Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၄) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၄) ရက်

 

ကျမ်းချက်။ ။ဆာလံ ၃၂း၃-၅

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း

၃ ငါသည် အပြစ်ကိုမဘော်မပြဘဲ နေစဉ်အခါ၊ တနေ့လုံးညည်း တွားသောအားဖြင့်၊ ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ ရောက်ကြ၏။

၄ နေ့ညဉ့်မပြတ် ကိုယ်တော်၏လက်သည် အကျွန်ုပ်အပေါ်မှာ လေး၍၊ အကျွန်ုပ်၏ ချွေးရည်သည် နွေကာလ၌ သွေ့ခြောက်ခြင်းကဲ့သို့ ဖြစ်ပါ၏။

၅ တဖန်အကျွန်ုပ်သည် ကိုယ်အပြစ်ကိုရှေ့တော်၌ ဝန်ချပါ၏။ ပြု မိသောဒုစရိုက်ကို ဝှက်၍မထားပါ။ ငါလွန်ကျူးသောအရာကို ထာဝရဘုရားအား ဘော်ပြ တောင်းပန်မည်ဟုပြောဆိုသောအခါ၊ ကိုယ်တော်သည် အကျွန်ုပ်ပြစ်မှားခြင်းအပြစ်ကို လွှတ်တော်မူ၏။

(ဆာလံ ၃၁း၃-၅)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ကိုယ်တွေ့သက်သေခံချက်

က။ မိမိအပြစ်ကို ဝန်ချတောင်းပန်ခြင်းမပြုမှီ ခံရသောအမှုတု့ိကို ဒါဝဒ်မင်းကြီး ဆင်ခြင်ခဲ့သည်။
ခ။ ထိုအပြစ်သည် သူ့ကိုအလွန်ဆိုးဝါးစွာ ထိခိုက်နစ်နာစေခဲ့သည်။

၂။ အပြစ်များကို ဘုရားသခင်ရှေ့မှောက်၌ မဖြေရှင်းခဲ့လျှင် အကျွန်ုပ်တို့ကို အဘယ်သို့ ထိခိုနစ်နာစေနိုင်သနည်း။

က။ အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ ရောက်ကြလိမ့်မည်။

(၁) အကျွန်ုပ်တို့သည် အမြန်ဆန်စွာ လက်တွေ့အိုရင့်လာမည်။
(၂) အကျွန်ုပ်တို့သည် ညှဉ်းထွား၍ အရာခပ်သိမ်းတို့ကို အဆိုးမြင်လာမည်။

ခ။ အကျွန်ုပ်တို့၏အကျင့်နှင့်အသက်တာတို့သည်လည်း ဆိုးဝါးစွာ ထိခိုက်သွားမည်။

၃။ ဘုရားသခင်သည် အကျွန်ုပ်တို့ကို တိုက်ရိုက် ကိုင်တွယ်ဖြေရှင်းမည်။

က။ သူ၏လက်တော်သည် အကျွန်ုပ်တို့အပေါ်၌ လေးနေမည်။
ခ။ အကျွန်ုပ်တို့၏ ချွေးရည်

(၁) အကျွန်ုပ်တို့၏ ခွန်အား၊
(၂) အကျွန်ုပ်တို့၏ သာမန်အင်အား၊
(၃) ဤခွန်အားသည်လည်း ဆိုးဝါးစွာ ထိခိုက်သွားမည်။

၄။ မရှိမဖြစ် ဆောင်ရွက်ရမည့်အရာမှာ-

က။ အကျွန်ုပ်တို့၏အပြစ်များကို ဝန်ချတောင်းပန်ကြစို့။
ခ။ မိမိတို့၏အပြစ်များကို ဆက်လက်ပြီး ဖုံးကွယ်ခြင်း မပြုကြစို့နှင့်။

၅။ အကျွန်ုပ်တို့၏အပြစ်များ

က။ ဆိုးညစ်မှုများနှင့်ပြည့်သည်။
ခ။ ထာဝရဘုရားသခင်သည် အကျွနု်ပ်တို့ကို ပြင်းထန်စွာ ဆုံးမရလိမ့်မည်။

၆။ စစ်မှန်သော အပြစ်ဝန်ချတောင်းပန်ခြင်း ရှိသောအခါ၊

က။ အကုန်အစင် အပြစ်လွတ်ခြင်းလည်း ရှိသည်။
ခ။ နောင်တရသောသူ၏ အပြစ်များကို ဘုရားသခင်သည် စစ်ကြောပေးတော်မူလိမ့်မည်။

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အပြစ်ကို လေးနက်စွာ ကိုင်တွယ်ဖြေရှင်းရမည်။
၂။ အပြစ်သည် သေစေတတ်သောအရဖြစ်၍၊ အကျွန်ုပ်တို့၏အသက်တာကို အလွန်ထိခိုက်နစ်နာစေနိုင်သည်။
၃။ သတိနှင့်ယှဉ်၍ အသင့်တော်ဆုံးသော အရာကို ဆောင်ရွက်ကြစို့။
၄။ မိမိတို့၏အပြစ်များကို ဝန်ချတောင်းပန်၍၊ ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ကာ၊ အပြစ်ခွင့်လွတ်ခြင်းကျေးဇူးကို ခံယူကြစို့။
၅။ သခင်ဘုရားရှေ့တော်၌ အသိညာဏ်နှင့်အတူ ကျင်လည်ကြစို့။

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]