Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၄၈)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၄၈)

 

စိတ်ရှည်သည်းခံခြင်း ပုံသက်သေ

ညီအစ်ကိုတို့၊ စစ်ကြောစီရင်ခြင်းနှင့်ကင်းလွတ်မည်
အကြောင်း၊ အချင်းချင်းငြင်းခုံပြစ်တင်ခြင်းကို မပြု
ကြနှင့်။ တရားစီရင်ပိုင်သောသူသည် တံခါးနားမှာရှိ တော်မူ၏။
ငါ့ညီအစ်ကိုတို့၊ ထာဝရဘုရား၏ နာမတော်
ကို အမှီပြု၍ ဟောပြောသော ပုရောဖက်တို့သည်
ဆင်းရဲဒုက္ခတွေ့ခြင်၊ သည်းခံခြင်း ပုံသက်သေကို ပြကြပြီဟု မှတ်ကြလော့။ (ယာကုပ် ၅း၉-၁၀)

 

ညီအစ်ကိုတို့၊ စစ်ကြောစီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း…
၁။ စစ်ကြောစီရင်ခြင်း (ဂရိ-krino) သည် –

က။ ကလဲ့စားချေပြစ်တင်သည်၊
ခ။ ပြစ်တင်ရှုတ်ချသည်၊
ဂ။ ပြစ်ဒဏ်ချမှတ်သည် စသည်တို့ဖြစ်သည်။

၂။ ဤ စစ်ကြောစီရင်ခြင်းသည် –

က။ ယုံကြည်သူတို့ စီရင်အပ်သာအရာ မဟုတ်။ (ယာကုပ် ၄း၁၁)
ခ။ ဘုရားသခင်တပါးတည်းသည်သာ တရားသူကြီးဖြစ်သည်။ (ယာကုပ် ၄း၁၂)
ဂ။ သခင်ခရစ်တော်က တရားသူကြီးအဖြစ် စီရင်မည့်အမှု ဖြစ်သည်။
သူသည် မကြာခင် ကြွလာတော့မည် ဖြစ်သည်။ (ယာကုပ် ၅း၈-၉)

– တရားစီရင်ပိုင်သောသူသည် ခရစ်တော်ဖြစ်သည်။
– တံခါးနားမှာ ရှိတော်မူသည် ဟုဆိုရာ၌ မကြာမီ ပြန်ကြွလာမည်ကို ဖော်ပြခြင်း ဖြစ်သည်။

၃။ အထက်ပါ စစ်ကြောစီရင်ခြင်းနှင့် ကင်းလွတ်မည့်အကြောင်း –

က။ အချင်းချင်းပြစ်တင်ရှုတ်ချခြင်း မပြုကြရန် ဖြစ်သည်။
ခ။ အချင်းချင်းငြင်းခုံခြင်း မပြုကြရန် ဖြစ်သည်။ (ဖိလိ ၂း၁၄)

၄။ ထို့ကြောင့်၊ ယုံကြည်သူတို့သည် စိတ်ရှည်သည်းခံလျက် နေရမည်။
အခက်ခဲများကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ရမည်။ တစ်ယောက်ကိုတစ်ယောက် ပြစ်တင်ရှုတ်ချခြင်း၊ ငြင်းခုံခြင်း စသည်တို့ မရှိဘဲ တရားစီရင်ပိုင်သော သခင်ခရစ်တော်ကြွလာသည့်တိုင်အောင် မျှော်လင့်စောင့်စားနေနိုင်ရမည်။

 

ပရောဖက်တို့၏ ပုံသက်သေ
၁။ ပရောဖက်တို့သည် –

က။ ဘုရားသခင်ကို ကိုးစားသောသူများ၊
ခ။ ဘုရားသခင်၏နာမတော်ကို အမှီပြုသောသူများ၊
ဂ။ ဘုရားသခင်စေခိုင်းသည့်အတိုင်း ဟောပြာသက်သေခံသောသူများ၊ ဖြစ်ကြသည်။

၂။ ပရောဖက်တို့သည် –

က။ ဆင်းရဲဒုက္ခများစွာ ရင်ဆိုင်ရသည်။
ခ။ စိတ်ရှည်သည်းခံလျက် ဘုရားသခင်ကို ကိုးစားနေရသည်။
ဂ။ “ရှင်ဘုရင်၊ မင်းသား၊ ယဇ်ပုရောဟိတ်၊ ပြည်သူပြည်သား တည်းဟူသော တစ်နိုင်ငံလုံး” ကိုဆန့်ကျင်၍ ဘုရားခိုင်းသည့်အမှုတို့ကို ဆောင်ရွက်ရသည်။ (ယေရမိ ၁း၁၈)

၃။ ပရောဖက်တို့၏ ဆင်းရဲဒုက္ခခံခြင်းနှင့် သည်းခံခြင်းသည် အကျွန်ုပ်တို့
အတွက် –

က။ ပုံသက်သေ (ဂရိ-hupodeigma) ဖြစ်သည်။
ခ။ စံပြပုံစံ ဖြစ်သည်။
ဂ။ အတုယူရမည့် အသက်တာပုံသက်သေ ဖြစ်သည်။

၄။ စိတ်ရှည်သည်းခံခြင်းအမှုနှင့် စပ်လျဉ်း၍ ပရောဖက်တို့၏ ဆင်းရဲဒုက္ခံခြင်းနှင့် သည်းခံခြင်းသည် ကောင်းသောပုံသက်သေ ဖြစ်သည်။ ထိုများစွာသော ပုံသက်သေတို့ကို အတုယူ၍ စိတ်ရှည်သည်းခံနေခြင်းသည် ယုံကြည်ခြင်း၌ ကြွယ်ဝချမ်းသာရာလမ်း ဖြစ်သည်။