Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ ဖေဖါဝါရီလ (၂၀) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ ဖေဖါဝါရီလ (၂၀) ရက်

 

ကျမ်းချက်။ ။ ဆာလံ ၃၁

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
၆ မုသာအနတ္တကို ဆည်းကပ်သောသူတို့ကို အကျွန်ုပ်သည်မုန်း၍ ထာဝရဘုရားကို ခိုလှုံပါ၏။
၇ ကရုဏာတော်ကြောင့် ဝမ်းသာရွှင်လန်းခြင်း ရှိပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်ဆင်းရဲခြင်းကို ကြည့်ရှု၍၊ အကျွန်ုပ်၏ ဝိညာဉ်တွေ့သောအမှုကို သိမှတ် တော်မူ၏။
၈ အကျွန်ုပ်ကို ရန်သူလက်သို့မအပ်ဘဲ ကျယ်ဝန်း သောအရပ်၌ နေရာချတော်မူ၏။

(ဆာလံ ၃၁း၆-၈)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း
၁။ မုသာအနတ္တ (ရုပ်တုဆင်းတုများ)

က။ ရုပ်တုဆင်းတုများသည် က္ကုသေရေလလူမျိုးတို့အဖို့ အမြဲတမ်း ပြဿနာဖြစ်သည်။
ခ။ မောရှေခေတ်ကတည်းကစပြီး၊ က္ကုသေရေလလူတို့သည် ဤပြဿနာကို ရင်ဆိုင်ကြရသည်။
ဂ။ အိမ်နီးနားချင်းနိုင်ငံများသည် များစွာသော ရုပ်တုဆင်းတုများကို ကိုးကွယ်ကြသည်။

၂။ ဒါဝဒ်မင်းကြီး၏ ခိုင်ခံ့သော တုန့်ပြန်ချက်

က။ ရုပ်တုဆင်းတုများကို ချက်ခြင်း ပယ်ချသည်။
ခ။ သူသည် ရုပ်တုဆင်းတုကို ပယ်ချရာ၌ မပြောင်းမလဲ ခိုင်မြဲသည်။
ဂ။ ရုပ်တုဆင်းတုများသည် မုသာအနတ္တ ဖြစ်သည်။
ဃ။ ရုပ်တုဆင်းတုများသည် ဒါဝဒ်မင်းကြီးအဖို့ မည်သည့်အမှုကိုမျှ မတတ်စွမ်းနိုင်။

၃။ ထာဝရဘုရားသခင်၌ တည်သော ဒါဝဒ်မင်းကြီး၏ ယုံကြည်ချက်

က။ ဒါဝဒ်မင်းသည် ထာဝရဘုရားကို ကိုးစားသည်။
ခ။ ဘုရားသခင်၏ ကရုဏာတော်၌

(၁) သူသည် ဝမ်းမြောက်မည်။
(၂) သူသည် ရွှင်လန်းခြင်း ရှိမည်။

၄။ ဘုရားသခင်ကို ဒါဝဒ်မင်းကြီး သိကျွမ်းခြင်း

က။ ဒုက္ခဆင်းရဲခြင်းများ
ဘုရားသခင် အကုန်အစင် သိတော်မူသည်။
ခ။ ဝိညာဉ်တွေ့သောအမှုများ
ထိုအမှုတို့ကို ဘုရားသခင်သိကျွမ်းတော်မူသည်။
ဂ။ ရန်သူများ
ဘုရားသခင်သည် သူကို ရန်သူလက်သို့မအပ်ဘဲနေ၏။
ဃ။ အနာဂတ်

(၁) ဘုရားသခင်သည် ဒါဝဒ်မင်းကို ကျယ်ဝန်း သောအရပ်၌ နေရာချတော်မူ၏။
(၂) ဒါဝဒ်မင်းသည် သူ၏အနာဂတ်အတွက် ဘုရားသခင်ကို ကိုးစားလျက်ရှိနေမည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ အသက်တာ၌ ကြုံနေရသော ပြဿနာများစွာ ရှိသည်။

က။ များစွာသော ပြဿနာများ ရှိသည်။
ခ။ အန္တရာယ်

(၁) ရုပ်တုဆင်းတုများကို ကိုးစားဖို့ စုံစမ်းခြင်းခံရလိမ့်မည်။
(၂) ဘုရားသခင်ကို ခိုင်မာစွာ မကိုးစားဘဲ အသက်ရှင်ကြလိမ့်မည်။

၂။ အကျွုန်ုပ်တို့အတွက် စိန်ခေါ်ချက်

က။ ဒါဝဒ်မင်း၏ပုံသက်သေကြောင့် ထာဝရဘုရားကို ပို၍ကိုးစားကြရန်၊
ခ။ ထာဝရဘုရားကို အနက်ရှိုင်းဆုံး ကိုးစားကြစို့။

 

ဆုတောင်းလျက်
ပါစတာချားလ်(စ်)တန်

To Contact : [email protected]