Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၁) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၁) ရက်

 

ကျမ်းချက်။ ။ဆာလံ ၃၂

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံ့းသွင်းခြင်း

၆ ထိုကြောင့် ကိုယ်တော်ကို တွေ့သင့်သော အချိန် ကာလ၌၊ သန့်ရှင်းသူအပေါင်းတို့သည် ရှေ့တော်၌ တောင်းလျှောက်ကြပါလိမ့်မည်။ အကယ်စင်စစ် လွှမ်မိုး တတ်သောရေကြီးသည် သူတို့ထံသို့ မချဉ်းရပါ။

၇ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော် မူ၏။ အကျွန်ုပ်ကို ဘေးလွှတ်စေခြင်းငှါ ကွယ်ကာ စောင့်မတော်မူ၏။ ကယ်လွှတ်ကြောင်းကို ဆိုသောသီချင်း နှင့် အကျွန်ုပ်ကို ခြံရံစေတော်မူ၏။

(ဆာလံ ၃၁း၆-၇)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ “သန့်ရှင်းသူအပေါင်းတို့”

က။ မိမိအပြစ်များကို ဝန်ချတောင်းပန်သောကြောင့်၊
ခ။ ခွင့်လွတ်ခြင်းကို ခံရသောသူများ၊
ဂ။ ဘုရားသခင်ကို ကြောက်ရွံ့လျှက်အသက်ရှင်ရမည်ကို အမှန်သိသောသူများ၊

၂။ ဆုတောင်းခြင်း

က။ သန့်ရှင်းသောသူသည် ဘုရားသခင်ကို ဆုတောင်း ပဌနာပြုမည်။

(၁) နှိမ့်ချစွာ၊
(၂) လေးနက်စွာ၊
(၃) အဓိပ္ပါယ်ရှိရှိ၊

ခ။ “ကိုယ်တော်ကို တွေ့သင့်သော အချိန် ကာလ၌၊”

(၁) မိမိအထင်အမြင်နှင့် ဆုတောင်းခြင်း မပြုရ။
(၂) မိမိ ကြိုက်တဲ့အချိန်မှာ ဘုရားသခင်ထံ ဆုတောင်းလို့ရမည်ဟု မခံယူရ။
(၃) အလျှင်လိုသော စိတ်နှင့် အမြဲဆုတောင်းရမည်။

၃။ ဘုရားသခင်၏ကွယ်ကာခြင်း

က။ ရေကြီး၍ လွမ်းမိုးခြင်းသည် များစွာသောပျက်စီးခြင်းကို ဖြစ်စေသည်။
ခ။ ဘုရားသခင်ကို အကျွန်ုပ်တို့ကို လုံလောက်သော အကွယ်အကာ ပေးတော်မူလိမ့်မည်။

၄။ ဆာလံဆရာ၏ ကောင်းသောသက်သေခံချက်

က။ ဘုရားသခင်သည် သူ၏ခိုလှုံရာ ဖြစ်သည်။
ခ။ ဘုရားသခင်သည် သူ့ကို အကွယ်အကာ ပေးလိမ့်မည်။
ဂ။ ဒုက္ခဆင်းရဲအမျိုးမျိုးမှ သူ့ကို မစလိမ့်မည်။
ဃ။ ကယ်လွှတ်ကြောင်းကို ဆိုသောသီချင်းကိုလည်း ပေးလိမ့်မည်။

၅။ ကယ်လွတ်ခြင်းနှင့်စပ်လျဉ်းသော သီချင်းများ

က။ ချီးမွမ်းခြင်းနှင့်ဆိုင်သော သီချင်းများ၊
ခ။ နှိမ့်သိမ့်ခြင်းနှင့်ဆိုင်သော သီချင်းများ၊
ဂ။ စိတ်နှုလုံးကို ကြီးမားစွာ အားတတ်စေသော သီချင်းများ၊

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ ဘုရားသခင်ကို ကြောက်ရွံ့သောအသက်ကို တည်ဆောက်ခြင်း

က။ အသေအချာ ကရုစိုက်ရမည့်အချက် ဖြစ်သည်။
သန့်ရှင်းသောအသက်တာကို ပြုစုတည်ဆောက်ခြင်းငှါ အကျိုးအကြောင်းများစွာ ရှိသည်။
ခ။ သန့်ရှင်းသောသူသည် အလွန်တရာမှ ကောင်းချီးခံစားရလိမ့်မည်။

၂။ ထာဝရဘုရားသခင်အား သီချင်းဆိုခြင်း

က။ အချင်းချင်း အားပေးတိုက်တွန်းရမည့် အချက်ဖြစ်သည်။
ခ။ ဘုရားသခင်အား ကျေးဇူးတင်လျှက် ကာလအစဉ် ချီးမွမ်းနိုင်ကြပါစေ။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]