Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ မတ်လ (၂၁)

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ မတ်လ (၂၁)

 

ကျမ်းချက်။ ။ဆာလံ၂၂

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
အိုထာဝရဘုရား၊ အကျွန်ုပ်နှင့်ဝေးဝေးနေတော် မမူပါနှင့်။ အကျွန်ုပ်ခွန်အားဗလ၊ အကျွန်ုပ်ကို မစခြင်းငှါ အလျင်အမြန် ကြွလာတော်မူပါ။ အကျွန်ုပ်အသက်ကို ထားဘေးမှ၎င်း၊ အကျွန်ုပ် အချစ်ဆုံးကို ခွေးလက်မှ၎င်း ကယ်လွတ်တော်မူပါ။ ခြင်္သေ့ခံတွင်းမှ အကျွန်ုပ်ကိုကယ်တင်၍၊ ကြံ့ ဦးချိုထဲမှာ အကျွန်ုပ်ခေါ်သောအသံကို နားထောင်တော် မူပါ။
(ဆာလံ ၂၂း၁၉-၂၁)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဤကျမ်းပိုဒ်သည် ထာဝရဘုရားထံတော်သို့ ပြင်းထန်စွာ တောင်းလျောက်ခြင်းဖြစ်သည်။
၂။ ဆုတောင်းရာ၌ အနှုးအညွှတ်တောင်းပန်ခြင်းများလည်း ပါဝင်သည်။
၃။ ဆုတောင်းသောအချက်များမှာ-

က။ ဘုရားသခင်အတူပါရှိခြင်း၊
ခ။ ဘုရားသခင်မစခြင်း၊
ဂ။ ကယ်တင်မစခြင်းသည်လည်း ဆုတောင်းရမည့်အချက် ဖြစ်သည်။
ဃ။ ဆိုးဝါးသောသူတို့သည်

(၁) ခွေးရိုင်းများ၊
(၂) ခြင်္သေ့၊
(၃) ဦးချိုပါသော နွား၊ စသည်တို့နှင့် ခိုင်းနှိုင်းထားသည်။

င။ အန္တာရာယ်များမှာ-

(၁) များစွာသော ဆုံးရှုံးမှုဖြစ်စေသည်။
(၂) သေခြင်းပင် ဖြစ်စေနိုင်သည်။

၄။ အရေးတကြီး ဖော်ပြခြင်း

က။ ရန်သူသည် ဓါးကိုစွဲကိုင်နေလျက် ရှိသည်။
ခ။ လက်နက်အသုံးပြု၍ တိုက်ခိုက်မည့်အနေအထားကို ဖော်ပြသည်။

၅။ ဘုရားသခင်ကို ခေါ်တော်မူခြင်း

က။ ထာဝရဘုရားဟု၍လည်းကောင်း၊
ခ။ အကျွန်ုပ်ခွန်အားဗလဟူ၍လည်းကောင်း၊ ခေါ်သည်။

(၁) ခွန်အားဗလ၏ အရင်းအမြစ်၊
(၂) ခွန်အားပေးသောသူ၊

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ရန်သူများကြောင့် ရင်ဆိုင်ရသောပြဿနာများ

က။ အပြစ်တရားကြောင့် ရန်သူများလည်း ရှိကြသည်။
ခ။ အပြစ်သည် စိတ်နှလုံး၌ ကောက်ကျစ်ယုတ်မာခြင်းအဖြစ် ရှိသည်။
ဂ။ စိတ်နှလုံးသည် မကောင်းသောအမှုအရာများကို ကျူးလွန်ရန် အလွန်အလားအလာရှိသည်။

၂။ သစ္စာရှိရှိ ဆုတောင်းးခြင်း

က။ သစ္စာရှိရှိ ဆုတောင်းခြင်းအမှုသည် အလိုအလျောက်ပင် ဖြစ်ရမည်။
ခ။ ယုံကြည်ခြင်းနှင့်ကိုးစားခြင်းကို ပေါ်လွင်ထင်ရှားစေသော အကျင့်ဖြစ်ရမည်။
ဂ။ ဉာဏ်ပညာ ကြီးရင့်လာသည်နှင့်အမျှ ထိုသို့ ဆုတောင်းရမည်။

၃။ ခွန်အားဗလ
ဘုရားသခင်ထံတော်၌ အသနားခံတောင်းလျောက်ရမည့်အချက် ဖြစ်သည်။
ခွန်အားဗလမပါဘဲ၊ အဘယ်သူမျှ ထာဝရဘုရား၏အစေကို ထိရောက်စွာ မဆောင်ရွက်နိုင်။

 

ဆုတောင်းလျက်
ပါစတာချားလ်(စ်)တန်

To Contact : [email protected]