Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂ ၊ ဇနဝါရီလ (၂) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂ ၊ ဇနဝါရီလ (၂) ရက်

 

ချစ်သော ညီအစ်ကိုတို့၊

မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ
၂၀၂၂ နှစ်သည် သာ၍ အဓိပ္ပါယ်ရှိသော နှစ်ပါစေခြင်းငှါ ကြိုးစားနိုင်ကြပါစေ

ဆင်ခြင်နှလုံးသွင်းခြင်း
၁၇ ထိုကြောင့် သတိမရှိသောသူမဖြစ်၊ သခင်ဘုရား၏ အလိုတော်ရှိရာကို ပိုင်းခြင်း၍ သိသောသူ ဖြစ်ကြ လော့။
(ဧဖက် ၅း၁၇)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ထိုကြောင့် သတိမရှိသောသူမဖြစ်၊

က။ သတိမရှိသောသူ ဖြစ်ခြင်းသည်

(၁) အလွန်ဆိုးဝါးသော ပြဿနာဖြစ်သည်။
(၂) များစွာသောသူတို့သည် မိမိတို့ သတိမရှိသည်ကိုပင် မသိကြပေ။

ခ။ ရောမသြဝါဒစာ၌ ပေါလုရေးသားချက်များကို ပြန်အောက်မေ့ပါ။

၂၁ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို သိလျက်ပင်၊
ဘုရားသခင်ကိုချီးမွမ်းသင့်သည် အတိုင်း မချီးမွမ်းကျေးဇူးတော်ကိုလည်း
မသိမမှတ်၊ အချည်းနှီး တွေးဆခြင်း၊ သတိမရှိသောစိတ်နှလုံးကို
မိုက်မဲခြင်းသို့ ရောက်ကြ၏။

၂၂ ပညာရှိယောင်ဆောင်လျက်နှင့်
လူမိုက်အရာ၌ တည်ကြသည် ဖြစ်၍၊ (ရောမ ၁း၂၁-၂၂)

ဂ။ သတိမရှိခြင်းသည် အဘယ်နည်း။

(၁)ကျွန်ုပ်တို့သည် အချည်းနှီး တွေးဆသောအခါ၊
(၂) ကျွန်ုပ်တို့၏ သတိမရှိသောစိတ်နှလုံးသည် မိုက်မဲခြင်းသို့ ရောက်သော အခါ၊
(၃) ကျွန်ုပ်တို့သည် ပညာမရှိသော်လည်း ပညာရှိသည်ဟု ဝန်ခံသောအခါ၊
(၄) ကျွန်ုပ်တို့သည် လူမိုက်အရာ၌ တည်နေကြသည်။

ဃ။ ၂၀၂၂ ၌ ပညာကို အဓိကအားဖြင့် ရှာဖွေကြစို့။

၂။ သခင်ဘုရား၏ အလိုတော်ရှိရာကို ပိုင်းခြင်း၍ သိသောသူ ဖြစ်ကြ လော

က။ သခင်ဘုရား၏အလိုတော်သည် ဖွင့်ပြပြီး ဖြစ်သည်။

(၁) ဘုရားသခင်၏နှုတ်ကပတ်တော်၌
(၂) ကျွန်ုပ်တို့သည် ဘုရားသခင်၏အလိုတော်ကို သိနိုင်မည်အကြောင်း နှုတ်ကပတ်တော်ကို ပိုင်းခြား၍ ရှာဖွေရမည်။

ခ။ အဘယ်သို့ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ရှာဖွေရမည်နည်း။

(၁) အမြင်မှန် ရရှိခြင်းအားဖြင့်၊
(၂) ဝိညာဉ်တော်ဘုရားအားဖြင့်၊
(၃) ဆုတောင်းခြင်းအားဖြင့်၊

ဂ။ ဘုရားသခင်၏အလိုတော်ကို အမိအရ ရှာဖွေခြင်း

(၁) အဘယ်မျှလောက် အားစိုက်နိုင်သနည်း။
(၂) ဝိညာဉ်ရေး၌ အမှန်ရင့်ကျက်ခြင်းသည် အရေးပါ၍၊ မိမိတို့ကိုယ်တိုင်၏ အားစိုက်မှုပေါ်တွင် မူတည်နေသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အသင်းတော်အတွက် ဘုရားသခင်၏ ယေဘုယျ အလိုတော်

က။ ဗျာဒိ ၂-၃ ၌ တွေ့နိုင်သည်။
ခ။ အသင်းတော်ငါးပါးတို့သည် အပြစ်တင်ခြင်းနှင့် မကင်းလွတ်နိုင်ကြ။
သခင်ဘုရားသည် နောင်တရကြဖို့ရန် သတိပေးသည်။

ဂ။ အသင်းတော်နှစ်ပါးသာ သစ္စာရှိသည်ဟု အသိအမှတ်ပြုခြင်း ခံကြရသည်။

၂။ သင်းအုပ်ဆရာများအတွက် တိကျသော ဘုရားသခင်၏အလိုတော်

က။ သစ္စာရှိသောသူ၊
ခ။ ကျွမ်းကျင်သောသူ၊
ဂ။ အသီးသီးသောသူ၊

၃။ ၂၀၂၂ ခုနှစ်ကို ဘုရားသခင်ရှေ့တော်၌ စိတ်နှလုံးနှိမ့်ချစွာ ဆုတောင်းလျက် အစပြုခြင်း၂၀၂၂ ခုနှစ်၌ သတိရှိ၍ အသီးများစွာ သီးနိုင်ကြမည်အကြောင်း ဘုရားသခင်၏ အလိုတော်
ကို ရှာကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]