Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ ဧပြီလ (၄) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ ဧပြီလ (၄) ရက်

 

ကျမ်းချက်။ ။ဆာလံ ၂၂

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံံးသွင်းခြင်း
အကျွန်ုပ်သည် မဟာပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်း၍၊ ကိုယ်တော်ကို ကြောက်ရွံ့သော သူတို့ရှေ့မှာ၊ သစ္စာဂတိထားသည်အတိုင်း သစ္စာဝတ်ကို ဖြေပါမည်။

နှိမ့်ချလျက်ရှိသော သူတို့သည် ဝစွာစားရကြ လိမ့်မည်။ ထာဝရဘုရားကိုရှာသောသူတို့သည် ချီးမွမ်း ကြလိမ့်မည်။ သင်တို့စိတ်နှလုံးသည် အစဉ်အမြဲအား ဖြည့်ရလိမ့်မည်။

(ဆာလံ ၂၂း၂၅-၂၆)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ မဟာပရိသတ်အလယ်မှာ ဘုရားသခင်ကို ချိးမွမ်းခြင်း

က။ ဘုရားသခင်အား လူထုမှ ချီးမွမ်းခြင်း၊
ခ။ ဘုရားသခင်အား တစ်ဦးချင်းမှ ချီးမွမ်းခြင်းသည် အလေးထားသောအချက်ဖြစ်သည်။

၂။ သစ္စာဝတ် ဖြေခြင်း

က။ သစ္စာဝတ်

(၁) ကျိန်ဆိုထားသောအချက် ဖြစ်သည်။
(၂) ဘုရားသခင်အား ကတိပေးသောအချက် ဖြစ်သည်။

ခ။ သစ္စာဝတ်ကို အပြည့်အ၀ ဖြေရမည်။

(၁) ဒါဝဒ်မင်း၏သစ္စာသည် လူထုရှေ့၌ အပြည့်အ၀ ဖြေခဲ့ရသည်။
(၂) ဒါဝဒ်မင်းသည် မိမိပြုသော သစ္စာဝတ်ကို အပြည့်အ၀ ဖြေခဲ့သည်။

၃။ နှိမ့်ချလျက်ရှိသော (မရှိဆင်းရဲသော) သူများ

က။ မရှိဆင်းရဲသောသူများ လုံးဝပျောက်ကွယ်သွားမည် မဟုတ်။
ခ။ မရှိဆင်းရဲသားများကို ပြုစုစောင့်ရှောက်ကြရမည်။
ဂ။ မရှိဆင်းရဲသားတို့သည် ဘုရားသခင်၏မစခြင်းကြောင့် ဝမ်းသာအားရလျှက်ရှိကြလိမ့်မည်။

၄။ ဘုရားသခင်အား ချီးမွမ်းခြင်း စောင်ပုဒ်

က။ ဘုရားသခင်ကို ရှာသောသူတို့သည်လည်း ချီးမွမ်းကြလိမ့်မည်။
ခ။ ဘုရားသခင်ကို ရှာသောသူတို့သည်လည်း ချီးမွမ်းရခြင်းအကြောင်းများရှိလာကြမည်။

၅။ ထာဝရအသက်ရှင်လိုသော နှလုံးသား

က။ ဘုရားသခင်ကို မြတ်နိူးသော နှုလုံးသား ရှိရမည်။

(၁) ချီးမွမ်းတတ်သော နှလုံးသား၊
(၂) ယုံကြည်စွဲလမ်းတတ်သော နှလုံးသား၊
(၃) ကျေးဇူးတင်တတ်သော နှလုံးသား၊

ခ။ ဒီလို နှလုံးသားမျိုးသည် ထာဝစဉ် ရှိနေရမည်။ ဤနှလုံးသားမျိုးကို

(၁) မပျက်စီးအောင် ထိန်းသိမ်းရမည်။
(၂) ရင့်ကျက်လာအောင် ပြုစုရမည်။

 

အသက်တာနှင့်အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အသက်တာ၌ လုံးဝရှာဖွေပိုင်ဆိုင်သင့်သော အရာများမှာ

က။ ဘုရားသခင်ကို ပို၍သိကျွမ်းခြင်း၊
ခ။ ဘုရားသခင်နှင့် ပို၍ခိုင်ခံ့စွာ ရင်းနှင်းပေါင်းသင်းခြင်း၊
ဂ။ ပိုမိုပြီး ထင်မြင်သိသာသော ချီးမွမ်းခြင်း အသက်တာ၊ စသည်တို့ဖြစ်ကြသည်။

၂။ အထက်ပါ အရာတို့ကို ပြုစုပျိုးထောင်ရာ၌ အဟန့်အတားဖြစ်သော အရာများမှာ

က။ နှောက်ယှက်စေတတ်သောအရာများနောက် လိုက်ပါခြင်း၊
ခ။ ဘုရားသခင်နှင့် ခွဲကွာ၍ နေထိုင်ခြင်း၊
ဂ။ သတိမထားမိသော အန္တာရာယ်အမျိုးမျိုး၊
ဃ။ လိုအပ်သော လုံးလဝိရိယ မရှိခြင်း၊ စသည်တို့ဖြစ်ကြသည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]