင် သွန်သင်မည် ဖြစ်သည်။

ဂ။ “သင့်ကိုကြည့်ရှုပြုစုမည်။”

(၁) ဤသည်မှာ ဘုရားသခင်၏သွေးဆောင်တော်မူခြင်းကို ရည်ညွန်းသည်။
(၂) ဘုရားသခင်သည် အကျွန်ုပ်တို့၏အနီးအနားသို့ ရောက်လာပြီး၊ အကျွန်ုပ်တို့ဆောင်ရွက်အပ်သောအမှုတို့ကို ကြည့်ရှုပေးမည်။

ဃ။ ဤသို့ ဘုရားသခင် အနီးကပ်ကြည့်ရှုလမ်းပြခြင်းကို မှန်သောပုရောဖက်တိုင်းက သက်သေထွက်ဆိုနိုင်ကြလိမ့်မည်။

(၁) ထာဝရဘုရားသခင်သည် လေးနက်သောအမှန်တရားတို့ကို ဖွင့်ပြတော်မူမည်။
(၂) သူသည် ထိုနဲနက်သောအရာတို့ကို လေးနက်စွာ သွန်သင်တော်မူမည်။

၂။ ထာဝရဘုရားသခင်၏ စိန်ခေါ်ချက်

က။ “ဉာဏ်ပညာမဲ့သော မြင်းကဲ့သို့ မဖြစ်နှင့်။”

(၁) မြင်းတို့သည် ဉာဏ်ပညာ မရှိကြချေ။
(၂) မိမိတို့၏အသိစိတ်ကို လက်ရှိသုံးနေတာထက် များစွာ ပိုသုံးရမည်။

ခ။ “ဉာဏ်ပညာမဲ့သော လားကဲ့သို့ မဖြစ်နှင့်။”

(၁) လားတို့သည် အလွန်ခေါင်းမာကြသည်။
(၂) နဂိုအပြစ်ဖြစ်သော မိမိတို့အခြေအနေကို မိမိတို့ခေါင်းမာမှုကြောင့် ပိုမိုဆိုးဝါးသွားခြင်း မဖြစ်စေသင့်ပေ။

ဂ။ မြင်းနှင့်လား

(၁) သူတို့သည် မိမိတို့၏သခင်များနှင့် ရင်းနှီးသိကျွမ်းခြင်း မရှိတတ်ကြချေ။
(၂) သခင်တို့၏စကားကို နာခံလာရန်၊ သူတို့၏ ပါးစပ်ကို ဇက်ခွံ့၍၊ ဇက်ကြိုးနှင့် ဆွဲကြရသည်။

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အကျွန်ုပ်တို့ ရင်ဆိုင်နေရသော သာမန်ပြဿနာများ

က။ ဘုရားသခင်သည် အကျွန်ုပ်တို့နှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိ။
ခ။ အကျွန်ုပ်တို့သည် ဘုရားသခင်စကားကို ကောင်းမွန်စွာ နားထောင်ခြင်း မရှိ။
အကျွန်ုပ်တို့သည် အလွန်ခေါင်းမာသော လူမျိုးများ ဖြစ်ကြသည်။

၂။ လိုအပ်သော ဖြေရှင်းချက်များ

က။ အကျွန်ုပ်တို့၏ ဒုစရိုက်အပြစ်များကို ဖြေရှင်းရမည်။
ခ။ ဘုရားသခင်ထံတော်သို့ ပြန်လှည့်ကြရမည်။
ဂ။ ထာဝရဘုရားသခင်နှင့် အကျွမ်းဝင်မည်အကြောင်း ချဉ်းကပ်ရမည်။
ဃ။ ထာဝရဘုရားသခင်နှင့် ရင်းနှီးစွာ အသက်ရှင်မည်အကြောင်း ကြိုးစားကြစို့။ သို့မှသာ၊

သူသည် အကျွန်ုပ်တို့ကို အသက်နှင့်ယှဉ်သော အမှန်တရားများစွာကို သွန်သင်တော်မူမည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]