Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ သြဂုလ (၁) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ သြဂုလ (၁) ရက်

 

ကျမ်းချက်။ ။ ဆာလံ ၂၅

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
ထာဝရဘုရား၏ လမ်းခရီးရှိသမျှတို့သည် ပဋိညာဉ်တရားတော်နှင့် သက်သေခံတော်မူချက်တို့ကို စောင့်ရှောက်သော သူတို့အား ကရုဏာနှင့် သစ္စာဖြစ်ကြ သတည်း။ အိုထာဝရဘုရား၊ အကျွန်ုပ်အပြစ်များလှသော ကြောင့် နာမတော်ကိုထောက်၍ ချမ်းသာပေးတော်မူပါ။

(ဆာလံ ၂၅:၁၀-၁၁)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဘုရားသခင်ကို စိတ်နှလုံးမှ အောက်မေ့စွဲလမ်းခြင်း

က။ ဆရာ
ခ။ လမ်းပြသူ (ဆာလံ ၂၅:၈-၉)

၂။ ဘုရားသခင်၏ ပဋိညာဉ်တရားတော်၏ ရုပ်သဏ္ဍာန်များ

က။ ထာဝရဘုရား၏ လမ်းခရီးရှိသမျှတို့သည် ထင်ရှားခြင်းရှိလိမ့်မည်။
ခ။ ထာဝရဘုရား၏ ကြာအင်္လက္ခဏာများကို နားလည်သဘောပေါက်လာကြမည်။

(၁) ကရုဏာတော်၊
(၂) သစ္စာတော်၊

ဂ။ သက်သေခံတော်မူချက်

(၁) ဤအရာတို့သည် ဘုရားသခင် အမှန် သွန်သင်၍ လမ်းပြတော်မူသည်ကို အတည်ပြုကြသည်။
(၂) ဤသက်သေခံချက်တို့သည် ယုံကြည်ခြင်းအားမန်သစ်များကို ဆောင်ကြဉ်းပေးသည်။

၃။ အလွန်ကြီးမားသော ပြဿနာကို ဝန်ခံခြင်း

က။ ဒါဝဒ်မင်းကြီးအသက်တာ၌ များစွာသော ဒုစရိုက်အပြစ်များ ရှိခဲ့သည်။
ခ။ မကောင်းမတရားသော အရင်းအမြစ်များလည်း ရှိနေခဲ့သည်။

၄။ ဘုရားသခင်၏ခွင့်လွတ်သနားခြင်းကို ရှာခြင်း

က။ ဝန်ချတောင်းပန်ခြင်းအမှုသည် ရိုးသားရမည်။
ခ။ ခွင့်လွတ်ခြင်းသည် ဘုရားသခင်ပေးသနားမှသာ ရရှိနိုင်သည်။
ဂ။ (ဘုရားသခင်နှင့် ) ပေါင်းသင်းဆက်ဆံမှု ပြန်လည်တည်ဆောက်ရမည်။

၅။ (ဘုရားသခင်၏) နာမတော်ကိုထောက်၍

က။ ဒါဝဒ်မင်းကြီး၏ နာမ အဖို့မဟုတ်။
ခ။ ဘုရားသခင်၏နာမတော် အဖို့အလို့ငှါသာ ဖြစ်သည်။ နာမတော်သည်

(၁) ကရုဏတော်၊
(၂) သစ္စာတော်၊ စသည်တို့ကို ကိုယ်စားပြုသည်။

ဂ။ ဘုရားသခင်သည် အမှန် ခွင့်လွတ်တော်မူမည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ၁ ဓမ္မရာဇာ ၂၁
ဒါဝဒ်မင်းကြီးသည် ကြီးမားသော အပြစ်များ ကျူးလွန်ခဲ့သည်။

က။ လိမ်ညာသည်။
ခ။ လှည့်ဖြားသည်။

၂။ ဒါဝဒ်မင်းကြီးသည် မိမိအသက်လွတ်မည်အကြောင်း ပြေးထွက်နေချိန် ဖြစ်သည်။

က။ ကြီးလေးသော အပြစ်များ ကျူးလွန်ခဲ့သည်။
ခ။ ဤအပြစ်များကို “မကောင်းသောအပြစ်များ” ဟုခေါ်သည်။
ဘုရားသခင်တစ်ဦးသာလျှင် ခွင့်လွတ်နိုင်သည်။

၃။ ဘုရားသခင်ကိုယ်တိုင်က မသွန်သင်မှီ၊

က။ အကျွန်ုပ်တို့သည် စိတ်နှလုံးနှိမ့်ချ ရမည်။
ခ။ အကျွန်ုပ်တို့သည် ဦးစွာ ဆေးကြောခြင်း ခံကြရမည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]