Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ ဖဖေါ်ဝါရီလ (၂၂)

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ ဖဖေါ်ဝါရီလ (၂၂)

 

ကျမ်းချက်။ ။ဆာလံ ၂၂

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
အကျွန်ုပ်မူကား၊ လူမဟုတ်၊ ပိုးကောင်မျှသာ ဖစ်ပါ၏။ လူများ ကဲ့ရဲ့စရာ၊ လူစုအရှက်ခွဲစရာဘို့ ဖစ်ပါ၏။ အကျွန်ုပ်ကိုမြင်သမျှသောသူတို့သည် ပက်ယယ်ပြုခြင်း၊ တ်ခမ်းဖြဲခြင်း၊ ခါင်းညိတ်ခြင်းကို ပြုကြပါ၏။သူသည် ထာဝရဘုရားကို ကိုးစားပြီ၊ သူ့ကို တ်တော်မူပါလေစေ။ သူ၌အလိုရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ဆိုကြပါ၏။
(ဆာလံ ၂၂း၆-၈)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဆာလံဆရာ၏ ရင်တွင်းခံစားချက်

က။ ပိုးကောင်မျှဖြစ်သည်ဟု ခံစားသည်။
ခ။ လူမဟုတ်ပါတကားဟု ခံစားမိသည်။

၂။ ဤခံစားချက်များသည် မရှိယနှင့်မသက်ဆိုင်

က။ လူ၏သားတော် (သခင်ခရစ်တော်)သည် ဤသို့ တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ပေ။
ခ။ ခရစ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်သည်ကို အမြဲတမ်း သိမှတ်စွဲလမ်းသည်။
ဂ။ ခရစ်တော်သည် ဘုရားသခင်၏တစ်ပါးတည်းသောသားတော်အဖြစ်ဂုဏ်ယူသော စိတ်နှင့် အစဉ်အမြဲ အသက်ရှင်သည်။

၃။ ရန်သူတို့၏ စာ်ကားမှုများ

က။ ဒါဝဒ်မင်းကြီးသည် သူ၏ရန်သူများကြောင့် ထိုသို့အမှန်ခံစားမိသည်။
ခ။ သူသည် ကြီးမားစွာ စိတ်ဓါတ်ကျနေခဲ့သည်။

၄။ ဒါဝဒ်မင်းကြီးခံရသော စာ်ကားမူများမှာ-

က။ ကဲ့ရဲ့ခြင်း၊
ခ။ လူတို့မှ အရှက်ခွဲခြင်း၊
ဂ။ ပက်ယယ် ပုခြင်း၊ တ်ခမ်းဖြဲခြင်း၊ စသည်တို့ဖြစ်သည်။

၅။ အလျှင်အမြန် ပာင်းလဲမှုတစ်ရပ်

က။ မိမိရင်တွင်းခံစားချက်မှ (ဆာလံ ၂၂း၆)
ခ။ မရှိယနှင့်ဆိုင်သော အချက်သို့ (ဆာလံ ၂၂း၇-၈)
ဂ။ ဤသို့ အလျှင်အမြန် ပာင်းရွေ့ခြင်းသည် သမာရိုးကျ မဟုတ်ဟု လုံး၀ မဆိုနိုင်။

၆။ လက်ဝါးကပ်တိုင်ပေါ်က သခင်ယေရှုုကို ရည်မှတ်ခြင်း

က။ ဘုရားသခင်ကို ကိုးစားသောကြောင့် လူတို့သည် သခင်ခရစ်တော်ကို ပက်ယယ်ပြု၍ သရော်ကြသည်။
ခ။ သခင်ယေရှုကို အန်တုဆန့်ကျင်ကြသည်။
ဂ။ ဘုရားသခင်က အကျွန်ုပ်အား ကယ်တင်တော်မူ ဟူသော ခရစ်တော်၏ ကြွးကြော်ချက်ကို စိန်ခေါ်ကြသည်။
ဃ။ မိမိသည် ဘုရားသခင်၏သားတော်ဖြစ်၍၊ ဘုရားသခင်သည်လည်း အကျွန်ုပ်အပေါ်၌ ကျေနပ်နှစ်သက်တော်မူသည် ဟု သခင်ယေရှုဆိုခဲ့သောကြာင့် ပက်ယယ်ပြုကြသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အကျွန်ုပ်တို့သည် ယုံကြည်ခြင်း၌ ခွန်အားကြီးကြရမည်။

က။ လူတို့သည် အကျွန်ုပ်တို့ကို သရော်ကြသောအခါ၊
ခ။ လူတို့သည် အကျွန်ုပ်တို့ကို အရှက်ခွဲကြသောအခါ၊
ဂ။ လူတို့သည် အကျွန်ုပ်တို့ကို ပက်ယယ်ပြုကြသောအခါ၊

၂။ သခင်ယေရှုခရစ်တော်၏ပုံသက်သေကို ကြည့်၍ ခွန်အားယူကြစို့။

က။ ယုံကြည်ခြင်းအပြည့်နှင့် အသက်ရှင်သည်။
ခ။ အဆုံးထိတိုင် သတ္တိရှိရှိ အသက်ရှင်သည်။
ဂ။ ခမည်းတော်ဘုရားသခင်ကို ကိုးစားခြင်းအမှု၌ အလွန်တရာမှ စိတ်ချလျက် ရှိသည်။

၃။ အကျွန်ုပ်တို့အသက်တာ၌ အားနည်းသောအချက်များကို ခိုင်ခံ့စေကြစို့။

အားကြီး၍ သတ္တိရှိသော ခရစ်တော်၏အစေခံများ ဖစ်ကြမည်အကြောင်း ကြိုးစားအားထုတ်ကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]