Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ သြဂုတ်လ (၁၅) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ သြဂုတ်လ (၁၅) ရက်

 

ကျမ်းချက်။ ။ဆာလံ ၂၅

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် ကိုယ်တော်မြတ်နှင့် မိဿဟာယဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ်တရားတော်ကို သိရသော အခွင့်ရှိကြ၏။

အကျွန်ုပ်သည် ထာဝရဘုရားကို အစဉ်မြော် လင့်လျက် နေပါ၏။ အကြောင်းမူကား၊ အကျွန်ုပ်၏ခြေကို ကျော့ကွင်းထဲက နှုတ်ယူတော်မူမည်။

(ဆာလံ ၂၅း၁၄-၁၅)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည်

က။ ဘုရားသခင်ကို အလွန်ရိုသေကြသည်။
ခ။ ဘုရားသခင်ရှေ့တော်၌ အံ့သြမဆုံး ဖြစ်နေကြသည်။
ဂ။ ဘုရားသခင်ကို ရိုသေလေးစားလျက် ရှိကြသည်။
ဃ။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းကို

(၁) ရိုးသားဖြောင့်မတ်စွာ၊
(၂) အလွန်နိုမ့်ချစွာ၊
(၃) သစ္စာစောင့်လျက်၊ လက်တွေ့ဖော်ဆောင်ကြသည်။

၂။ ထာဝရဘုရားသည် ထိုသူတို့ကို တမူထူးခြားစွာ ကောင်းချီးပေးလိမ့်မည်။

က။ မိဿဟာယဖွဲ့ရသောအခွင့်နှင့်

(၁) မိဿဟာရဖွဲ့၍ ဝှက်ထားသောအရာတို့ကို ဖော်ပြလိမ့်မည်။
(၂) အထူးသဖြင့်၊ ဘုရားသခင် ဖွင့်ပြမှသာလျှင် သိနိုင်သောအရာတို့ကိုပြသလိမ့်မည်။

ခ။ ပဋိညာဉ်တရားတော်ကို သိရသော အခွင့်ရှိကြ၏။

(၁) ပဋိညာဉ်တော်၌ များစွာသော အစိတ်အပိုင်းများ ရှိသည်။
(၂) ဘုရားသခင်ကြောက်ရွံ့သောသူတို့နှင့် စပ်လျဉ်းသော ပဋိညာဉ်တရားတော်တို့ကို သိရသောအခွင့် ရှိကြလိမ့်မည်။

၃။ ဆာလံဆရာ ဒါဝဒ်မင်း၏ တုံ့ပြန်ချက်

က။ ထာဝရဘုရားကို အစဉ်မြော် လင့်လျက် နေသည်။

(၁) ကိုးစားခြင်း၊
(၂) စိတ်ချခြင်း၊

ခ။ အကျွန်ုပ်၏ခြေကို ကျော့ကွင်းထဲက နှုတ်ယူတော်မူမည်။

(၁) ကျော့ကွင်းသည် ရန်သူတို့၏ အကြံအဉာဏ်များကို ရည်ညွန်းသည်။
(၂) ဘုရားသခင်သည် ဒါဝဒ်မင်းကို ရန်သူတို့၏ကျော့ကွင်းမှ ကယ်နှုတ်လိမ့်မည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ စိန်ခေါ်ချက်များ

က။ထာဝရဘုရားအား ကြောက်ရွံ့သောသဘောကို ပြုစုကြစို့။
ခ။ ဘုရားသခင်ကြောက်ရွံ့ခြင်းကို စိတ်စွဲလမ်းလျက် ကျင့်ဆောင်ကြစို့။
ဂ။ ဘုရားသခင်ကို ကြောက်ရွံ့နိုင်ကြမည်အကြောင်း သူတပါးတို့ကိုလည်းသွန်သင်မျှဝေကြစို့။

၂။ အမှားပြုပြင်ခြင်း

က။ လူကို လုံး၀ မကြောက်ကြစို့နှင့်။
ခ။ လောကီလွမ်းမိုးခြင်းအမျိုးမျိုးမှ မိမိတို့ကိုယ့်ကိုကိုယ် ဖယ်ရှောင်ကြစို့။

၃။ ဆေးကြောသန့်စင်ခြင်း

က။ ဒါဝဒ်မင်းသည် များစွာသောအပြစ်များကို ကျူးလွန်ခဲ့သည်။
ခ။ သူသည် အရိုးသားဆုံး၊ အပွင့်လင်းဆုံံး ဝန်ချတောင်းပန်ခဲ့သည်။
ဂ။ ဘုရားသခင်၏ ဆေးကြောသန့်စင်ခြင်းကို အမှန်အကန် ရှာဖွေခဲ့သည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်) တန်

To Contact : [email protected]