Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ မေလ (၂) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ မေလ (၂) ရက်

 

ကျမ်းချက်။ ။ဆာလံ ၂၃

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
စိမ်းလန်းသော ကျက်စားရာအရပ်၌ ငါ့ကိုအိပ်စေတော်မူ၏။ သာယာသောမြစ်နားသို့ လမ်းပြတော်မူ၏။ ငါ့ဝိညာဉ်ကို အားဖြည့်၍၊ နာမတော်အဘို့အလို့ငှါ တရားလမ်းထဲသို့ သွေးဆောင်တော်မူ၏။

(ဆာလံ ၂၃း၂-၃)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ သိုးထိန်းကဲ့သို့ ဘုရားသခင် အလုပ်လုပ်သည်ကို သိမှတ်စွဲလမ်းခြင်း

က။ ကောင်းသောသိုးထိန်းသည် သိုးစုတို့အတွက် “စိမ်းလန်းသောကျက်စားရာအရပ်” ကိုရှာလိမ့်မည်။

(၁) ထာဝရမြဲသော ကျက်စားရာအရပ်ဟူ၍ မရှိနိုင်ရာ။
(၂) သိုးတို့သည် ရှိသမျှသောမြက်ပင်တို့ကို အချိန်ကြာလာသည်နှင့်အမျှ အကုန်အစင် စားသုံးကြလိမ့်မည်။
(၃) တာဝန်ကျေပွေသော သိုးထိန်းသည် အခြားသော ကျက်စားရာအရပ်ကို ရှာဖွေလိမ့်မည်။

ခ။ ကောင်းသောသိုးထိန်းသည် သန့်ရှင်းသောရေကို ရှာဖွေလိမ့်မည်။

(၁) သိုးထိန်းသည် သိုးစုတို့ သောက်စရာဖို့ ရေလိုအပ်မည်ကို သိထားသည်။
(၂) ငြိမ်သာစွာ စီးဆင်းနေသော ရေသည် သိုးစုတို့အတွက် အန္တာရာယ် မရှိ။
(၃) ရေစီးသန်သောအခါ၊ သိုးတို့သည် အလွန်ကြောက်တတ်ကြသည်။

၂။ ဆက်စပ်ခြင်း

က။ လက်တွေ့အသက်တာနှင့် ဆက်စပ်ရန် ဒါဝဒ်မင်း ကြိုးစားသည်။
ခ။ ဆာလံဆရာဒါဝဒ်မင်းသည် ဘုရားသခင်က သူ၏ဝိညာဉ်ကို အားဖြည့်ကြောင်းစပ်ဆိုသည်။

(၁) ကျွေးမွေးခြင်းဖြင့်၊
(၂) သောက်စရာများ ပေးသနားခြင်းဖြင့်၊

ဂ။ ဘုရားသခင်၏ ဦးဆောင်မှုသည်သာ အဓိက

(၁) ကောင်းသောသိုးထိန်းက ဦးဆောင်သကဲ့သို့
(၂) ထာဝရဘုရားသည် သူ၏သိုးစုတို့ကို ဦးဆောင်တော်မူသည်။
(၃) ထာဝရဘုရားသည် မိမိလူတို့အား တရားလမ်းထဲ၌ ကျင်လည်ကြမည်အကြောင်း ဦးဆောင်လိမ့်မည်။

ဃ။ ဘုရားသခင်သည် အဘယ်ကြောင့် ဤသို့ ဦးဆောင်တော်မူသနည်း။

(၁) သူ၏နာမတော်မြတ် အဖို့အလို့ငှါ ဖြစ်သည်။
(၂) ကောင်းမွန်စွာ ဦးဆောင်သောအခါ၊ သူ၏နာမတော်မြတ်သည်ချီးမွမ်းခြင်းသို့ ရောက်မည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အကျွန်ုပ်တို့အတွက် ပထမဆုံးသော စန်ခေါ်ချက်

က။ ဘုရားသခင်သည် အကျွန်ုပ်တို့၏သိုးထိန်းဖြစ်သည်ကို သိမှတ်စွဲလမ်းနိုင်မည်အကြောင်း ကြိုးစားကြရမည်။
ခ။ ဝမ်းနည်းစရာကောင်းသည်မှာ- များစွာသောသူတို့သည် ဘုရားသခင်ကို သိုးထိန်းကဲ့သို့ စွဲမှတ်ခြင်း မရှိကြ။

၂။ အကျွန်ုပ်တို့အတွက် ဒုတိယ စိန်ခေါ်ချက်

က။ အကျွန်ုပ်တို့အသက်တာ၌ ဘုရားသခင်၏ဦးဆောင်မှုကို တန်ဖိုးထားရန်၊
ခ။ ဘုရားသခင်၏ သနားထောက်မခြင်း၊
ဂ။ ဘုရားသခင်၏ ကာကွယ်စောင့်ရှောက်ခြင်း၊

၃။ တတိယစိန်ခေါ်ချက်

က။ အကျွန်ုပ်တို့၏သိုးထိန်းဖြစ်သော ထာဝရဘုရား၏နောက်တော်သို့ လိုက်ကြစို့။
ခ။ လူအများစုတို့သည် လမ်းလွဲသော သိုးစုကဲ့သို့ ဖြစ်လာကြသည်။
ဂ။ အကျွန်ုပ်တို့၏သိုးထိန်းဖြစ်သော ထာဝရဘုရားထံသို့ ခြေဦးလှည့်ကြစို့။
ဃ။ အကျွန်ုပ်တို့၏သိုးထိန်းဖြစ်သော ဘုရားသခင်နှင့် ပို၍ ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံနိုင်မည်အကြောင်း ကြိုးစားအားထုတ်ကြစို့။

ထာဝရဘုရားထံတော်မှ ဝိညာဉ်အားဖြည့်ခြင်းအမှုကို ရှာကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]