Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ ဇာန်နဝါရီလ (၄)

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ ဇာန်နဝါရီလ (၄)

 

ကျမ်းချက်။ ။ ဆာလံ ၂၁

ချစ်သောညီအစ်တိုတို့၊

ကောင်းမြတ်သော မင်္ဂလာတို့ကို အဦးပြု၍ ပေး တော်မူပြီ။ ရွှေစင်သရဖူကို သူ၏ခေါင်းပေါ်မှာ တင်တော် မူပြီ။ သူသည် အသက်ကိုဆတောင်း၍၊ ကိုယ်တော် သည်မသက်မက၊ ထာဝရဘုရားကို ပေးသနားတော်မူပြီ။
(ဆာလံ ၂၁:၃-၄)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဘုရင့်အပေါ် ဘုရားသခင်၏ကောင်းချီးမင်္ဂလာများ

က။ ကောင်းမြတ်သော မင်္ဂလာများ၊
ခ။ ကောင်းသော ကောင်းချီးမင်္ဂလာပေါင်းစုံကို ဆိုလိုသည်။

(၁) ဘုရားသခင်သည် ဘုရင်ကို ကောင်းသောအရာများစွာနှင့် ကောင်းချီးပေးသည်။
(၂) ဘုရားသခင်ပေးသောကောင်းချီးမင်္ဂလာများသည် သူ၏ကောင်းမြတ်ခြင်းမှ ဆင်းသက်လာကြသည်။

ဂ။ ဝိညာဉ်ရေးနှင့် စပ်ဆိုင်သော ကောင်းချီးမင်္ဂလာများလည်း ဖြစ်သည်။

(၁) တိုင်းပြည်ငြိမ်သက်ခြင်း၊
(၂) ရန်သူများဘေးမှ ကာကွယ်ခြင်း၊
(၃) တိုင်းပြည်၌ ဘုရားသခင်အတူပါရှိခြင်း၊

ဃ။ ရွှေစင်သရဖူ

(၁) ဘုရင်တစ်ပါး၏သင်္ကေတ ဖြစ်သည်။
(၂) ရွှေစင်သရဖူသည် ဘုရင်၏ကြီးမားသော ဂုဏ်သက္ခာကို ဆိုလိုသည်။
(၃) ဘုရားသခင်ပေးသော ရွှေစင်သရဖူသည် ကောင်းချီးမင်္ဂလာများ၏ ကြီးမြတ်ခြင်းကို ရုပ်လုံးဖော်သည်။
(၄) ဒါဝဒ်မင်း ခံစားရသော ဘုရားသခင်၏ကောင်းချီးမင်္ဂလာများသည် အလွန်တရာမှ ထင်ရှားပြောင်မြှောက်သည်။

၂။ သက်ရှည်မည်အကြောင်း ဆုတောင်းခြင်း

က။ အသက်ရှည်၍ အနာမဲ့မည်အကြောင်း တောင်းလျောက်ခြင်းသည် သဘာဝကျသည်။

(၁) ဘုရင်သော အသက်ရှည်သောအခါ မိမိ၏အုပ်စိုးခြင်းကို ကောင်းမွန်စွာ ထူထောင်နိုင်သည်။
(၂) ဘုရားသခင်၏အကြံအစည်များ အမှန်တကယ် ရပ်တည်ဖြစ်လာဖို့ နှစ်ရှည်လများစွာ လိုအပ်သည်။

ခ။ ဘုရားသခင်သည် ဂရုဏာနှင့် ဆုတောင်းချက်ကို တုံ့ပြန်တော်မူသည်

(၁) ဒါဝဒ်မင်းသည် နှစ်ပေါင်း (၄၀) တိုင် ဘုရင်အဖြစ် အုပ်ချုပ်ခဲ့သည်။
(၂) သူ၏အုပ်စိုးမှုကြောင့် က္ကုသရေလအမျိုးသည် နိုင်ငံတစ်ပါးအဖြစ် ရပ်တည်ခဲ့ရသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ကောင်းချီးမင်္ဂလာများကို ရှာဖွေခြင်း

က။ သဘဝကျသည်။
ခ။ ပစ္စည်းကောင်းချီးမင်္ဂလာများသာ မရှာဘဲ၊
ဂ။ ဝိညာဉ်နှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများလည်း ရှာဖွေကြစို့။

(၁) နားလည်သဘောပေါက်ခြင်း၊
(၂) ဉာဏ်ပညာ၊

၂။ ရှည်သောအသက်တာ

က။ အကျွန်ုပ်တို့၏ သက်တမ်း

(၁) အရည်အသွေးမှီသော အသက်တာမျိုး ပိုင်ဆိုင်ုဖို့ အကျွန်ုပ်တို့၌ တာဝန်ရှိသည်။
(၂) အရည်အသွေးမှီသောအသက်တာသည် သက်တမ်းပါ ရှည်စေသည်။

၃။ အသက်တာ၏ခွန်အား

က။ ခွန်အားရှိသော အသက်တာသည်လည်း အလွန်ပင်အရေးကြီးသည်။
ခ။ အသက်တာနှင့်အမှုတော်မြတ်အတွက် ရှင်သန်၍ ခွန်အားကြီးသောသူများ ဖြစ်မည်အကြောင်း ဆုတောင်းကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]