Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၇၊၇၊၂၀၂၀

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၇၊၇၊၂၀၂၀

ကျမ်းချက်။ ။ဆာလံ ၁ရး၁-၅

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
၁ရး၁ အိုထာဝရဘုရား၊ တရားသောဘက်မှာနေ၍ အကျွန်ုပ်အော်ဟစ်ခြင်းကို မှတ်တော်မူပါ။ မလှည့်စားတတ်သော နှုတ်နှင့် ဆုတောင်းသော ပဌနာစကားကို နားထောင်တော်မူပါ။-
၁ရး၂ ကိုယ်တော်တိုင် အကျွန်ုပ်ကို စီရင်၍ ဖြောင့်မတ်သောအရာကို ထောက်ရှုတော်မူပါ။-
၁ရး၃ အကျွန်ုပ်နှလုံးကို စစ်ဆေးတော်မူပါ။ ညဉ့်အခါ အကျွန်ုပ်ကို အကြည့်အရှုကြွလာတော်မူပါ။ အကျွန်ုပ်ကို စစ်ကြောသောအခါ အဘယ်အပြစ်ကိုမျှ တွေ့တော်မမူရာ။ အကျွန်ုပ် အကြံအစည်သည် အကျွန်ုပ်စကားနှင့် မခြားမနားပါ။-
၁ရး၄ လူပြုတတ်သော အမှုများမှာ၊ ဖျက်ဆီးတတ်သောသူ၏ လမ်းတို့ကို နှုတ်ကပတ်တော်အားဖြင့် အကျွန်ုပ်ရှောင်ပါပြီ။-
၁ရး၅ လမ်းခရီးတော်၌ အကျွန်ုပ်သွားစဉ်တွင် ခြေမချော်စေခြင်းငှါ ထောက်မတော်မူပါ။-
ဆာလံ ၁ရး၁-၅

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း
၁။ (ဟုတ်မှန်ကြောင်း) သက်သေထူပေးရန် တောင်းရှောက်ခြင်း
၂။ တရားရုံးတော်၌ အယူခံသည့်အလား ဖြစ်သည်။
က။ ဒါဝဒ်မင်းကို ဆန့်ကျင်သော ရန်သူများစွာ ရှိကြသည်။
ခ။ ဒါဝဒ်မင်းသည် ရန်သူတို့ကြောင့် အသက်အန္တရာယ်ရှိနေသည်။
ဂ။ ဒါဝဒ်မင်းသည် တရားသူကြီးဖြစ်သော ဘုရားသခင်ထံ၌ အယူခံသည်။
– ဘုရားသခင်သည် မှန်ကန်စွာ တရားစီရင်မည်ဟု ယုံကြည်သည်။
– ဘုရားသခင်သည် မမှန်ကန်သော စွပ်စွဲချက်များကို မှားကြောင်း
သက်သေထူပေးမည်ဟု မျှော်လင့်သည်။
၃။ ဒါဝဒ်မင်းသည် တရားသူကြီးမင်း ဘုရားသခင်ထံသို့ မိမိအသက်တာကို စစ်ဆေးရန် အပ်နှံသည်။
က။ သူ၏နှလုံးသားကို စစ်ဆေးရန် အပ်နှံသည်။
ခ။ ဘုရားသခင်သည် ညချိန်ခါ၌လည်း လာရောက် စစ်ဆေးနိုင်သည်။
ဂ။ သူ၏နှုတ်လျာပါးစပ်
– မိမိ၏နှုတ်လျာပါးစပ်ကို အလွှဲသုံးစားခြင်းမပြုရန် ဆုံးဖြတ်သည်။
– လှည့်ဖြားခြင်းနှင့် ကျိန်ဆဲခြင်းတို့ကို မပြုမိရန် ဆုံးဖြတ်သည်။
ဃ။ ဒါဝဒ်မင်းကို မိတ်ဆွေအပေါင်းအသင်းများ
– ဆိုးသောသူများနှင့် ပေါင်းဖော်ခြင်းမပြု။
– ဖျက်ဆီးတတ်သောသူများနှင့် ပေါင်းဖော်ခြင်းမပြု။
၄။ ဘုရားသခင်ထံတော်၌ ဆုတောင်းချက်များ
က။ ဘုရားသခင်သည် သူ (ဒါဝဒ်မင်းဋ္ဌ ၏ဆုတောင်းချက်များကို
နားညှောင်းတော်မူမည်။
ခ။ ဘုရားသခင်သည် သူ (ဒါဝဒ်မင်း)၏မှန်ကန်ကြောင်းကို သက်သေထူပေးမည်။
ဂ။ ဘုရားသခင်သည် သူ (ဒါဝဒ်မင်း)၏ ခြေကို မချော်မိစေရန် ထောက်မပေးမည်။

 

အသက်တာနှင့်အမူတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ ဆုတောင်းခြင်း
က။ အဓိပ္ပာယ်ရှိ၍လေးနက်သော ဆုတောင်းခြင်းအသက်တာကို ပျိုးထောင်ပါ။
ခ။ ဆုတောင်းခြင်းသည် ဘဝအသက်တာ၏ အရေးပါသောအစိတ်အပိုင်းဖြစ်ရမည်။
၂။ အကျွန်ုပ်တို့၏အသက်တာသည် စစ်ဆေးခြင်းခံရမည်။
က။ စိတ်နေစိတ်ထား၊
ခ။ နှုတ်လျာပါးစပ်၊
ဂ။ အပေါင်းအသင်း၊
ဃ။ ယုံကြည်သက်ဝင်မူ၊

 

ဆုတောင်းလျက်
ပါစတာချားလ်(စ်)တန်

To Contact : [email protected]