Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ အာက်တိုဘာလ(၁၇) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ အာက်တိုဘာလ(၁၇) ရက်

 

ကျမ်းချက်။ ။ဆာလံ ၂၇

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှုလုံးသွင်းခြင်း
၄ ထာဝရဘုရား၏ တင့်တယ်ခြင်း အသရေတော် ကို ဖူးမြင်၍၊ ဗိမာန်တော်၌ မွေ့လျော်ခြင်းအလို့ငှါ၊ ထာဝရဘုရား၏ အိမ်တော်မှာ တသက်လုံးနေရမည်အကြောင်းတည်းဟူသော အခွင့်တခုကို ထာဝရဘုရား၌ ငါဆုတောင်းပြီ။ ထိုအခွင့်ကို ရှာရဦးမည်။

(ဆာလံ ၂ရး၄)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ လူသားတို့၏ အလိုဆန္ဒများ

က။ အလိုအလျေက် ဖစ်သောအရာ ဖြစ်သည်။
ခ။ ယဘုယျအားဖြင့် လူတို့သည် အောက်ပါတို့ကို လိုချင်ကြသည်။

(၁) ကျန်းမာခြင်း၊
(၂) မိသားစု၊
(၃) ကြွယ်ဝချမ်းသာခြင်း၊
(၄) ပျှာ်ရွှင်မှု၊
(၅) ငြိမ်သက်ခြင်း၊

ဂ။ အထက်ပါ ဖော်ပြသော အလိုဆန္ဒတို့ကို မိမိတို့၌ ရှိနေခြင်းသည် ကောင်းပါသလား။
ကောင်းပါသည်။ အလွန်မှ သဘာဝကျပါသည်။

၂။ ဒါဝဒ်မင်းကြီး၏ အလိုဆန္ဒ

က။ သူကိုယ်တိုင်၏အလိုဆန္ဒ

(၁) သူကိုယ်တိုင် ဆုတောင်းသောအမှု ဖြစ်သည်။
(၂) သူကိုယ်တိုင် ကြိုးစား၍ ရှာဖွေသောအမှု ဖြစ်သည်။

ခ။ သူသည် ဘုရားသခင်အိမ်တော်၌ နေလိုသည်။
ဂ။ ဘာကို ဆိုလိုသနည်း။

(၁) ထာဝရဘုရားသခင်၏အိမ်တော်၌ အချိန်ဖြူန်းလိုသည်။
(၂) ဘုရားသခင်၏အိမ်တော်ကို ချစ်မြတ်နိူးတတ်လာသည်။

ဃ။ ဒါဝဒ်သည် ဘုရားသခင်၏အိမ်တော်၌ မည်သည့်အရာကို ဆောင်ရွက်လိုသနည်း။

(၁) ဖြစ်နိုင်ပါက၊ ဘုရားသခင်၏အိမ်တော်၌ ထာဝရနေလိုသည်။

(၂) ဤအချက်သည်ကား တမူထူးခြား၍ အံ့သြဖွယ်ကောင်းသောအလိုဆန္ဒဖြစ်သည်။

င။ ဒါဝဒ်မင်းသည် မည်သည့်အရာကို အမှန်မြင်လိုသနည်း။

(၁) သူသည် ထာဝရဘုရားသခင်၏ တင့်တယ်ခြင်း အသရေတော်ကို မြင်လိုသည်။

(၂) ဗိမာန်တော်၌ မွေ့လျော်၍ ဆုတောင်းလိုသည်။
(၃) ဒါဝဒ်မင်းသည် ဘုရားသခင်ကို ပို၍နက်ရှိုင်းစွာသိကျွမ်းလိုသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ စိတ်နှလုံးသားထဲ၌ ပြုစုပျိုးထောင်ရမည့် ကာင်းမွန်သော အလိုဆန္ဒတစ်ခုရှိသည်။
၂။ ဦးစွာ ပိုင်ဆိုင်ရမည့် အရာတစ်ချို့မှာ-

က။ ဘုရားသခင်ကို ချစ်မြတ်နိူးခြင်း၊
ခ။ ဘုရားသခင်၏အိမ်တော်ကို မြတ်နိူးတွယ်တာခြင်း၊
ဂ။ ဘုရားသခင်ကို ပို၍သိကျွမ်းလိုခြင်း၊

၃။ ဘဝ၌ အမှန်အောင်မြင်ရန် အောက်ပါအချက်တို့ လိုအပ်သည်။

က။ လုံး၀ ဆက်ကပ်ခြင်း၊
ခ။ အားစိုက် ကြိုးစားမှု၊
ဂ။ ယုံကြည်ခြင်း၊

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်) တန်

To Contact : [email protected]