Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ သြဂုတ်လ (၃၀) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ သြဂုတ်လ (၃၀) ရက်

 

ကျမ်းချက်။ ။ဆာလံ ၂၅

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း

၂၀ အကျွန်ုပ်အသက်ကိုစောင့်ရှောက်၍၊ အကျွန်ုပ် ကို ကယ်တင် တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်ကို ခိုလှုံပါသည်ဖြစ်၍၊ ရှက်ကြောက်ခြင်းသို့ မရောက်ပါ စေနှင့်။
၂၁ ကိုယ်တော်ကိုမြော်လင့်လျက် နေပါသည်ဖြစ်၍၊ အပြစ်ကင်းခြင်းနှင့် သဘောဖြောင့်ခြင်းသည် အကျွန်ုပ်ကို စောင့်ရှောက်ပါစေသော။
၂၂ အိုဘုရားသခင်၊ ဣသရေလအမျိုးကို ခပ်သိမ်း သော ဒုက္ခအထဲက ရွေးနှုတ်တော်မူပါ။

(ဆာလံ ၂၅း၂၀-၂၂)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ကယ်တင်တော်မူခြင်းငှါ ဆုတောင်းခြင်း

က။ တောင်းလျောက်သင့်သောအရာ ဖြစ်သည်။
ခ။ မရှိမဖြစ်တောင်းရမည့်အရာ ဖြစ်သည်။
ဂ။ အကျွန်ုပ်တို့သည် ရှက်ကြောက်ခြင်းသို့ မရောက်ကြမည်အကြောင်း၊ဆုတောင်းကြရမည်။

၂။ အသက်ကို စောင့်ရှောက်ခြင်းငှါ ဆုတောင်းခြင်း

က။ စောင့်ရှောက်ခံခြင်းငှါ၊
ခ။ ကွယ်ကာခြင်းခံရမည်အကြောင်း၊
ဂ။ သတိနှင့်စောင့်ထိန်းမည်အကြောင်း၊ ဆုတောင်းကြရမည်။

၃။ မိမိကိုယ်တိုင် အသနားခံခြင်း

က။ ဆုတောင်းခြင်းဟူသမျှကို ယုံကြည်ကိုးစားလျက် ပြုရမည်။
ခ။ ဘုရားသခင်အား စိတ်ရှည်စွာ မျှော်လင့်စောင့်စိုင်းလျှက်၊
ဂ။ နှိမ့်ချစွာ ဆုတောင်းပဌနာကို ပြုရမည်။

၄။ မိမိအကျင့်သီလများ အရေးပါခြင်း

က။ အပြစ်ကင်းခြင်းနှင့်
ခ။ သဘောဖြောင့်ခြင်း၊

၅။ ဤကိုယ်ကျင့်သီလများကို

က။ တိုးပွားကြီးရင့်စေရမည်။
ခ။ အကျွန်ုပ်တို့နေ့စဉ်အသက်တာ၌ ပြသရမည်။

၆။ ပို၍ကြီးမားသော အရာများအတွက် ဆုတောင်းခြင်း

က။ လူမျိုးတစ်ခုလုံးအတွက် ဆုတောင်းခြင်း၊
ခ။ ရွေးနူတ်တော်မူခြင်းငှါ အသနားခံတောင်းလျောက်ခြင်း၊
ဂ။ လူမျိုးတစ်ခုလုံးကို ဘေးဒုက္ခများစွာထဲမှ ကယ်တင်စေခြင်းငှါ ဆုတောင်းခြင်း၊

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ မိမိအသက်တာ၌

က။ ပြဿနာများ ကြုံတွေ့နေရမည် ဖြစ်သည်။
ခ။ စိန်ခေါ်ချက်မှာ-

(၁) ထိုပြဿနာများကို ဘုရားသခင်ထံတော်သို့ ယူဆောင်ခြင်း၊
(၂) စိတ်အားထက်သန်စွာ ဆုတောင်းခြင်း၊
(၃) ယုံကြည်လျက်၊ စိတ်နှလုံးနှိမ့်ချစွာ ထာဝရဘုရားသခင်အားစောင့်မျှော်ခြင်း၊

၂။ လူမျိုးနှင့်နိုင်ငံအတွက် ဆုတောင်းခြင်း

က။ ဤဆာလံက သင်ပေးသောအရာ ဖြစ်သည်။
ခ။ ဤသို့သော သွန်သင်ချက်များကို ရောမ ၁၃ နှင့် ၁ ပေ ၂ တို့၌ လည်းတွေ့ရသည်။
ဂ။ မိမိတို့၏လူမျိုးနှင့် နိုင်ငံတော်အတွက် သစ္စာရှိရှိ ဆုတောင်းကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်) တန်

To Contact : [email protected]