Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၄၉)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၄၉)

 

 

သည်းခံခြင်းသည် မင်္ဂလာ

သည်းခံနိုင်သောသူတို့သည် မင်္ဂလာရှိသောသူဟူ၍ ငါတို့သည်ခေါ်ကြ၏။ ယောဘသည် သည်းခံကြောင်းကို သင်တို့ကြားရကြပြီ။ ထာဝရဘုရားသည် မိမိအမှုကို လက်စသတ်တော်မူရာမှာ အလွန်သနားစုံမက် တော်မူကြောင်းကိုလည်း သိမြင်ရကြပြီ။

(ယာကုပ် ၅း၁၁)

 

သည်းခံနိုင်သောသူတို့သည် မင်္ဂလာရှိ…

၁။ သည်းခံ (ဂရိ-hupomeno) သည် –

က။ hupo (အောက်၌) +meno (နေသည်) တို့ပေါင်းစပ်ထားသည်။
ခ။ အောင့်အည်းသည်းခံ၍ ဆက်လက်တည်နေသည်။
ဂ။ စိတ်ရှည်စွာ သည်းခံသည်။

၂။ သည်းခံနိုင်သောသူသည် –

က။ အခက်ခဲကို အဆုံးထိ တည်ကြည်စွာ ခံနိုင်သောသူ၊
ခ။ စုံစမ်းစစ်ကြောခြင်းကို ကြံ့ကြံ့ခံ ကျော်ဖြတ်သောသူ၊
ဂ။ ယုံကြည်သည့်အတိုင်း အဆုံးထိ သစ္စာရှိသောသူ ကိုရည်ညွှန်းသည်။

၃။ ထို့သို့သာသူသည် –

က။ မင်္ဂလာရှိသောသူ ဖြစ်သည်။
ခ။ ဝမ်းမြောက်သောသူ ဖြစ်သည်။
ဂ။ မြင့်မြတ်သောသူဖြစ်သည်။
ဃ။ မင်္ဂလာရှိသောသူအဖြစ် သတ်မှတ်ခံရသောသူဖြစ်သည်။

 

ယောဘသည် သည်းခံကြောင်းကို…
၁။ အဆုံးထိ သည်းခံနိုင်သောသူများကို မင်္ဂလာရှိသောသူများအဖြစ် သတ်မှတ်ခေါ်တွင်ရခြင်းမှာ –

က။ သူတို့၏ အသက်တာကြောင့် ဖြစ်သည်။
ခ။ သူတို့အပေါ်၌ ဘုရားသခင်ပြုသောအမှုများကြောင့် ဖြစ်သည်။

၂။ ယောဘသည် စုံစမ်းစစ်ဆေးခြင်းကို အဆုံးထိ သည်းခံခဲ့သောသူ ဖြစ်သည်။

က။ ထိုအကြောင်းကို သမ်္မာကျမ်းစာ၌ ရေးသားထားသည်။
ခ။ ကျွန်ုပ်တို့သည် ထိုအကြောင်းကို ကြားသိထားပြီး ဖြစ်သည်။
ဂ။ ဓမ္မဟောင်း၌ ဖော်ပြထားသောအရာများသည် ကျွန်ုပ်တို့အဖို့ ရေးသားထားခြင်း ဖြစ်သည်။ (ရောမ ၁၅း၄)
ဃ။ ယောဘ၏ သည်းခံခြင်းသည်လည်း ကျွန်ုပ်တို့အဖို့ ရေးသားခြင်းဖြစ်သည်။

၃။ ယောဘကဲ့သို့ သစ္စာတရားနှင့်တကွ အဆုံးထိ တည်ကြည်ကြရမည်။
အဆုံးထိ ဆင်းရဲခြင်းဒုက္ခအမျိုးမျိုးကို သည်းခံနိုင်ကြရမည်။

 

ထာဝရဘုရားသည်ရအလွန်သနားစုံမက်တော်မူကြောင်းကို…
၁။ ထိုသို့ အဆုံးထိ သည်းခံခြင်းသည် အချည်းနှီးမဖြစ်နိုင်ရာ။
၂။ ဘုရားသခင်သည် အမှုကိုလက်စသတ်တော်မူသောအခါ အလွန်သနားစုံမက်ခြင်းကို ပြတော်မူသည်။

က။ ယောဘသည် နှစ်ဆသော ကောင်းချီးမင်္ဂလာများကို ပြန်လည်ရရှိခဲ့သည်။
ခ။ ယောဘသည် ဘုရားသခင်ကိုလည်း ပို၍ (နှစ်ဆ) ရှင်းလင်းစွာ သိကျွမ်းခွင့် ရရှိခဲ့သည်။

၃။ ထာဝရဘုရားသခင်သည် –

က။ အလွန်ပင် သနားတတ်သောသူ (ဂရိ-polus (အလွန်၊အများကြီး) +sphagchnos (သနားခြင်း၊ ညှာတာခြင်းကရုဏာ) ဖြစ်သည်။
ခ။ သနားခြင်းကရုဏာပြုတတ်သောသူ (ဂရိ-oiktimon) ဖြစ်သည်။
ဂ။ ဆရာကြီးယုဒသန်သည် အထက်ပါ စကားလုံးနှစ်လုံးကိုပေါင်းစပ်ပြီး “အလွန်သနားစုံမက်” သည်ဟု ပြန်ဆိုခဲ့သည်။
ဃ။ အနက်အဓိပ်္ပာယ်တူသော စကားလုံးနှစ်လုံးကို နီးကပ်စွာအသုံးပြုခြင်းသည် ဘုရားသခင်၏ သနားစုံမက်တတ်ခြင်း၊ သနား၍
ကရုဏာပြတတ်သောသဘောကို လေးနက်စွာ ဖော်ပြလိုသောကြောင့် ဖြစ်သည်။

၄။ ယောဘ၏ သည်းခံခြင်းအားဖြင့် ထာဝရဘုရားသခင်၏ အလွန်သနားစုံမက်တတ်ခြင်းမှာ မျက်ဝါးထင်ထင် ထင်ရှားလျှက် ရှိသည်။ ယုံကြည်ခြင်းကြောင့် ဆုံးခန်းတိုင်အောင် သည်းခံခြင်းသည် အမှန်ပင် မင်္ဂလာရှိသည်မှာ ငြင်းဖွယ်မရှိပါ။ သခင်ယေရှုကလည်း “အဆုံးထိ တည်ကြည်သောသူသာလျှင် ကယ်တင်ခြင်းသို့ ရောက်မည်ဟု” မိန့်တော်မူခဲ့သည်။ (မာကု ၁၃း၁၃)