Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ နိုဝင်ဘာလ (၂၁) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ နိုဝင်ဘာလ (၂၁) ရက်

 

ကျမ်းချက်။ ။ဆာလံ ၂၈

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှုလုံးသွင်းခြင်း
၃ အိမ်နီးချင်း၏ အကျိုးကိုဖျက်ဆီးလိုသော စိတ်နှလုံးရှိသည်နှင့်၊ လောကဝတ်စကားကို ပြောတတ် သောသူတည်းဟူသော ဆိုးယုတ်သောအမှု၊ မတရား သောအမှုကို ပြုတတ်သောသူတို့နှင့်အတူ အကျွန်ုပ်ကို သွေးဆောင်တော်မမူပါနှင့်။
၄ သူတို့ကျင့်သော အကျင့်ဓလေ့ဆိုးယုတ်သည် နှင့်အညီ၊ အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ။ သူတို့ ပြုမူသည် အတိုင်းဆပ်ပေး၍၊ အပြစ်နှင့် အလျောက်စီရင် တော်မူပါ။
၅ သူတို့သည် ထာဝရဘုရား၏အမှုတော်ကို၎င်း၊ လက်တော်နှင့်ပြုပြင်တော်မူရာကို၎င်း မမှတ်ကြသော ကြောင့်၊ တည်ဆောက်တော်မမူ၊ ဖြိုဖျက်တော်မူမည်။

(ဆာလံ ၂၈း၃-၅)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ မတရားသောသူတို့မှာ-

က။ ဆိုးယုတ်သောအမှုကို ပြုကြသည်။

(၁) မတရားသောအမှုကို ပြုကြသည်။
(၂) မကောင်းသောအမှုကို ပြုကြသည်။

ခ။ ဟန်ဆောင်တတ်ကြသည်။

(၁) လောကဝတ်စကားကို ပြောကြသည်။
(၂) သို့သော်၊ သူတပါး၏အကျိုးကို ဖျက်ဆီးလိုသောစိတ် ရှိကြသည်။

ဂ။ ထာဝရဘုရား၏အမှုတော်ကို မမှတ်မယူကြ။

(၁) ဘုရားသခင်၏အမှုများကို ရိုသေမြတ်နိူးခြင်း မရှိ။
(၂) ဘုရားသခင်ပြုသောအမှုတို့ကို မလေးစားကြ။

ဃ။ ထာဝရဘုရား၏ လက်တော်နှင့်ပြုပြင်တော်မူရာကို မမှတ်ကြ။

(၁) ဘုရားသခင်သည် အကျွန်ုပ်တို့အသက်တာ၌ ပြုပြင်ခြင်းအမှုကို ဆောင်ရွက်နေသည်။
(၂) ဘုရားသခင်သည် အသင်းတော်၌ ကြီးမားစွာ အလုပ်လုပ်နေသည်။

၂။ အကျွန်ုပ်တို့သည် မည်သည့်အရာကို ဆောင်ရွက်ရမည်နည်း။

က။ ဘုရားသခင်က မတရားသောသူတို့ကို စီရင်စေခြင်းငှါ အကျွန်ုပ်တို့ဆုတောင်းရမည်။

(၁) သူတို့ကျင့်သော အကျင့်ဓလေ့ဆိုးယုတ်သည် နှင့်အညီ၊ အကျိုးအပြစ်ကို ဆပ်ပေးတော်မူရန်၊ သူတို့ ပြုမူသည် အတိုင်းဆပ်ပေး၍၊ အပြစ်နှင့် အလျောက်စီရင် တော်မူရန် နှင့်
(၂) သူတို့က (ဖြောင့်မတ်သောသူတို့အား) အနိုင်မယူနိုင်မည်အကြောင်း၊ ဆုတောင်းရမည်။

ခ။ ဘုရားသခင်သည် မတရားသောသူတို့၌ အောက်ပါတို့ကို ပြုလိမ့်မည်။

(၁) တည်ဆောက်တော်မည် မဟုတ်။
(၂) ဖြိုဖျက်တော်မူမည်။ သူတို့၏လုပ်ဆောင်ချက်တို့ကို ဖျက်ဆီးတော်မူမည်။

၃။ တစ်ဦးချင်းတို့ ဆုတောင်းချက်မှာ-

က။ မတရားသောတို့နှင့်အတူ အကျွန်ုပ်ကို သွေးဆောင်တော်မမူပါနှင့်။
ခ။ မတရားသောသူတို့ကို စီရင်သောအခါ၊ အကျွန်ုပ်တို့ကို မဖျက်ဆီးတော်မူပါနှင့်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ တရားသောသူတို့သည် (အကျွန်ုပ်တို့၏အနီးအနား၌) ရှိနေမည်ဖြစ်သည်။

က။ သူတို့သည် ပျောက်ကွယ်သွားမည် မဟုတ်။
ခ။ နောဧခေတ်က သက်သေထူခဲ့ကြသည် (ကမ္ဘာ ၆)။

၂။ ထာဝရဘုရားသခင်ထံတော်သို့ ဆုတောင်းခြင်း

က။ ဘုရားသခင်ထံတော်သို့ မရပ်မနား ဆုတောင်းနေရမည်။
ခ။ မတရားသောသူတို့ကို ဘယ်တော့မှ မကြောက်ရ။
ဂ။ ဖြောင့်မတ်သောအသက်တာကို ပြုစုပျိုးထောင်ကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]