Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၂ခုနှစ်၊ မတ်လ (၆)ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၂ခုနှစ်၊ မတ်လ (၆)ရက်

 

ကျမ်းချက်။ ။ဆာလံ ၃၁

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
၁၄ သို့သော်လည်း ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ကိုးစားပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူသည်ဟု အကျွန်ုပ် လျှောက်ဆို ပါ၏။

၁၅ အကျွန်ုပ်၌ဖြစ်လေသမျှသော အမှုအရာတို့ကို ကိုယ်တော်စီရင်ပိုင်တော်မူ၏။ ရန်သူတို့နှင့် ညှဉ်းဆဲတတ် သောသူတို့ လက်မှအကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။

၁၆ မျက်နှာတော်၏ အလင်းကိုကိုယ်တော်၏ ကျွန် အပေါ်၌ ထွန်းလင်းစေတော်မူပါ။ ကရုဏာတော်ကြောင့်၊ အကျွန်ုပ်ကိုကယ်တင်တော်မူပါ။

၁၇ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို ဆုတောင်းပဌနာပြုပါသည်ဖြစ်၍၊ ရှက်ကြောက်ခြင်းမရှိ ပါစေနှင့်။ လူဆိုးတို့မူကား၊ အရှက်ကွဲလျက်မရဏာနိုင်ငံ၌ တိတ်ဆိတ်စွာနေကြပါစေသော။

၁၈ မာနထောင်လွှားခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် တကွ၊ ဖြောင့်မတ်သောသူတဘက်၌ စော်ကားသော စကားကိုပြော၍၊ မုသာ၌ကျင်လည်သော နှုတ်တို့သည် တိတ်ဆိတ်စွာနေကြပါစေ။

(ဆာလံ ၃၁း၁၄-၁၈)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဘုရားသခင်အား ကိုးစားခြင်း
သို့သော်လည်း ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ကိုးစားပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူသည်ဟု အကျွန်ုပ် လျှောက်ဆို ပါ၏။ (ဆာလံ ၃၁း၁၄)

က။ ဆာလံကျမ်း၌ ကြိမ်ဖန်များစွာတွေ့ရသော အချက်ဖြစ်သည်။
ခ။ ဤသို့ ဘုရားသခင်အား ကိုးစားသည်ကို မကြာခဏဖော်ပြရခြင်းမှာ-

(၁) အထူး ထင်ရှားစေခြင်း အဖြစ်လည်းကောင်း၊
(၂) သက်သေခံခြင်းဖြစ်သောကြောင့်၊
(၃) သူတပါအား အားပေးတိုက်တွန်အဖြစ်လည်းကောင်း၊
(၄) မိမိကိုယ်တွေ့ဖြစ်ရပ်မှန်ဖြစ်သောကြောင့်

ဂ။ အကျွန်ုပ်တို့ အသက်တာ၏ အချိန်ကာလ

 (၁) စစ်မှန်သော အချက် ဖြစ်သည်။
(၂) အကျွန်ုပ်တို့သည် မိမိတို့အသက်တာကို အနည်းငယ် (ဝါ) လုံး၀ အုပ်စိုးခြင်း မပြုပါ။
(၃) ဤအမှန်တရားကို အသက်တာနှင့်အမှုတော်မြတ်၌ လက်တွေ့နားလည်း ကျင့်သုံးရမည်။

၂။ ရန်သူများ

က။ ရန်သူများသည် ရှိနေစမြဲဖြစ်သည်။
ခ။ အသက်တာနှင့် အမှုတော်မြတ်ကို ဒုက္ခပေးနိုင်ကြသည်။

၃။ ဆုတောင်းချက်များ

က။ ကယ်နှုတော်မူခြင်းးအတွက်၊
ခ။ ရန်သူတို့ကို ဆန့်ကျင့်၍

(၁) ဘုရားသခင်သည် တရားသဖြင့် စီရင်ရန်၊
(၂) သူတို့၏အပြစ်များကြောင့် အပြစ်ပေးရန်၊
(၃) သူတို့ကို ဘုရားသခင်က တိတ်ဆိတ်စေရန်၊

 

အသက်တာနှင့်အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဘုရားသခင်ကို ကိုးစားပါ
ဤအချက်ကို ပြင်းထန်စွာ တည်ဆောက်ရမည်။

၂။ ဆုတောင်းခြင်း
အကျွန်ုပ်တို့၏ဆုတောင်းသောအသက်တာသည် ပို၍သိသာစွာ ကြီးထွားရမည်။

၃။ ရန်သူများ
ရန်သူများကို ကြောက်ရွံ့၍ အသက်မရှင်ရ။

အကျွန်ုပ်တို့၏အသက်တာသည် သတ္တိနှင့်ပြည့်၍ ထောက်လောင်နေသော ယုံကြည်သက်ဝင်မှုမျိုးကို
အစဉ် ထင်ဟပ်စေရမည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]