Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ မတ်လ (၂၈)

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ မတ်လ (၂၈)

 

ကျမ်းချက်။ ။ဆာလံ ၂၂

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
အကျွန်ုပ်သည် သိတင်းတော်ကို ညီအစ်ကိုတို့ အား ကြားပြောပါမည်။ ပရိသတ်အလယ်မှာ ကိုယ်တော် ကို ချီးမွမ်းပါမည်။ ထာဝရဘုရားကို ကြောက်ရွံ့သော အချင်းတို့၊ ချီးမွမ်းခြင်းကို ပြုကြလော့။ ယာကုပ်အမျိုးအပေါင်းတို့၊ ဂုဏ်ကျေးဇူးတော်ကို ဘော်ပြကြပါလော့။ ဣသရေလ အမျိုးအပေါင်းတို့၊ ကိုယ်တော်ကို ကြောက်ရွံ့ကြလော့။ အကြောင်းမူကား၊ နှိမ့်ချလျက်ရှိသောသူ၏ နှိမ့်ချသောအဖြစ်ကို မထီမဲ့မြင်ပြုတော်မူသည်မဟုတ်။ မျက်နှာတော်ကိုမလွှဲ၊ အော်ဟစ်သောအခါ နားထောင် တော်မူပြီ။

(ဆာလံ ၂၂း၂၂-၂၄)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဘုရားသခင်နှင့်စပ်လျဉ်းသော သက်သေခံချက်

က။ ဘုရားသခင်နှင့်သူ၏နာမတော်ကို ကြော်ငြာခြင်း
ခ။ ပရိသတ်အလယ်၌ (အသင်းတော် အသိုင်းအဝန်း၌)
ဂ။ ချီးမွမ်းခြင်းအလို့ငှါ

၂။ ဝတ်ပြုကိုးကွယ်တိုင်း အကျွန်ုပ်တို့ လုပ်သင့်သောအရာမှာ

က။ ဘုရားသခင်အား ချီးမွမ်းခြင်း၊
ခ။ ဘုရားသခင်အား ကြောက်ရွံ့နေခြင်း၊
ဂ။ ဂုဏ်ကျေးဇူးတော်ကို ဖော်ကျူးခြင်း၊ စသည်တို့ဖြစ်သည်။

၃။ ဘုရားသခင်အား ချီးမွမ်းရခြင်းမှာ

က။ အောက်ပါတို့ကို ဘုရားသခင် ကျူးလွန်ခြင်း မရှိသောကြောင့် ဖြစ်သည်။

(၁) အကျွန်ုပ်တို့၏ ဒုက္ခဆင်းရဲကို မထီမဲ့မြင် မပြု။
(၂) အကျွန်ုပ်တို့၏ ဒုက္ခဆင်းရဲကို ရွှံရှာ၍ မျက်နှာမလွှဲ။
(၃) သူ့လူမျိုးတော်တို့၏ အော်ဟစ်သံကို နားမထောင်ဘဲ မနေ။

ခ။ အောက်ဖော်ပြပါ အချက်ကို ဘုရားသခင်သည် အထူးသဖြင့် ဆောင်ရွက်သောကြောင့် ဖြစ်သည်။

(၁) အကျွန်ုပ်တို့၏ ဆုတောင်းချက်ကို နားညှောင်းတော်မူသည်။
(၂) ထိုအကြောင်းကြောင့်၊ ဘုရားသခင်ကို ချီးမွမ်းကြရမည် ဖြစ်သည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အသင်းတော်၌ ဝတ်ပြုကိုးကွယ်ခြင်း

က။ ပေါ့တန်စွာ မခံယူသင့်ချေ။
ခ။ ဝတ်ပြုကိုးကွယ်သောအချိန်တိုင်း၌ ဘုရားသခင်အား ရိုသေလေးစားခြင်း ရှိပါစေ။

၂။ ဝတ်ပြုကိုးကွယ်ရာ၌ သတိရှိရှိ လုပ်ဆောင်ရမည့် အချက်များ

က။ ချီးမွမ်းခြင်းသည် ဝတ်ပြုကိုးကွယ်ခြင်းကို ထင်ရှားသော အစိတ်အပိုင်း ဖြစ်စေပါ။
ခ။ ဘုရားသခင်၏နာမတော်ကို ကြော်ငြာပါ။
ဂ။ ဘုရားသခင်နှင့်သူ့အိမ်တော်ကို အလွန်မြတ်နိူးခြင်း ရှိပါ။

၃။ ဝတ်ပြုကိုးကွယ်ခြင်းကို အထူးသတိထား၍ ဆောင်ရွက်ရာ၌

က။ ထာဝရဘုရားသခင်သည် အဘယ်သူဖြစ်သည်ကို အောက်မေ့ကြစို့။
ခ။ အကျွန်ုပ်တို့အတွက် ပတ်စဉ်ပတ်တိုင်း ထာဝရဘုရားသခင်ပြုတော်မူသောအချက်များကို ပြန်လည်အောက်မေ့ကြစို့။
ဂ။ ဝိတ်ပြုကိုးကွယ်ခြင်းသည် အကျွန်ုပ်တို့ထံမှ အလိုအလျောက်ဖြစ်သော တုံ့ပြန်ချက်ဖြစ်ပါစေ။

၄။ ကောင်းမွန်စွာ ဘုရားသခင်ကို ကိုးကွယ်သောအခါ ရရှိသော ကောင်းချီးမင်္ဂလာများ

က။ နှလုံးသား၌ ဝမ်းမြောက်ခြင်း၊
ခ။ အားသစ်တို့ဖြင့် ကြွယ်ဝလန်းစမ်းခြင်း၊
ဂ။ ခွန်အားသစ်တိုး၍ ခိုင်မာလာခြင်း၊
ဃ။ နောက်ထပ် ကိုးကွယ်နိုင်မည်အကြောင်း မျှော်လင့်သောသူ ဖြစ်လာကြမည်ဖြစ်သည်။

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]