Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ ဖေဖဝါရီလ (၆) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ ဖေဖဝါရီလ (၆) ရက်

 

ကျမ်းချက်။ ။ဆာလံ ၃၁

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
၁ အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခုံလှုံပါ ၏။ ရှက်ကြောက်ခြင်းနှင့် အစဉ်ကင်းလွတ် ပါစေသော။ တရားတော်နှင့်အညီ အကျွန်ုပ်ကို ကယ်မတော်မူပါ။
၂ အကျွန်ုပ်ဘက်သို့ နားတော်ကို လှည့်၍ အလျင်အမြန်၊ ကယ်နှုတ်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သောကျောက်။ အကျွန်ုပ်လုံခြုံရာ ရဲတိုက်ဖြစ်တော်မူပါ။
(ဆာလံ ၃၁း၁-၂)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ “ခိုလှုံ”

က။ ယုံကြည်ကိုးစားခြင်း၊
ခ။ ဘုရားသခင်ကို လုံးး၀ စိတ်ချခြင်း၊

၂။ အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခုံလှုံပါ ၏။

က။ အကျွနု်ပ်တို့၏ ကိုးစားခြင်းအမှုမှာ ထာဝရဘုရားသခင်၌သာ ဖြစ်ရမည်။
ခ။ ထိုသို့ ကိုးစားရာ၌ အကျွနု်ပ်တို့သည် ဘုရားသခင်ကို အမှန်အကန် စိတ်ချရမည်။
ဂ။ ထိုသို့ ဘုရားသခင်အား စိတ်လုံးလုံးချ၌ ကိုးစားခြင်းမျိုးကို

(၁) အသိတရားအပြည့်နှင့် ဆောင်ရွက်ရမည်။
(၂) ကိုယ်စီဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ရမည်။
(၃) စိတ်မှန်သော ယုံကြည်ခြင်းကို အသက်ဝင်စေရမည်။

၃။ ကိုးစား၍ တောင်းသောအချက်

က။ အရှက်မရစေမည်အကြောင်း
“ရှက်ကြောက်ခြင်းနှင့် အစဉ်ကင်းလွတ် ပါစေသော။”

(၁) စိတ်မပျက်ခြင်း၊
(၂) ဘုရားသခင်က ချန်လှစ်၍ ရှုံးနစ်မည်ဟု မစိုးရိမ်ခြင်း၊

ခ။ “တရားတော်နှင့်အညီ အကျွန်ုပ်ကို ကယ်မတော်မူပါ။”

(၁) ကယ်မစေခြင်းငှါ တောင်းရှောက်ချက်
(၂) ဘုရားသခင်၏ဖြောင့်မတ်ခြင်း၌ ခိုလှုံကိုးစားခြင်း၊

၄။ အလျင်အမြန် မစခြင်းငှါ ဆုတောင်းခြင်း

က။ “အကျွန်ုပ်ဘက်သို့ နားတော်ကို လှည့်၍ အလျင်အမြန်၊ ကယ်နှုတ်တော်မူပါ။”

(၁) အရေးတကြီးဖြစ်နေခြင်း
(၂) အလွန်အမင်း လိုအပ်နေခြင်း၊

ခ။ ဘုရားသခင်အား အတိအလင်း ကိုးစားခြင်း

(၁) ခိုင်ခံ့သောကျောက်၊
(၂) လုံခြုံရာ ရဲတိုက်၊

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖောင်ဆောင်ခြင်း

၁။ စိန်ခေါ်ချက်- အောက်ပါတို့ကို ပို၍လေးနက်စေခြင်း
ဘုရားသခင်နှင့်စပ်လျဉ်း၍

က။ အကျွန်ုပ်တို့၏ ယုံကြည်ခြင်း၊
ခ။ အကျွန်ုပ်တို့၏ အသိပညာ၊

၂။ အကျွန်ုပ်တို့၏ လိုအပ်ချက် – ပို၍ပြင်းထန်စွာ ဆုတောင်းခြင်း

အသက်တာ၌ ရင်ဆိုင်ရသော ပြဿနာမြောက်များစွာတို့ကြောင့် အကျွန်ုပ်တို့သည် ပို၍
အရေးတကြီး ဆုတောင်းကြရမည်။

၃။ ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံခြင်း၊ ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းအမှုတို့၌
ဆက်လက် ကြီးထွားကြပါစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]